အိန္ဒိယတွင် ကျေးလက်နေလူဦးရေ၏ ထက်ဝက်မှာ ပုံမှန်ဝင်ငွေမရှိဘဲ နေထိုင်နေရ

အိန္ဒိယတွင် ကျေးလက်နေလူဦးရေ၏ ထက်ဝက်မှာ ပုံမှန်ဝင်ငွေမရှိဘဲ နေထိုင်နေရ

နယူးဒေလီ၊ ဇူလိုင်၇ ။       ။ အိန္ဒိယတွင် ကျေးလက်နေ လူဦးရေ၏ ထက်ဝက်ဝန်းကျင်မှာ ပုံမှန်ဝင်ငွေမရှိဘဲနေထိုင်နေရပြီး မိသားစုအရေအတွက် ၅၃ဒသမ၇သန်းမှာ မည်သည့်မြေယာမှ ပိုင်ဆိုင်မှုမရှိဘဲ ကာယဖြင့်သာငွေရှာနေရသည်ဟု လူမှုစီးပွား အချက်အလက်များကိုကောက်ယူသည့် Socio-Economic Caste Cencus (SECC) 2011 အဖွဲ့က မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။

ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာနက ၂၀၁၁ခုနှစ်တွင် စတင်ခဲ့သော SECC သည် အိန္ဒိယနိုင်ငံတစ်ဝန်း ကျေးလက်နှင့် မြို့ပြ အိမ်ထောင်စုများ၏ လူမှုစီးပွားအဆင့်ကိုလေ့လာခဲ့သည်။ လေ့လာမှုအရ အိန္ဒိယတွင် ကျေးလက်အိမ်ထောင်စု ၁၇၉သန်းကျော် ရှိပြီး ယင်းအရေအတွက်အနက် ၂၃ဒသမ၇သန်းမှာ သစ်သား၊ ရွှံ့၊ကောက်ရိုးနှင့် သစ်ရွက်ခြောက်များဖြင့် ပြုလုပ်ထားသော အခန်းတစ်ခုပါအိမ်များဖြင့် နေထိုင်ကြရသည်။

ကျေးလက်ဒေသ၏ လူဦးရေ ၅၁ဒသမ၁၄ရာခိုင်နှုန်းမှာ လက်လှုပ်မှပါးစပ်လှုပ်ရသည့်အနေအထားဖြစ်ပြီး ကျန် ၅၄သန်းနီးပါး ရှိအိမ်ထောင်စုများမှာ စိုက်ပျိုးရေးကိုသာ အားထားနေရသည်။

အစီအရင်ခံစာပေါ်ထွက်ပြီးနောက် ၎င်း၏ဝန်ကြီးဋ္ဌာနအနေဖြင့် အဆင်းရဲဆုံးသူများကို ပစ်မှတ်ထားဖြေရှင်းသည့် ပေါ်လစီများကို ကျင့်သုံးသွားမည် ဘဏ္ဍာရေးဝန်ကြီး အေရွန်ဂျိတ်လေက ကတိပြုခဲ့သည်။ အာဏာရ ဘီဂျေပီပါတီမှ အခြားအဖွဲ့ဝင်များကမူ ယခင်ကွန်ဂရက်ဦးဆောင်သော အစိုးရအဖွဲ့၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအစီအစဉ်များကို ကိုင်တွယ်ရာတွင် မှားယွင်းမှုများကို အပြစ်ဖို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly