၀ဿ န်ရုပ်ရှင်ပွဲတော်တွင် ချီးမြှင့်မည့် ဆု ၃ ဆု အတွက် ကမကထပြုထောက်ပံ့သူများကလည်း ဆုများ ထပ်မံ ချီးမြှင့်မည်

၀ဿ န်ရုပ်ရှင်ပွဲတော်တွင် ချီးမြှင့်မည့် ဆု ၃ ဆု အတွက် ကမကထပြုထောက်ပံ့သူများကလည်း ဆုများ ထပ်မံ ချီးမြှင့်မည်

ရန်ကုန်၊ ဇူလိုင် ၇ ။    ။ ပဉ္စမအကြိမ်မြောက် ကျင်းပမည့် ဝဿန် ရုပ်ရှင်ပွဲတော် Best Short Film Award နှင့် Best Documentary Film Award ဆု ရရှိသူကို ဝဿန် ရုပ်ရှင်ပွဲတော်၏ အဓိကထောက်ပံ့သူဖြစ်သည့် Black Magic Design က အမေရိကန်ဒေါ်လာ ၇,၁၅၀ တန်ဖိုးရှိ Black Magic URSA PL 4k ကင်မရာတစ်လုံးစီ ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဝဿန် ရုပ်ရှင်ပွဲတော် ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

ဝဿန် ရုပ်ရှင်ပွဲတော်တွင် ချီးမြှင့်မည့် New Version Award ဆု ရရှိသူကိုလည်း ပွဲတော်၏ ပူးတွဲထောက်ပံ့သူဖြစ် သည့် SS HD Solutions က အမေရိကန်ဒေါ်လာ ၁,၈၅၀ တန်ဖိုးရှိ Ultra Studio Pro(Playback & Capture using USB 3.0) တစ်ခုနှင့် Black Magic Production Camera 4k Package (၁၀ ဂျူတီစာ) အခမဲ့ ငှားရမ်း အသုံးပြုခွင့်တို့ကို ထပ်မံ ချီးမြှင့်ပေးသွား မည် ဖြစ်သည်။

ရုပ်ရှင်ပွဲတော်တွင် Best Documentary Award ၊ Best Short Film Award ၊ New Version Award စသည့် ဆု ၃ ဆုကို ချီးမြှင့်မည် ဖြစ်ပြီး ထိုဆုများကို ပြည်တွင်းပြည်ပ အနုပညာရှင်များက ရွေးချယ် ချီးမြှင့်ပေးသွားမည် ဖြစ် သည်။

ပဉ္စမ အကြိမ်မြောက် ကျင်းပမည့် ဝဿ     န်ရုပ်ရှင် ပွဲတော်ကို စက်တင်ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲဝင် ဇာတ်ကားများကို ဝဿန် ရုပ်ရှင်ပွဲတော်က လက်ခံလျက်ရှိသည်။  

ပြိုင်ပွဲဝင် ဇာတ်ကားများကို ယခင်က ဇွန်လ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရန် ကြေညာထားသော်လည်း လက်ရှိ တွင် ပြိုင်ပွဲဝင်များအတွက် ဇူလိုင်လ ၁၅ ရက်ထိ ရက်တိုးပေးထားကြောင်း ဝဿန် ရုပ်ရှင်ပွဲတော် ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြ ထားသည်။

ပွဲတော် အတွက် ရုပ်ရှင်ကားများ ရွေးချယ်ရာတွင် အဓိကအားဖြင့် ပင်မရေစီးကြောင်း၊ ဈေးကွက်ဝင် ရုပ်ရှင်များနှင့် မတူဘဲ ခွဲထွက်သည့်(ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ တင်ပြမှုပုံစံ၊ သရုပ်ဆောင်စသည်) ရုပ်ရှင်များကို ဦးစားပေးရွေးချယ် မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly