စီရော်နယ်ဒိုရဲ့ ဖူးစာအသစ်လေလား

စီရော်နယ်ဒိုရဲ့ ဖူးစာအသစ်လေလား

လက်စ်ဗီးဂက်စ်၊ ဇူလိုင် ၇။ ။ ရုရှမော်ဒယ် အီရီနာရှက်ခ်နဲ့ ပြတ်ဆဲခဲ့ပြီးနောက်မှာ စီရော်နယ်ဒိုရဲ့ မရိုးနိုင်တဲ့ အချစ်ဇာတ်လမ်းသစ် အမျိုးမျိုးကို ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခုမှ တိတိကျကျ မရှိခဲ့ပါဘူး။

အခုထပ်မံထွက်ပေါ်လာတဲ့ ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ မတူပဲ နည်းနည်းဆန်းပြားပါတယ်။ လက်စ်ဗီးဂက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက စီရော်နယ်ဒိုဟာ လက်စ်ဗီးဂက်မှာ အားလပ်ရက်အနားယူနေခဲ့ပါတယ်။ အဲ့ဒီကာလမှာပဲ အော်စတင်မီလန်လို့ အမည်ရတဲ့ ရွှေအိုရောင်ဆံပင်နဲ့ မိန်းမချောလေးဟာလည်း စီရော်နယ်ဒိုလိုပဲ လက်စ်ဗီးဂက်မှာ အားလပ်ရက် အနားယူနေခဲ့ပါတယ်။

ဇာတ်လမ်းအစကတော့ အော်စတင်ရဲ့ မိုဖိုင်းဖုန်း ပျောက်သွားရာကစခဲ့တာပါ။ ဒီဖုန်းကို ကောက်ရခဲ့တဲ့ စီရော်နယ်ဒိုက ဖုန်းပိုင်ရှင်ကို ပြန်ပေးဖို့ ဆက်သွယ်ခဲ့ရာမှာ လှပတဲ့ အော်စတင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဖုန်းကို ပြန်ပေးရင်း စီရော်နယ်ဒိုဟာ အော်စတင်နဲ့ အတူ ညစာသုံးဆောင်ခဲ့ပါတယ်။

ညစာသုံးဆောင်ပြီးတဲ့နောက် အော်စတင်က စီရော်နယ်ဒိုကို အမှတ်တရ အနမ်းပေးခဲ့ပါတယ်။ ဒီဓာတ်ပုံနဲ့အတူ အွန်လိုင်းမှာ အော်စတင်ရေးခဲ့တဲ့စာကတော့ 'ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ဖုန်းပျောက်သွားခဲ့တာက သတင်းဆိုးပါ။ သတင်းကောင်းကတော့ အဲ့ဒီဖုန်းကို စီရော်နယ်ဒိုက ကောက်ရခဲ့တာပါပဲ။ ပိုပြီးကောင်းတဲ့ သတင်းကတော့ စီရော်နယ်ဒိုက ကျွန်မတို့နဲ့အတူ ပြီးခဲ့တဲ့ညက ညစာအတူစားခဲ့တာပါပဲ' ဆိုတဲ့ စာသားဖြစ်ပါတယ်။

အနောက်တိုင်းမှာ အနမ်းပေးတယ်ဆိုတာက ထူးဆန်းတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ အော်စတင်က အနမ်းပေးခဲ့ချိန်မှာ သူမရဲ့စိတ်ထဲ ဘယ်လိုရှိခဲ့ပြီး စီရော်နယ်ဒိုက ဘယ်လိုခံစားခဲ့သလဲ ဆိုတာကတော့ ကာယကံရှင်တွေပဲ သိပါလိ့မ်မယ်။

Ref : 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly