မင်းသား ဆောင်းဂျောင်ကီ “Battleship Island” ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

မင်းသား ဆောင်းဂျောင်ကီ “Battleship Island” ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ် ၊ ဇူလိုင် ၂၄ ။        ။ ကိုရီးယား ရုပ်ရှင်ထုတ်လုပ်သူ Ryu Seung- wan ၏ မကြာမီ ထုတ်လွှင့်ပြသမည့် “Battleship Island” ရုပ်ရှင်ကားရိုက်ကူးရေးကို မြောက်ပိုင်း   ချောင်ချမ်းပြည်နယ် ချောင်ဂျီမြို့တွင် စတင်ခဲ့သည်။

“Battleship Island”  ဇာတ်ကားသည် နာမည်ကြီးအနုပညာရှင်များ ပါဝင်ပြီး သမိုင်းကြောင်း ကို အခြေခံထားသည့် ဇာတ်ကားဖြစ်ခြင်းကြောင့် ပရိသတ်များ၏ အာရုံစိုက်မှုကို ရရှိထားသည်။

၁၉၄၀ ပြည့်လွန်နှစ်အတွင်း ဟာရှီးမားကျွန်းတွင် ကိုရီးယားလူမျိုးများ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရသည့် အကြောင်းကို အခြေခံရိုက်ကူးမည့် ရုပ်ရှင်ကားဖြစ်သည်။ အဆိုပါရုပ်ရှင်ကားတွင် ဟာရှီးမားကျွန်းမှ လွှတ်မြောက်ရန် ကြိုးပမ်းသည့် လူ ၄၀၀ ဦးအကြောင်းလည်း ပါဝင်မည် ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ကားတွင် ထိပ်တန်း သရုပ်ဆောင်များဖြစ်သော ဟောင်ဂျောင်မင်၊ ဆောင်းဂျောင်ကီနှင့် ဆိုဂျီဆပ်တို့သည် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဟောင်သည် မိသားစုကို ထောက်ပံ့ရန်အတွက် ဂျပန်နိုင်ငံတွင် အလုပ်တစ်ခုလုပ်ချင်သော ဂီတမှူး လီကောင်အိုခ်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ဆောင်းသည် ကျွန်းပေါ်မှ ပြည်သူများကို ကယ်ဆယ်ရန် ကြိုးပမ်းသည့် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမား ပက်ခ်မိုယောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဆိုသည် ကျော်ကြားသော ထိပ်တန်းတိုက်ခိုက်ရေးသမား ချိုချီလ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားကို လာမည့်နှစ်တွင် ရုပ်ရှင်ရုံများ၌ ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly