မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုအတွက် လက်လျှော့လိုက်ပြီ ဟု ရတနာပုံနည်းပြ ၀န်ခံ

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုအတွက် လက်လျှော့လိုက်ပြီ ဟု ရတနာပုံနည်းပြ ၀န်ခံ
ရန်ကုန်အသင်းနှင့်ပွဲတွင် ရတနာပုံနည်းပြချုပ် ရီနီ အားတွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၇၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရတနာပုံအသင်းသည် ပြီးခဲ့သည့် လိဂ်ပွဲစဉ် ၁၁ တွင်ရှုံးနိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်နှင့် ၁၃ မှတ်ထိ ကွာဟလာခဲ့ကာ ၂၀၁၅ ဘောလုံးရာသီ လိဂ်ချန်ပီယံဆုအတွက် လက်လျှော့လိုက်ပြီ ဟု ရတနာပုံအသင်းနည်းပြချုပ် ရီနီက ရန်ကုန်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံခဲ့သည်။

ရတနာပုံအသင်းသည် အဆိုပါရန်ကုန်အသင်းနှင့်ပွဲတွင် အိမ်ကွင်း၌ ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပထမအကျော့ရာသီဝက်၌ သုံးပွဲထိ ရှုံးနိမ့်ခဲ့သည်။

“ အသင်းအနေနဲ့ ဒီရာသီ လိဂ်ချန်ပီယံဖြစ်ဖို့ အတွက်တော့ လက်လျှော့လိုက်ပါပြီ။ ရန်ကုန်နဲ့ပွဲမှာမှ ရှုံးလို့ မဟုတ်ပါဘူး။ ရှေ့ပွဲတွေမှာ အမှတ်လျော့ခဲ့ရတာကြောင့်ပါ။ ဒီရာသီမှာ အသင်းက လက်ရွေးစင်ကစားသမားတွေ အများအပြား စေလွှတ်ရတဲ့အတွက် အခက်အခဲတွေရှိပါတယ်။ နိုင်ငံတကာမှာဆို ပွဲကန်ခါနီး သုံးရက်အလိုမှ စေလွှတ်ရပေမယ့် ဒီမှာတော့ အဲ့လို မဟုတ်ပါဘူး။ လူစာရင်းကတော့ လက်ရှိမှာ ကစားသမားအချို့ ခြေမမှန်သေးတဲ့အတွက် အပြောင်းအလဲတွေရှိနေတာပါ။ အသင်းအနေနဲ့ ဒီရာသီ ရှုံးထွက်ဖလားကိုပဲရအောင် ကြိုးစားသွားရမှာပါ ” ဟု ရီနီက ပြောသည်။

ရတနာပုံအသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များ ပြီးဆုံးချိန်၌ ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၂၀ ရရှိကာ လက်ရှိတွင် အမှတ်ပေးဇယား အဆင့်လေးနေရာ၌ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly