ပါကစ္စတန် အဆိုတော် အမ်ဂျက်ဒ်ဆာဘရီ ကရာချီမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန် အဆိုတော် အမ်ဂျက်ဒ်ဆာဘရီ ကရာချီမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

နယူးယော့ခ်၊ ဇွန် ၂၃ ။                ။ ပါကစ္စတန်နိုင်ငံ၏ ကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်သူ အမ်ဂျက်ဒ်ဆာဘရီသည် ကရာ ချီမြို့ တောင်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

လူသွားလူလာများသော Liaqatabad ဒေသတွင် အဆိုတော် အမ်ဂျက်ဒ်ဆာဘရီ၏ ကားကို သေနတ်သမားနှစ်ဦးက ပစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆေးရုံသို့ ပို့ဆောင်ရာတွင် လမ်း၌ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အသက် ၄၅ နှစ်အရွယ်ရှိ ဆာဘရီသည် Sufi ဘာသာရေးတေးသီချင်း ‘quwwali’ ကို သီဆို သော အရှေ့တောင်အာရှ၏ နာမည်ကြီးအဆိုတော်များအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

ကရာချီမြို့တောင်ပိုင်း လူသွားလူလားများသော Liaquatabad ဒေသရှိ တံတားပေါ်တွင် ဆာဘရီကားကို မောင်းနှင်နေစဉ် မော်တော်ဆိုင်ကယ်စီးလားသော သေနတ်သမားနှစ်ဦးက ၎င်း၏ ကားလေကာမှန်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆာဘရီနှင့်အတူ လိုက်ပါလာသော ဆွေမျိုး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

“မော်တော်ဆိုင်ကယ် စီးနင်းလာသော တိုက်ခိုက်ရေးသမားနှစ်ဦးဟာ ဆာဘရီရဲ့ကားကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်။ အမ်ဂျက်ဒ်ဆာဘရိကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု ရဲတပ်ဖွဲ အကြီးအကဲက ပြောကြားသည်။

ဆာဘရီ၏ သားဖြစ်သူ Sindh တရားရုံးချုပ် တရားသူကြီး အကြီးအကဲ ဆာဂျက်ဒ်အလီရှာ ဇွန် ၂၀ ရက်က စီးတီးစူပါးမားကတ် ပြင်ပတွင် ပြန်ပေးဆွဲခံရပြီးနောက် နှစ်ရက်အကြာတွင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly