ဖိလစ်ပိုင်နှင့် တရုတ်ကြား တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှု နိုင်ငံတကာပြစ်မှုတရားရုံး စတင်ကြားနာ

ဖိလစ်ပိုင်နှင့် တရုတ်ကြား တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှု နိုင်ငံတကာပြစ်မှုတရားရုံး စတင်ကြားနာ

ဘရပ်ဆဲလ်၊ ဇူလိုင် ၇ ။       ။ ၂၀၁၃ခုနှစ်က ဖိလစ်ပိုင်က အမှုတွဲဖွင့်ခဲ့သော အမှုတစ်ခုတွင် တရုတ်က ပါဝင်ရန် တရားဝင်ငြင်း ဆိုခဲ့သော်လည်း အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်ကြောင်းတရုတ်၏ ပြောကြားချက်များကို ဇူလိုင် ၇တွင် ပထမ ဆုံးအကြိမ် နိုင်ငံတကာတရားရေးစိစစ်မှုအောက်သို့ ရောက်လာတော့မည်ဖြစ်သည်။

သည်ဟိတ်ဂ်ရှိ ကုလခုံရုံး၏ အမိန့်တစ်ခုသည် ရေမိုင် ၂၀၀ အတွင်းရှိ သီးသန့်စီးပွားရေးဇုန်တွင် မည်သူကပိုင်ဆိုင်ခွင့်ရှိသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ ယင်းဒေသအတွင်း သင်္ဘောဖြင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅ ထရီလီယံတန်ဘိုး နှစ်စဉ်ဖြတ်သန်း လျက်ရှိသည်။

အငြင်းပွားရေပြင် အထူးသဖြင့် စပရက်တလီကျွန်းစုတွင် တင်းမာမှုများမြင့်တက်လာမှုကို အာရှနှင့် ဝါရှင်တန် ခေါင်းဆောင်များက အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ စပရက်တလီကျွန်းတွင် တရုတ်က ကျွန်းတု ၇ခုဆောက်လုပ်လျက်ရှိသည်။

  ဖိလစ်ပိုင်က ၎င်း၏ သီးသန့်စီးပွားရေးဇုန်တွင် ပါဝင်သည်ဟု ယူဆထားသော ရေလမ်းကြောင်းများနှင့် သန္တာကျွန်းတန်းများကို တရုတ်က ၎င်းပိုင်သည်ဟု ပြောကြားနေသည်။ ၎င်းနေရာများတွင် ငါးသယံဇာတနှင့် စွမ်းအင်သိုက်များကြွယ်ဝနေသည်။

တရုတ်က ပြောဆိုနေသော အစက်ကိုးစက်ပါလိုင်းအတိုင်းပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားမှုမှာ ပင်လယ်ပြင်ဥပဒေအရ တရားမဝင်ကြောင်း ဖိလစ်ပိုင်အဖွဲ့က ပြောကြားမည်ဖြစ်သည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့က ပိုင်ဆိုင်ကြောင်းပြောကြားထားမှုများကို တရုတ်၏ အစက်ကိုးစက်လိုင်း က ဖြတ်တောက်လျက်ရှိသည်။

ဖိလစ်ပိုင်ကို အသာပေးမည့် တရားရုံး၏ ဆုံးဖြတ်ချက်မှန်သမျှ တရုတ်က ပယ်ချလိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly