နောက်ဆုံးဒုံးကျည်စမ်းသပ်မှုက အမေရိကန်ကို တိုက်နိုင်စွမ်းကို ပြဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော

နောက်ဆုံးဒုံးကျည်စမ်းသပ်မှုက အမေရိကန်ကို တိုက်နိုင်စွမ်းကို ပြဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော

ပြုံယမ်း၊ ဇွန် ၂၃ ။              ။ မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးစမ်းသပ်ခဲ့သော ဒုံးကျည်ပစ်လွှတ်မှုက အမေရိကန်၏ အကျိုးစီးပွားကို တိုက်ခိုက်နိုင်စွမ်းအား ကျိန်းသေပြသလိုက်ခြင်းဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံးအွန်က ပြောသည်။

ဇွန် ၂၂ ရက်က Musudan ဒုံးကျည်များဖြစ်ဖွယ်ရှိသည့် ဒုံးကျည်နှစ်စင်းစမ်းသပ်ပြီးနောက် ကင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပထမဒုံးကျည်က စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး ဒုတိယမြောက်ဒုံးကျည်မှာ အမြင့်ကီလိုမီတာ ၁၀၀၀ မှ အကွာအဝေး မိုင် ၂၅၀ ခန့်အထိ ရောက်ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားက ပြောသည်။
ယင်းဒုံးကျည်နှစ်စင်းစမ်းသပ်မှုနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် ကုလသမဂ္ဂက အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိသည်။

ယခုဒုံးကျည်များ စမ်းသပ်ခြင်းက မြောက်ကိုရီးယား၏ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းကို ပေါ်ပေါ်တင်တင် ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်သည်။
ဒုံးကျည်စမ်းသပ်မှုများကို ပတ်ဝန်းကျင်နိုင်ငံများ အန္တရာယ်မဖြစ်စေခဲ့ဘဲ စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly