မော်ရိုကိုတွင် အမျိုးသမီးနှစ်ဦးကို စကပ်တိုဝတ်ခြင်းကြောင့် အဂါရဝဖြစ်သည်ဆိုကာ ဖမ်းဆီးတရားစွဲ

မော်ရိုကိုတွင် အမျိုးသမီးနှစ်ဦးကို စကပ်တိုဝတ်ခြင်းကြောင့် အဂါရဝဖြစ်သည်ဆိုကာ ဖမ်းဆီးတရားစွဲ

မော်ရိုကိုနိုင်ငံတွင် အမျိုးသမီးနှစ်ဦး စကပ်ဝတ်ခြင်းကို အဂါရဝဖြစ်သည်ဟုဆိုကာ ဖမ်းဆီးကာ တရားစွဲဆိုစစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့်လအတွင်းက အင်နက်ဇ်ဂျင်မြို့တွင် ယင်းအမျိုးသမီးနှစ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကုန်သည်တစ်ဦးက သူတို့နှစ်ဦး စကပ်ဝတ်ထားခြင်းတွေ့မြင်ပြီးနောက် လူများ ဝိုင်းအုံလာခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုကို ကိုယ်ပိုင်လွတ်လပ်ခွင့်အား ချိုးဖဲ့တိုက်ခိုက်ခြင်းအဖြစ် အင်တာနက်လှုပ်ရှားမှု လုပ်ခဲ့ပြီး ထောက်ခံ သူပေါင်း ထောင်ကျော်က ပါဝင်ခဲ့ကြသည်။

မေလအတွင်းကလည်း မော်ရိုကိုတွင် ကမ္ဘာကျော်အဆိုတော် ဂျင်နီဖာလိုပတ်ဇ်လာရောက်ဖျော်ဖြေမှုကို လိင်အသားပေးဖော်ကျုး သည်ဟုဆိုကာ ဝေဖန်မှုများ ညံခဲ့သည်။

ယခုအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးမှုအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများလည်း ဖြစ်ပွားပြီး ဆန္ဒပြသူများက အမျိုးသမီးများအနေဖြင့် ကိုယ်နှစ်သက်ရာ လွတ်လွတ်လပ်လပ်ဝတ်ဆင်ခွင့် ရှိရမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

အင်နက်ဇ်ဂျင်တရားရုံးရှေ့တွင် ဇူလိုင် ၆ ရက်က တက်ကြွလှုပ်ရှားသူများက ဖမ်းဆီးခံအမျိုးသမီးနှစ်ဦးကို လာရောက်အားပေး ခဲ့ကြသည်။

ဖမ်းဆီးခံရသူ အသက် ၂၃ နှစ်နှင့် ၂၉ နှစ်ရှိ ယင်းအမျိုးသမီးနှစ်ဦးကို ထောင်ဒဏ်နှစ်နှစ်အထိချမှတ်နိုင်သည့် အများအမြင် မဖွယ် မရာပြုမှုသည့် ဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။ စီရင်ချက်ကို ဇူလိုင် ၁၃ ရက်တွင် ချမှတ်မည်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly