ဘောလီးဝုဒ်ကြယ်ပွင့် အန်နီလ်ကာပူးလ် အိန္ဒိယ ကလေးအလုပ်သမားများ၏ အတိဒုက္ခကို မီးမှောင်းထိုးပြသည့် ကမ်းပိန်ကို ပြုလုပ်ခဲ့

ဘောလီးဝုဒ်ကြယ်ပွင့် အန်နီလ်ကာပူးလ် အိန္ဒိယ ကလေးအလုပ်သမားများ၏ အတိဒုက္ခကို မီးမှောင်းထိုးပြသည့် ကမ်းပိန်ကို ပြုလုပ်ခဲ့

မွမ်ဘိုင်း ၊ ဇွန်၁၁ ။          ။ ဘောလီးဝုဒ်ကြယ်ပွင့် အန်နီလ်ကာပူးလ်သည် အိန္ဒိယနိုင်ငံတွင် အလုပ်အတွင်း အဓမ္မ စေခိုင်းခံနေရသော ကလေးငယ် သန်းပေါင်းများစွာ၏ အတိဒုက္ခကို မီးမှောင်းထိုးပြသည့် ကမ်းပိန်တစ်ခုကို ဇွန် ၁၀ ရက်က စတင်လုပ်ဆောင်ခဲ့သည်။

ကလေးသူငယ် ချို့တဲ့သူများ ကူညီရေးအသင်းအဖွဲ့  Plan India က ပြုလုပ်သော အဆိုပါ ကမ်းပိန်သည် ဆယ်စုနှစ်များစွာကြာ ကလေးအလုပ်သမားများကို လက်ခံအသုံးပြုနေမှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို တိုက်ဖျက်ရန် ပြည်သူများ၏ သတိပြုမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကာပူးလ်သည် ဒန်နီဘိုင်လီ၏ အော်စကာဆုရ ၂၀၀၈ ခုနှစ်ရုပ်ရှင် “ Slumdog Millionaire” ရုပ်ရှင်ကားဖြင့် နိုင်ငံတကာ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသော မင်းသားတစ်ဦး ဖြစ်သည်။ “ နိုင်ငံအတွင်းမှာရှိတဲ့ ကလေးသန်းပေါင်းများစွာဟာ ခေါင်းပုံဖြတ် ခံနေရတယ်။ ဆင်းရဲနွမ်းပါမှု တွေဟာဆိုရင်လည်း များပြားနေတယ်။ အကျိုးဆက်အနေနဲ့ သူတို့တွေဟာ ကျောင်းတတ်ရောက်နိုင်ခဲ့ခြင်း မရှိဘူး ”ဟု ကာပူးလ်က ပြောကြားသည်။

“ ကလေးငယ် ထောင်ပေါင်းများစွာမှာ အနာဂတ် မျှော်လင့်ချက် မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှုဟာလည်း ကျဆုံးမယ့် သဘောပါပဲ”ဟု ကာပူးလ်က မွမ်ဘိုင်းမြို့ ကမ်းပိန်စတင်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ကလေးအလုပ်သမားနဲ့ ခေါင်းပုံဖြတ်ခြင်းတွေကို အဆုံးသတ်ရမယ်။ လာမည့်မျိုးဆက်သစ်တွေ အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ရဲ့လုပ်ရှားမှုတွေဟာ လူတိုင်းရဲ့ လှုပ်ရှားမှုတွေဖြစ်ရမယ့် အချိန်ရောက်နေပါပြီ” ဟု ကာပူးလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly