ဂေးမဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ပါ၀င်သွားမယ့် ဗြိတိန်မင်းသား ၀ီလျံ

ဂေးမဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ပါ၀င်သွားမယ့် ဗြိတိန်မင်းသား ၀ီလျံ

လန်ဒန် ၊ ဇွန် ၁၆ ။          ။ ဗြိတိန်မင်းသား ဝီလျံသည် ဇူလိုင်လထုတ် “Attitude” မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ပါဝင်မည် ဖြစ်ပြီး ဂေးမဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ခြင်းသည် ဝီလျံအတွက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း Attitude မဂ္ဂဇင်းက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“Making History ” ခေါင်းစဉ် ဘေးတွင် သွားများပေါ်အောင်ရယ်နေသော မင်းသားဝီလျံကို တွေ့ရမြင်ဖြစ်ပြီး “လိင်းပိုင်ဆိုင်ရာ ဒါမှမဟုတ် အခြားသော အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဘယ်သူမှ အနိုင်ကျင့်တာ မခံသင့်ပါဘူး” ဟု ဝီလျံက ပြောကြားထားသည့် စာကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

မင်းသားဝီလျံသည် Kensington နန်းတော်တွင် ဂေး ၊ လိင်ပြောင်းထားသူများ ပါဝင်သောအဖွဲ့ နှင့် မဂ္ဂဇင်းအယ်ဒီတာတို့ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်ကြောင်း Attitude မဂ္ဂဇင်းက ပြောကြားသည်။

ဝီလျံသည် လိင်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အခြားသော အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မည်သူ တစ်ဦးတစ်ယောက်မျှ အနိုင်ကျင့်ခြင်းကို မခံသင့်ကြောင်း ပြောကြားခဲ့သည်။

ဝီလျံက လိင်တူချစ်သူများ၏ အနိုင်ကျင့်ခံရမှု အတွေ့အကြုံများကို နားထောင်ရန်အတွက် လိင်တူချစ်သူ ( LGBT) အဖွဲ့ဝင်များကို Kensington နန်းတော်သို့ ခေါ်ဆောင်လာပေးရန် ပြီးခဲ့သည့် လက Attitude မဂ္ဂဇင်းကို ဖိတ်ကြားခဲ့ကြောင်း မဂ္ဂဇင်းက ပြောကြားသည်။ Attitude မဂ္ဂဇင်းသည် ဗြိတိန်နိုင်ငံ၏ အရောင်းရဆုံး ဂေးမဂ္ဂဇင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags