မြိတ်ရှိ ပရိဘောက လုပ်ငန်းအချို့ သစ်ကုန်ကြမ်း ၀ယ်ယူရရှိမှု ခက်ခဲလာဟုဆို

မြိတ်ရှိ ပရိဘောက လုပ်ငန်းအချို့ သစ်ကုန်ကြမ်း ၀ယ်ယူရရှိမှု ခက်ခဲလာဟုဆို
(ဓာတ်ပုံ- ဇော်နီ၊ မဇ္ဈိမ)
 

မြိတ်၊ ဇွန် ၁၈ ။             ။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်ရှိ အိမ်သုံးပရိဘောဂလုပ်ငန်းအချို့ သစ်ကုန်ကြမ်းဝယ်ယူရရှိမှု ယခင်နှစ် များထက် ပိုမိုခက်ခဲလာကြောင်း မြိတ်မြို့ပရိဘောဂလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

“သစ်ကုန်ကြမ်း အလုံအလောက် ဝယ်လို့မရတော့ အရင်လို အိမ်သုံးပရိဘောဂလုပ်ရတာ လုပ်ငန်း သိပ် မတွင်ဘူး ။ ပြီးတော့ အလုပ်သမားတွေ အလုပ်အကိုင်မပြတ်ဖို့အတွက်ကလည်း ကုန်ကြမ်းရ ၊မရဆိုတာ နဲ့လည်း သက်ဆိုင်နေပါ တယ်” ဟု ပြည့်ဖြိုး ပရိဘောဂ ဆိုင်ပိုင်ရှင် ဒေါ်ဆန်းသွယ်က ပြောသည်။

သစ်ကုန်ကြမ်းများကို တရားဝင်သစ်စက်များမှ ဝယ်ယူရရှိနိုင်သော်လည်း အဆိုပါသစ်စက်များမှ လို အပ်သည့် အချိန်တွင် လိုအပ်သည့် သစ် အမျိုးအစားများရရှိရန် ခက်ခဲမှုများရှိကြောင်းလည်း သိရသည်။

ယခင်က ပြင်ပမှ တရားမဝင်လာရောက် ရောင်းချမှုများ ရှိခဲ့သော်လည်း ဝယ်ယူခြင်းမပြု ရန် သစ်တောဌာနက တားမြစ်ထားကြောင်း ကောင်းသန့်ပရိ ဘောဂလုပ်ငန်းအရောင်းဆိုင် တာဝန်ခံတစ်ဦးက ပြောသည်။

တရားဝင်မှတ်ပုံတင်ထားသည့် ပရိဘောဂလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းအသုံးပြုနိုင်သည့် မည်သည့် သစ်မဆို တရားဝင်သစ်ခွဲစက်များမှ ဝယ်ယူအသုံးပြုရန် ခွင့်ပြုထားသည်ဟုလည်း မြိတ်မြို့ သစ်တောဌာနမှ သိရသည်။

ပရိဘောဂအတွက်အသုံးပြုရာတွင် ဒေသတွင်းသစ်အမျိုးအစားများအနက် စကားသား ၊ အောက်ချင်းဇာ၊ ရေ  မနေ၊ တောင်ပရုန်း၊ ရှက်ခေါသစ် ၊ မှန်သင်း၊ ပန်းတညှင်း၊ ကံ့ကော်တို့ကို အများဆုံးအသုံးပြုကြပြီး ယခင် နှစ် များကထက် ဈေးနှုန်းအားဖြင့် (၁) သိန်းဝန်းကျင် ခန့် အထိ ကွာဟမှုရှိနေသည်ဟု မြိတ် မြို့၊ရှမ်းချောင်းရပ် ကွက်ရှိ ကျော်ပရိဘောဂဆိုင်ရှင် ဦးမင်းအောင်က သစ် ကုန်ကြမ်းဈေးနှုန်းနှင့်ပတ်သက်၍ ရှင်းပြသည်။

“သစ်အမျိုးအစားလိုက် ကုန်ချောလုပ်ရပေမယ့် (၂)နှစ်အတွင်းမှာ သစ်တစ်တန်ကို ဈေးက(၁) သိန်း ကျော်အ ထိ မြှင့်သွားတယ်။ ဒါကြောင့် သစ်ဝယ်ယူရမှု အခက်အခဲဖြစ်လာသလို လုပ်ငန်းရေရှည်ရပ်တည်ဖို့ လည်းအ ခက်အခဲဖြစ် လာတဲ့အနေအထားပေါ့” ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင် တရားဝင် သစ်အခြေခံ ပရိဘောဂလုပ်ငန်း(၁၀)ခုကျော်ရှိပြီး လိုင်စင်ရ သစ်ခွဲစက်များ အနေဖြင့် သစ်ခွဲ စက်ကြီး(၃)လုံး၊ စက်သေး(၂၉)လုံး၊ လျာထိုးစက်(၄၀)အထိရှိကြောင်း မြိတ်မြို့သစ်တော ဌာန စာရင်း ဇယားများအရသိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly