ဆောင်းဂျောင်ကီ၏ ပရိသတ်တွေ့ဆုံပွဲကို တတ်ရောက်ခဲ့တဲ့ ဆောင်းဟေဂျို( အွန်စော)

ဆောင်းဂျောင်ကီ၏ ပရိသတ်တွေ့ဆုံပွဲကို တတ်ရောက်ခဲ့တဲ့ ဆောင်းဟေဂျို( အွန်စော)

ဆိုးလ်၊ ဇွန် ၁၈ ။           ။ တောင်ကိုရီးယား မင်းသမီးချော ဆောင်းဟေဂျို (အွန်စော) သည် တရုတ်နိုင်ငံတွင် ဇွန် ၁၇ ရက်က ကျင်းပပြုလုပ်သော ဆောင်းဂျောင်ကီ၏ ပရိတ်သတ်တွေ့ဆုံပွဲသို့ တတ်ရောက်ခဲ့သည်။

ဆောင်းဂျောင်ကီ၏ ပရိတ်သတ်တွေ့ဆုံပွဲတွင် အွန်စောသည် အဖြူရောင်ရှပ်အကျီနှင့် ဂျင်းစ ကတ်ကို ဝတ်ဆင်ထားပြီး “ဟယ်လို ကျွန်မ ဆောင်းဟေဂျိုပါ” ဟု တရုတ်ဘာသာစကားဖြင့် ကိုယ့်ကို ကိုယ် မိတ်ဆက်ခဲ့သည်။ တရုတ်နိုင်ငံတွင် ဆောင်းဟေဂျိုကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပရိတ်သတ်တွေ့ဆုံပွဲအတွင်း ဆောင်းဟေဂျိုသည် ဆောင်းဂျောင်ကီ၏ ပထမဆုံး အထင်ကြီး စေသည့် အကြောင်းကို ပြောကြားခဲ့သည်။ “လူအများက သူ့ကောင်းကြောင်းတွေ ကျွန်မကို လာပြော တဲ့အချိန်ကစလို့ ကျွန်မ သူနဲ့ ဆုံတွေ့ဖို့ မျှော်လင့်မိတယ်။ သူဟာ ကျွန်မတွေးထင်ထားတာထက်ကို အရမ်းကို တော်တဲ့သူတစ်ဦး ဖြစ်တယ်။ ရုပ်ရှင်ရိုက်တဲ့အခါ သူဟာ အရမ်းကို စိတ်ရောကိုယ်ပါ နှစ်ထားပြီး စဉ်းစဉ်းစားစား လုပ်တတ်တဲ့သူတစ်ဦး ဖြစ်တယ်။ သူက တည်ငြိမ်အေးဆေးတဲ့ သူတစ်ယောက်လို့ ကျွန်မထင်တယ် ”ဟု ဆောင်းဟေဂျိုက ပြောကြားခဲ့သည်။

ပရိတ်သတ်တွေ့ဆုံပွဲတွင် ဆောင်းဂျောင်ကီနှင့် ဆောင်းဟေဂျိုတို့သည် ဂိမ်းကစားခြင်း၊ ပရိတ် သတ်များနှင့် ရင်းရင်းနှီးနှီး ပြောကြားသည့် အစီစဉ်များ၊ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း စိုက်ကြည့်သည့် ကစားနည်းများအပါအဝင် များပြားလှသော အစီစဉ်များ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly