ယောဂနေ့ အခမ်းအနား အိန္ဒိယသံရုံး နှင့် အစိုးရ ပူးပေါင်းကျင်းပ

ယောဂနေ့ အခမ်းအနား အိန္ဒိယသံရုံး နှင့် အစိုးရ ပူးပေါင်းကျင်းပ
ဓာတ်ပုံ-သူရ မဇ္ဈိမ
 

ရန်ကုန်၊ ဇွန်   ၁၉ ။               ။ အိန္ဒိယသံရုံး(ရန်ကုန်) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ''ယောဂ''နေ့ အခမ်းအနားကို ဇွန်လ (၁၉)ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည်။

"ယောဂ ဆိုတာ လေ့ကျင့်ခန်းတစ်ခုမဟုတ်ပါဘူး။ ယောဂ လေ့ကျင့်ခြင်းဖြင့် စိတ်ကို တည်ငြိမ်စေပါတယ်။ စိတ်နဲ့ ခန္တကိုယ်အတွေးနဲ့ လှုပ်ရှားမှုကို ဟန်ချက်ညီအောင် လုပ်ပေးတာပါ။ ယောဂက စိတ်တည်ငြိမ်မှုကို ပေးစွမ်းပါတယ်။ ချုပ်တည်မှု ကန့်သတ်မှု သဘာဝကို ဟန့်ချက်ညီအောင်လုပ်ပေးတာပါ"ဟု  အိန္ဒိယ သံရုံးမှ ဒုတိယ အကြီးအကဲ ဘီရှမ်း(မ) Deputy Chief of Mission က ယင်းပွဲတွင်ပြောသည်။

ယောဂ စင်တာ ၂၃ ခုပါဝင် သရုပ်ပြပွဲ တွင် သံပြိုင်ရွှတ်ဆိုခြင်း၊ နေမင်းအား ဦးညွှတ်ခြင်း၊ အဆင့်မြင့် ယောဂ လေ့ကျင့်ခန်း များဖြင့် သရုပ်ပြခြင်းများကိုပြုလုပ်ကျင်းပခဲ့သည်။ ယောဂ စင်တာ  ၂၃ ခုမှ သင်တန်းသား အယောက် ၄၀၀ခန့်မှ လာရောက်သရုပ်ဖော် ပွဲ ပြုလုပ်ကျင်းပခဲ့ရာ ယောဂစင်တာ ၂၃  ခုကို ဆုများ သရုပ်ဖော် ဂုဏ်ပြုပေးအပ်ခဲ့သည်။

ယောဂ ညီလာခံသည် ၂၀၁၄ ခုနှစ်တွင်  ကုလသမဂ္ဂ  အထွေထွေ ညီလာခံမှ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် ပထမ ညီလာခံကို  သုဝဏ္ဏအားကစားကွင်းတွင် ၂၀၁၅ ခုနှစ်က ပြုလုပ်ကျင်းပခဲ့သည်။

ယင်းပွဲ  ဒုတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းနှင့် အိန္ဒိယမှ သံရုံးမှ တာဝန်ှရှိသူများတက်ရောက်၍ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ကွင်းအမှတ် (၁) ကွင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly