ရုပ်ပိုင်းဆိုင်ရာသာမကဘဲ အသိပညာပိုင်းဆိုင်ရာ အကူအညီများပေးရန် ပြည်ပနိုင်ငံများအား ဒေါ်အောင်ဆန်းစုကြည်ပြော

ရုပ်ပိုင်းဆိုင်ရာသာမကဘဲ အသိပညာပိုင်းဆိုင်ရာ အကူအညီများပေးရန် ပြည်ပနိုင်ငံများအား ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

နေပြည်တော်(ဇွန်လ ၂၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ပနိုင်ငံများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးစေလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနေရကြောင်း၊ ကျား/မ တန်းတူညီတူဖွံ့ဖြိုးတိုးတက်မှုရှိရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးမှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်မှုယန္တရားအား ကောင်းမွန်ဖွ့ွံဖြိုးပြီး Good Governance ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ Kempinski Hotelတွင် ဇွန်လ ၂၁ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သော World Bank Group အုပ်စုဝင် International Development Association ၏ "IDA- 182 th Replenishment Meeting" တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

International Development Association သည် World Bankအုပ်စုဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၃နိုင်ငံမှ ရှယ်ရာဝင်များအဖြစ် ပါဝင်ပါသည်။

၎င်းအဖွဲ့အနေဖြင့် ကမ္ဘာ့ဝင်ငွေအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူရှိရေးနှင့် ပြည်သူများ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရေးဆိုင်ရာ စီမံချက်များအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly