နိုင်ဂျီးရီးယား စားသောက်ဆိုင်နှင့် ဗလီတို့တွင် ဗုံးနှစ်လုံးဆင့်ပေါက်ကွဲ၍ လူ ၄၀ ကျော်သေဆုံး

နိုင်ဂျီးရီးယား စားသောက်ဆိုင်နှင့် ဗလီတို့တွင် ဗုံးနှစ်လုံးဆင့်ပေါက်ကွဲ၍ လူ ၄၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ဂျို့မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲ၍ လူပေါင်း အနည်းဆုံး ၄၄ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

စားသောက်ဆိုင်တစ်ဆိုင်နှင့် ဗလီတစ်ခုကို ဇူလိုင် ၅ ရက် ညပိုင်းက ပစ်မှတ်ထားကာ ဖောက်ခွဲသည့် ဗုံးများဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမျှ မိမိတို့လက်ချက်ဖြစ်ကြောင်း ကြေညာခြင်းမရှိသော်လည်း အစွန်းရောက်ဘိုကိုဟာရမ် အဖွဲ့က ယခင်ကလည်း ဂျို့မြို့သို့ တိုက်ခိုက်ခဲ့ဖူးသည်။

ယခုဗုံးခွဲတိုက်ခိုက်မှုသည် နောက်ဆုံးတိုက်ခိုက်ခံရမှုတစ်ရပ်ဖြစ်ပြီး ပြီးခဲ့သည့်ရက်များအတွင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ သူပေါင်းမှာ ၂၀၀ ကျော်ထက်မနည်းရှိသွားပြီဖြစ်သည်။

တိုက်ခိုက်မှုများက ရာမဇန်ဥပုသ်အပြီး အချိန်တိုအတွင်း ဖြစ်ပွားခဲ့ပြီး စားသောက်ဆိုင်နှင့် ဗလီတို့တွင် လူများ အပြည့်ရှိနေချိန် ဗုံးပေါက်ကွဲခြင်းဖြစ်သည်။

သေဆုံးသူ ၄၄ ဦးတွင် စားသောက်ဆိုင်တွင် ၂၃ ဦးသေဆုံးခြင်းဖြစ်ပြီး ဗလီတွင် ၂၁ ဦးသေဆုံးခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယား အမျိုးသားအရေးပေါ်စီမံရေးဌာနကပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly