ကမ္ဘာဇဘဏ် စင်ကာပူမှာ ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်ဖို့ လိုင်စင်ရပြီ

ကမ္ဘာဇဘဏ် စင်ကာပူမှာ ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်ဖို့ လိုင်စင်ရပြီ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်း တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ပြည်တွင်းက ထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ဟာ စင်ကာပူမှာ ဘဏ်ကိုယ်စားလှယ်ရုံးခွဲတစ်ခု ဖွင့်လှစ်ဖို့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က တရားဝင်လိုင်စင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံ့ပြင်ပမှာ ဘဏ်ကိုယ်စား လှယ်ရုံးဖွင့်လှစ်တဲ့နေရာမှာ ကမ္ဘောဇဘဏ်က ပြည်တွင်းဘဏ်တွေထဲမှာ အဦးဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ လိုင်စင်က ဒုတိယမြောက်ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖြစ်ပါတယ်။ အခုနှစ်ရဲ့ မေလထဲမှာလည်း ကမ္ဘောဇဘဏ်ကို ထိုင်းနိုင်ငံဗဟိုဘဏ် က ထိုင်းမှာ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့်ဖို့ အရင်ဆုံးခွင့်ပြုထားပြီးဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြီးပိုင်းအရာရှိတစ်ဦးကတော့ အခုလိုမျိုး စင်ကာပူမှာ ဘဏ်ခွဲဖြစ်ဖို့ ခြေလှမ်းစနိုင်ခဲ့တာဟာ မြန်မာနိုင်ငံအတွင်း ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသူ နိုင်ငံဖြစ်တဲ့ စင်ကာပူနဲ့ အတူ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကို ပြည်တွင်းမှာ ထိထိရောက်ရောက်လုပ်ကိုင်သွားနိုင် မယ့်အပြင် ကုန်သွယ်ကဏ္ဍကိုလည်း ပိုပြီးအထောက်အကူပြုသွားနိုင်မှာဖြစ်တယ်လို့ ပြောပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ စင်ကာပူရဲ့ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော်ကို အစိုးရက ခွင့်ပြုထား တာဖြစ်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ အိမ်ခြံမြေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံတာဖြစ်ပါတယ်။ ဇွန်လအတွင်းမှာလည်း စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်လာရောက်ခဲ့ပြီး အဲဒိခရီးစဉ်အတွင်းမှာလည်း ဗီဇာမလိုပဲ ရက် ၃၀ နေထိုင်ခွင့်အတွက် နှစ်နိုင်ငံကြားအစိုးရတွေက သဘောတူညီထားပြီးလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly