မိုက်ခရိုဆော့ဖ်က LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလျံဖြင့် ဝယ်ယူ

မိုက်ခရိုဆော့ဖ်က LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလျံဖြင့် ဝယ်ယူ
(ဓာတ်ပုံ - အီးပီအေ)

မိုက်ခရိုဆော့ဖ်က ပရော်ဖက်ရှင်နယ်တွေ အသုံးများတဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက် LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလျံ (ပေါင် ၁၈ ဘီလျံ) နဲ့ ဝယ်ယူ လိုက်ပါတယ်။

၁၉၇၀ ခုနှစ်က ဘီလ်ဂိတ်နှင့် ပေါလ်အယ်လန်တို့ တည်ထောင်ခဲ့တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ယခု ဝယ်ယူမှုဟာ ကုမ္ပဏီရဲ့ အစဉ်အဆက် အကြီးမားဆုံး ဝယ်ယူမှုဖြစ်လာပါတယ်။

LinkedIn ဟာ တစ်ကမ္ဘာလုံး အနှံ့ သုံးစွဲသူ သန်း ၄၃၀ ကျော်ကို ပိုင်ဆိုင်ထားပြီး နိုင်ငံပေါင်း (၂၀၀) မှာ ရုံးတွေ စိုက်ထူထားပါတယ်။ LinkedIn ကို ဝယ်ယူထားနိုင်တာကြောင့် မိုက်ခရိုဆော့ဖ် အနေနဲ့ ၎င်းကုမ္ပဏီထုတ် ပစ္စည်းတွေ ပိုပြီး ရောင်းအားတက်လာဖို့ မျှော်လင့်နေပါတယ်။

အဆိုပါနည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၄ ခုနှစ်က နိုကီယာကို ဒေါ်လာ ၇.၅ ဘီလျံနဲ့ဝယ်ယူခဲ့ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာပါဘူး။

ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့က နှောင်းပိုင်းက Nasdaq ဈေးကွက်ဖွင့်ပြီး LinkedIn ရှယ်ယာဈေးနှုန်းမှာ ဒေါ်လာ ၆၁.၂၂ သို့မဟုတ် ၄၆.၇၀ ရာခိုင်နှုန်းကနေ ဒေါ်လာ ၁၉၂.၃၀ ထိမြင့်တက်လာချိန်မှာ မိုက်ခရိုဆော့ဖ်က ရှယ်ယာများမှာမူ ဒေါ်လာ ၁.၃၆ သို့မဟုတ် ၂.၆၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly