မီးဖွားပြီးစ ကလေးမိခင်တွေနဲ့ သင့်လျော်တဲ့ လုပ်ငန်းခွင်ဆိုတာ

18 June 2016
မီးဖွားပြီးစ ကလေးမိခင်တွေနဲ့ သင့်လျော်တဲ့ လုပ်ငန်းခွင်ဆိုတာ

အများအားဖြင့်တော့ ကလေးမီးဖွားပြီးစမိခင်တွေဟာ လုပ်ငန်းခွင်ကို ကျောခိုင်း ထွက်ခွာသွား လေ့ ရှိပါတယ်။ ဒါဟာ အဲဒီကလေးမိခင်တွေရဲ့လုပ်အားကို နိုင်ငံက ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါ တယ်။ အဲဒီအတွက် ကလေးငယ်မိခင်တွေ လုပ်ငန်းခွင်မှာ အဆင်ပြေပြေ အလုပ်ဆက်လုပ်နိုင်ရန် အတွက် ဘာလုပ်ပေးနိုင်မလဲ။

Triangle Women Support Group က မခင်လေးကတော့ အခုလို ပြောပြပါတယ်

 “အမေတစ်ယောက်က ကလေးမွေးလိုက်ပြီဆိုရင် ဒီအလုပ်က ထွက်ရဖို့ဆိုတာ ကျိန်းသေသွားပြီ။ ဘယ်သူမဆိုပေါ့။ အိမ်မှာ ထိန်းမယ့်သူမရှိဘူး ဘိုးဘွားမရှိဘူးဆိုရင် သူက အလုပ်မလုပ်နိုင်တော့ဘူး ဒီအမေရဲ့လုပ်အား ကျွန်တော်တို့ ဆုံးရှုံးသွားပြီ။ အဲဒါဆိုရင် အဲဒီလိုမျိုးမဖြစ်အောင် လုပ်ငန်းခွင်အသီး သီးမှာ ရှိတဲ့ ဌာနဆိုင်ရာပဲဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ NGO ပဲဖြစ်ဖြစ် ပုဂ္ဂလိကပဲဖြစ်ဖြစ် ပုဂ္ဂလိကလုပ် ငန်းတွေမှာ စီးပွားရေးလုပ်ငန်းတွေမှာ မူဝါဒချပြီးတော့ ဒီအမေတွေ လုပ်ငန်းခွင်မှာ ပါဝင်နိုင်ဖို့အတွက် ကို ဆက်လုပ်သင့်တယ်လို့ထင်တယ်။

အဲသလိုလုပ်ဖို့ဆိုရင်လည်း ကျွန်မထင်တာကတော့ အစိုးရသစ်အနေနဲ့ မူချပေးရမယ်လို့ ကျွန်မထင်တယ်။ အကြမ်းမျဉ်း သတ်မှတ်ချက်ပေါ့။ အဓိက အစိုးရမဟုတ်တဲ့ အခြားအဖွဲ့အစည်းများမှ စံသတ်မှတ်ချက်အနေနဲ့ ကလေးအမေတွေ အလုပ်လုပ်မယ်ဆိုရင် ဒါတွေဒါတွေ ဖြေလျော့ပေးသင့် တယ်ဆိုတဲ့ ဟာတွေ အကြမ်းမျဉ်း မူဝါဒတွေ ချမှတ်ပေးပြီးတော့ လုပ်ပေးမယ်ဆိုရင် ကလေးငယ်ရှိတဲ့ မိခင်တွေအနေနဲ့ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီးလုပ်နိုင်မယ်။ တိုင်းပြည်အတွက် လုပ်အား အရင်းအမြစ်လည်း ကျွန်မတို့ မဆုံးရှုံးဘူး။ နောက်တစ်ခါ ဒီအမေတွေအနေနဲ့လည်း စိတ်ခံစားမှု ကိုယ့်ကလေးကြောင့် အခြားတစ်ခုကို ဆုံးရှုံးလိုက်တာမျိုး မဖြစ်ပဲနဲ့ သူတို့လည်း ပျော်ရွှင်မယ်လို့ ထင်ပါတယ်”အသိပေးတာတွေ လုပ်ပေးရမယ်လို့ ထင်ပါတယ်။

Myanmar Book Centre မှ ဒေါက်တာ မေမိုးနွယ်ကလည်း အခုလို ပြောပါတယ်။

 “အမရဲ့ လုပ်ငန်းခွင်မှာလည်း မွေးဖွားပြီးသား ဝန်ထမ်းတွေ အများကြီးရှိပါတယ်။ သူတို့တွေ အကုန်လုံးဟာ တကယ်တော့ မွေးဖွားခွင့်ကို အကုန်လုံးရပြီးတဲ့အချိန်မှာတောင် ကလေးတွေက ထားခဲ့ရတာ အဆင်မပြေဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားကော အမျိုးသမီးကော ပြင်ပမှာ ထွက်ပြီးတော့ အလုပ်လုပ်ရတယ်။ အဲတော့ အမအမြင်ကတော့လေ ဒီ မြန်မာ့ယဉ်ကျေးမှု လေးမှာ မိသားစု ကောင်းတာလေးနဲ့ အတူတူနေတယ်။ အဲတော့ အဘိုးတို့ အဘွားတို့က ဝိုင်းပြီးတော့ စောင့်ရှောက်ပြီးနေတယ်။ အမတို့ဘက်ကနေပြီးတော့ လုပ်ငန်းရှင်အနေနဲ့ ပံ့ပိုးနိုင်တာကတော့ ကလေးရဲ့ ကျန်းမာရေးတို့ မိခင်ရဲ့ ကျန်းမာရေးတို့ကို အမတာဝန်ယူပေးတယ်။ နောက်ပြိးတော့ ကလေးနေမကောင်းတဲ့အချိန်မှာ လိုအပ်တဲ့ခွင့်ကိုလည်း အမပေးတယ်။ ပြီးတော့ တစ်ပြိုင်တည်းမှာပဲ မိသားစုအကုန်လုံးကနေ ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ကြမယ်ဆိုရင် သူတို့အတွက် အထောက်အ ကူပြုနိုင်မယ်လို့ ကျွန်မထင်ပါတယ်”

Sisiterhood modern Supporting and Civil Engagement မှ ဒါရိုက်တာဖြစ်တဲ့ မနီမိုလှိုင်ကလည်း သူ့သဘောထားကို အခုလို ပြောပြပါတယ်။

“တိုင်းပြည်တွေမှာ မိသားစုတွေမှာ ကလေးကတော့ မွေးနေမှာပဲ။ ကလေးမွေးတိုင်းသာ အလုပ်မလုပ်ရဘူး။ ဒါမှမဟုတ် အလုပ်ခွင်မှာ အဆင်မပြေဘူးဆိုရင်တော့ ဒါက ပြသနာပဲ ဒါကိုရှင်းရ မယ်။ နောက်ပြီး အဲဒါကို အကြီးကြီးပြဿနာလည်း မဖြစ်သင့်ဘူး။ တကယ်တမ်းတော့ ကလေးရှိတဲ့ မိဘ အဲဒီအမျိုးသမီး အလုပ်လုပ်မယ်ဆိုရင် လုပ်ငန်းခွင်မှာ ကလေးထိန်းဌာနလေး ဖွင့်ပေးလိုက်ရင် ပြီးတာပဲ။ လုပ်ငန်းခွင်မှာ အဲဒီကလေးထိန်းဌာနကလည်း ထိန်းနေရရင် ပြီးရောဆိုပြီး မဖြစ်သင့်ဘူးပေါ့။ ကလေးတွေက တိုင်းပြည်ရဲ့ အနာဂါတ်လေ။ ဒီကလေးသေးသေးလေးတွေကို မူကြိုမှာ စပြီးတော့ မွေးကတည်းက ဒါမှမဟုတ်ရင် မိဘရင်ခွင်ထဲကနေပြီးတော့ မွေးကတည်းက စနစ်တကျ မွေးဖို့လို တယ်။

အမတို့ တိုင်းပြည်မှာက ကလေးထိန်းဌာနတွေ အရမ်းကို ခေတ်မှီပြီးတော့ စနစ်တကျ ဖွံ့ဖြိုးတိုး တက်လာဖို့ လိုတယ်။ ကလေးတွေကို စနစ်တကျ မွေးမြူတက်တဲ့ သင်တန်းတွေဘာတွေ တက်ပြီးမှ ဒီအလုပ်တွေကို လာလုပ်မယ်ဆိုရင် နေ့ ကလေးထိန်းဌာနတွေ အများကြီးဖြစ်သွားမယ်။ လူငယ်လေး တွေ အများကြီး အလုပ်ရသွားမယ်။ အဲဒီ နေ့ကလေးထိန်း ဌာနတွေကို လုပ်ငန်းခွင်မှာ ထားပေးလိုက် မယ်ဆိုရင် အဲဒီ ကလေးရှိတဲ့ မိခင်တွေ အလုပ်လုပ်ဖို့ အများကြီး အဆင်ပြေသွားမယ်။ တစ်ခုတော့ ရှိတယ်။ တိုင်းပြည်ချမ်းသာဖို့ လိုတာပေါ့”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly