၂၀၁၅ ခုနှစ်အတွက် အမေရိကန်တွင် နေထိုင်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးပြည်နယ်များ

၂၀၁၅ ခုနှစ်အတွက် အမေရိကန်တွင် နေထိုင်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးပြည်နယ်များ

ဝါရှင်တန်၊ ဇူလိုင်-၇ ။        ။ အလုပ်ရှာဖွေလိုသည်ဖြစ်စေ၊ အသက်မွေးဘဝကို တိုးတက်လိုသည်ဖြစ်စေ ကိုယ်အခြေချနေထိုင် ရန်ရွေးချယ် သည့်နေရာက အဆုံးအဖြတ်ပေးနိုင်ပါသည်။

လေ့လာမှုအသစ်တစ်ရပ်က ၂၀၁၅ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်အသက်မွေးဝမ်းကြောင်းရန် အကောင်းဆုံးနှင့် အဆိုးဆုံး ပြည်နယ်များကို အဆင့်သတ်မှတ်ထားပါသည်။

ဘဏ္ဍာရေးဝဘ်ဆိုက်က MoneyRates က အလုပ်သမားများ လုပ်ဝင်ငွေကောင်းသလား၊ လူနေမှုစရိတ် သင့်တင့်ရဲ့လား၊ လုပ်ငန်းခွင် လုံခြုံဘေးကင်းရဲ့လား စသည်တို့ကို ဆုံးဖြတ်ရန်အတွက် အချက်အလက်အမြောက်အများကို စဉ်းစားသုံးသပ် ခဲ့ကြသည်။

၎င်းအချက်များထဲတွင် ပျမ်းမျှ လုပ်ခလစာ၊ ပြည်နယ်အခွန်နှုန်း၊ လူနေမှုစရိတ်၊ အလုပ်လက်မဲ့နှုန်းနှင့် လုပ်ငန်းခွင် နာမကျန်းမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု စသည့်အချက်များ ပါဝင်သည်။

သုတေသနရလဒ်များအရ အမေရိကန်ပြည်ထောင်စုတလွှားတွင် အလုပ်အခွင့်အလမ်းများ မတူညီကြသည်ကို တွေ့ရှိရသည်။ အချို့ပြည်နယ်များတွင် အလုပ်အခွင့်အလမ်းများ ကြွယ်ဝစည်ပင်နေသော်လည်း အချို့ပြည်နယ်များမှာ မြင့်မားသော အလုပ်လက် မဲ့နှုန်းနှင့် ရုန်းကန်နေကြရသည်။  

သုတေသနအရ ၂၀၁၅ခုနှစ်အတွက် အကောင်းဆုံးပြည်နယ်မှာ တက္ကဆက်ဖြစ်ပြီး ယမန်နှစ်က ဒုတိယနေရာမှ မြင့်တက်လာ ခဲ့ခြင်းပင်ဖြစ်သည်။ ယမန်နှစ်က ကုန်သွယ်ရေးရပ်တည်မှုအဆင့်များအရ တက္ကဆက်က ဝါရှင်တန်ကို နှာတစ်ဖျားဖြင့် ကျော်တက် လာခဲ့ခြင်းပင်ဖြစ်သည်။

သုတေသနအရ အလုပ်သမားများ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဟာဝိုင်အီမှာ အခက်အခဲဆုံးနေရာတစ်ခုဖြစ်သည်ဟု ဆိုသည်။ လူနေမှုစရိတ် မြင့်မားလွန်းမှုကြောင့် ပြည်နယ်၅၀အနက် အဆိုးဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

အခွန်နှင့် လူနေမှုစရိတ်များကို ပေါင်းလိုက်ပါက ဟာဝိုင်အီမှ အလုပ်သမားများမှာ ၎င်းတို့၏ လုပ်ခ ၁ဒေါ်လာတိုင်းအတွက် အမှန်တကယ် ၅၅ဆင့်သာလျှင် ရရှိနေကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly