မင်းသမီး အန်နီဟမ်သာဝေး အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခံရ

မင်းသမီး အန်နီဟမ်သာဝေး အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခံရ

နယူးယော့ခ်၊ ဇွန် ၁၆ ။         ။ အော်စကာဆုရှင် အန်နီဟမ်သာဝေးသည် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့၏ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်းနှင့် အိမ်တွင် ကလေးငယ်များကို စောင့်ရှောက်နေရသော အမျိုးသမီးများ တာဝန်ယူထားရသည့် မမျှတသော ဝန်ထုပ်ဝန်ပိုးများအပေါ် ဖြေရှင်းမှုများ အဓိကလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် မိခင်ဘဝကို ရောက်ရှိသည့်အခါ လုပ်ငန်းခွင်တွင် အခွင့်အရေးနှင့် လစာအကျိုးခံစားခွင့်များ ဆုံးရှုံးမှုကို ရင်ဆိုင်နေရကြောင်း ကျားမတန်တူညီမျှမှုရှိရေး နှင့် စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ရေးကို လုပ်ဆောင်နေသော ကုလသမဂ္ဂ အမျိုးသမီး အဖွဲ့အစည်းက ပြောကြားသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းက မိခင်နှင့် ဖခင်များသည် ကလေးများအတွက် တန်းတူတာဝန်ရှိ မှုကို မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အမျိုးသမီး အဖွဲ့အစည်း အမှုဆောင်ဒါရိုက်တာ Phumzile Mlambo-Ngcuka က ပြောကြားခဲ့သည်။

“ကျားမ တန်းတူညီမျှမှုရှိရေးကို အကူညီပေးဖို့ ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျွန်မ ဂုဏ်ယူ မိပါတယ်” ဟု ဟမ်သာဝေးက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ ဟမ်သာဝေးသည် ၂၀၁၃ ခုနှစ်က “Les Miserables” ဇာတ်ကားဖြင့် Academy Awrad ဆုကို ဆွတ်ခူးခဲ့သည်။

ဟမ်သာဝေးသည် အမျိုးသမီးများအခွင့်အရေးကို အားပေးမြှင့်တင်ရေး လုပ်ဆောင်ရာတွင် အစိမ်းသက်သက်မဟုတ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲကမ္ဘာတွင် အရွယ်ရောက်ပြီး မိန်းကလေးများ လုပ်ပိုင်ခွင့် အာဏာအပေါ် ကူညီထောက်ပံ့ရေးဆိုင်ရာ အစီစဉ်များကို လုပ်ဆောင်သည့် Nike ဖောင်ဒေးရှင်းအဖွဲ့ တွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ်ကလည်း ကင်ညာနိုင်ငံဒေသအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပေါ် သတိပြုမှုကို မြှင့်တင်ပေးရန် ကင်ညာနိုင်ငံသို့ သွားရောက် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly