တုံခါလမ်းခွဲမှ မောတောင်လမ်း စီမံကိန်းအတွက် ဒေါ်လာ (၁၀) သန်းခန့်ကုန်ကျခံ၍ BOT စနစ်ဖြင့် ဖောက်လုပ်မည်

တုံခါလမ်းခွဲမှ မောတောင်လမ်း စီမံကိန်းအတွက် ဒေါ်လာ (၁၀) သန်းခန့်ကုန်ကျခံ၍ BOT စနစ်ဖြင့် ဖောက်လုပ်မည်

မြိတ်၊ ဇွန် - ၁၉ ။          ။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တုံခါလမ်းခွဲမှ မောတောင်လမ်းဖောက်လုပ်ရေး စီမံကိန်းအဖြစ် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်မှ ဒေါ်လာ(၁၀)သန်းခန့် အကုန်အကျခံ၍ BOT စနစ်ဖြင့် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နယ်စပ်မောတောင်ကို သွားဖို့ ဒီလမ်းဖောက်လုပ်ပြီးတဲ့အချိန်ကျမှ အဆင်ပြေမယ်ဆိုတော့ ခုလိုမျိုး BOT စနစ်နဲ့ ဖောက်လုပ်ဖို့ ဖြစ်လာတာပါ။ ကုန်သွယ်မှုမြန်ဆန်ဖို့က လမ်းကောင်းဖို့နဲ့ နယ်စပ်ဂိတ်ဖွင့်ဖို့ဆိုတာ တွေနဲ့ဆက်စပ်နေပါ တယ်” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ဥက္ကဌ ဦးလှသန်းက ပြောသည်။

တနင်္သာရီမှ တုံခါလမ်းခွဲအထိ (၁၄)မိုင် ရှိပြီး အဆိုပါလမ်းပိုင်းသည် ပြည်ထောင်စုလမ်းမကြီး အပိုင်းဖြစ်သည့်အတွက် ၎င်းတို့ လီမိတက်အနေဖြင့် တုံခါလမ်းခွဲမှ မောတောင်အထိ (၅၅ မိုင် ၄ ဖာလုံ)တာဝန်ယူ ဖောက်လုပ်သွားမည်ဖြစ်သည်။

ဘီအိုတီစနစ်ဖြစ်သည့်အတွက် လမ်းကြီးပြီးစီးသွားပါက လမ်းတံတားဖြတ်သန်းခ အခွန်အခများ ကောက်ခံရယူ သွားရန် အတွက် ခွင့်ပြုချက်လည်းရရှိထားပြီဟု ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။

မောတောင်လမ်းသည် တုံခါလမ်းခွဲမှ-မောတောင်အထိ မြေသားလမ်းအဆင့်သာရှိနေခဲ့ပြီး လမ်းစတင်ပြုလုပ်ပါက ပထမအဆင့်အနေဖြင့် နှစ်လမ်းသွားအဖြစ် (၁၈ ပေ)ဖောက်လုပ်မည်ဖြစ်ပြီး လေးလမ်းသွားအဆင့်ထိ ထပ်မံတိုးချဲ့ သွားရမည့်အနေအထားဖြစ်ကြောင်း အဆိုပါလီမိတက်၏ ရှယ်ယာဝင်တစ်ဦးက ဆိုသည်။

မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဒုတိယအကြိမ်အစုရှယ်ယာရှင်များ စုံညီအထွေထွေအစည်းအဝေးအခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့က မြိတ်မြို့ရှိ ပုလဲသန္တာ ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြိတ်အများ ပိုင်ကော်ပိုရေးရှင်း လီမိတက်သည် ၂၀၁၂-၂၀၁၃ မှ စ၍ လုပ်ငန်းစတင်လုပ်ကိုင်ခွင့် ရရှိထားကာ ကုမ္ပဏီ သတ်မှတ်မတည်ငွေမှာ ကျပ်သန်းပေါင်း(၅၀၀၀၀)ဖြစ်ပြီး မြိတ်ခရိုင်တွင် အကြီးစား စီမံကိန်းလုပ်ငန်း (၁၁)ကျော်ခန့်ကို ဆောင်ရွက်လုပ်ကိုင်ခွင့်ရနေသည့် လီမိတက်တစ်ခုဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags