ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် အဆိုတော် ခရစ္စတီးနားဂရင်မီ အောက်မေ့သတိရ အခမ်းအနား ကျင်းပ

ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် အဆိုတော် ခရစ္စတီးနားဂရင်မီ အောက်မေ့သတိရ အခမ်းအနား ကျင်းပ

နယူးယော့ခ်၊ ဇွန် ၁၈ ။      ။ ဖျော်ဖြေပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် အဆိုတော် ခရစ္စတီးနားဂရင်မီ အောက်မေ့သတိရ အခမ်းအနားကို ၎င်း၏မွေးရပ်မြေဖြစ်သော နယူးဂျာဇီပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရစ္စတီးနားဂရင်မီသည် ပြီးခဲ့သည့်သီတင်းပတ်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် ပရိတ်သတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးနေစဉ် သေနတ်သမားတစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင် းဖြစ်သည်။

ဂရင်မီ၏ ဈာပနကို နယူးဂျာဇီပြည်နယ် မက်ဒ်ဖော့ဒ်မြို့ရှိ Fellowship Alliance Chapel ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။” ခရစ္စတီးနား မင်းကို ငါအရမ်းဂုဏ်ယူပါ တယ်။ မင်းက ရွှေရောင်လမ်းမတွေပေါ်မှာ ဘုရားသခင်နဲ့အတူ လျှောက်လမ်းရမှာ။ မကြာမီ မင်းကို ငါလာတွေ့ပါမယ်”ဟု အဒေါ်ဖြစ်သူ ကက်သီက ပြောကြားခဲ့သည်။

ခရစ္စတီးနားသည် အော်လန်ဒိုမြို့တွင် ဇွန် ၁၁ရက် ညနေက ကျင်းပပြုလုပ်သော Plaza Live ဖျော်ဖြေပွဲခန်းမတွင် ဖျော်ဖြေပွဲအပြီး ပရိတ်သတ်များကို လက်မှတ်ရေးထိုးပေးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘက်မြို့မှ အသက် ၂၇ နှစ်အရွယ် ကီဗင်ဂျိမ်းစ်လွိုင်ဘဲလ်က ခရစ္စတီးနားဆီသို့ ချဉ်းကပ်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး လွိုင်ဘဲလ်သည် အခင်းဖြစ်ပွား ရာနေရာတွင် သေနတ်ဖြင့် ကိုယ့်ကိုကိုယ် ပစ်ကာ အဆုံးစီရင်ခဲ့သည်။

ခရစ္စတီးနားသည် “The Voice” တေးသီချင်းပြိုင်ပွဲ အစီစဉ် ၆ တွင် တတိယနေရာကို ရရှိခဲ့ပြီး “The Ellen DeGeneres Show” နှင့် “Dancing with the Stars” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင် ဆက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly