လူနည်းစုများအား သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သံန္ဒိဌာန်ချ

လူနည်းစုများအား သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သံန္ဒိဌာန်ချ

ဒါကာ၊ ဇွန် ၁၃ ။               ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော လူနည်းစုများနှင့် ဘာသာရေးဝေဖန်ဆန်းစစ်သူများအပေါ် ပစ်မှတ်ထားကာ သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေးအတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနီက သံန္ဒိဌာန် ချမှတ်ထားသည်။

သူမ၏ အစိုးရအနေဖြင့် ထိုသို့သော တိုက်ခိုက်မှုများ ရပ်တန့်သွားရအောင် မည်သို့ပဲလုပ်ဆောင်ရ လုပ်ဆောင်ရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟာစီနီက ပြောသည်။

အစ္စလာမ်မစ်အစွန်းရောက်များအား ချေမှုန်းရေး ရဲတပ်ဖွဲ့က စစ်ဆင်ရာတွင် လူပေါင်း ၃၀၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဟာစီနီက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အထက်က စစ်ဆင်မှုများမှာ နိုင်ငံရေးဆန့်ကျင်သူများကို ပစ်မှတ်ထားပြီး အစိုးရက လုပ်ဆောင်နေသည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။

"ဒါက အချိန်တော့ ယူရပါမယ်။ ဒါပေမယ့်လည်း ဘုရားအလိုတိုင်းပါ။ ပြစ်မှုကျုးလွန်သူတွေကို ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ ရာဇဝတ်ကျုးလွန်သူတွေ ဘယ်လိုနေရာမှာ ပုန်းနေနေ၊ တစ်ယောက်တည်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် သတ်ဖြတ်မှု ကျုးလွန်သူဆိုရင် မရရအောင် ဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။"ဟု ဇွန် ၁၁ ရက်က ပြုလုပ်သည့် အာဏာရပါတီ Awami League ပါတီ အစည်းအဝေး၌ ဟာဆီနီက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly