ထူးထူးတိုးကုမ္ပဏီပိုင် ငါးဖမ်းလှေရေလုပ်သားများ ရပိုင်ခွင့်ကိစ္စ စီမံ၊ ဘဏ္ဍာဝန်ကြီးလာရောက်ဖြေရှင်းပေးရာပြေလည်မှုရ

ထူးထူးတိုးကုမ္ပဏီပိုင် ငါးဖမ်းလှေရေလုပ်သားများ ရပိုင်ခွင့်ကိစ္စ စီမံ၊ ဘဏ္ဍာဝန်ကြီးလာရောက်ဖြေရှင်းပေးရာပြေလည်မှုရ
ရေလုပ်သားများ ညှိနှိုင်းလုပ်ခလစာအတွက် ကျေနပ်ကြောင်းလက်မှတ်ထိုးစဉ်။ (ဓာတ်ပုံ-ဇော်နီ)

မြိတ်၊ ဇွန် -၁၁ ။              ။ မြိတ်မြို့ရှိ ထူးထူးတိုးကုမ္ပဏီပိုင် ငါးဖမ်းလှေ၏ ရေလုပ်သားများရပိုင်ခွင့်ကိစ္စနှင့် ပတ်သက်၍ တနသာၤရီတိုင်းဒေသကြီး စီမံ၊ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း လာရောက်ဖြေရှင်းပေးခဲ့ပြီး ဇွန် (၁၁) ရက်တွင် ပြေလည်မှုရရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန် (၂) ရက်က အဆိုပါ ရေလုပ်သား(၄၀)ဦးက လုပ်ငန်းရာသီ သိမ်းချိန်တွင် လုပ်အားခ အပြည့်အဝ ရှင်းမပေးသည့် ကိစ္စနှင့် ပတ်သက်၍ မြိတ်မြိ့ုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လာရောက်တိုင်ကြားခဲ့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ မြိတ်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် လာရောက်ဖြေရှင်း ပေးခြင်းဖြစ်ကြောင်း ဝန်ကြဆိုသည်။

“ရေလုပ်သားတွေကိစ္စကို ပါတီမှာလာရောက်အကြောင်းကြားတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ညွှန်ကြားချက်နဲ့ အခုလို လာရောက်ဖြေရှင်းပေးခြင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အဆိုပါရေလုပ်သားများသည် လုပ်ငန်းခွင် စတင်ဝင်ရောက်ချိန်၌ လုပ်အားခ ကျပ်(၁၅)သိန်းရရှိမည်ဟု ပြော ဆိုထားခဲ့ပြီး အမှန်တကယ် လုပ်အားခရှင်းပေးသည့်အချိန်တွင် (၈)လ လုပ်ခအတွက် လုပ်အားခမှာ (၄) လစာ ကျပ် (၆၁၀,၀၀၀)သာ ရှင်းပေးခဲ့သည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ကာ ဇွန် (၂)ရက် ညနေပိုင်းက ယင်းကိစ္စကို ကုမ္ပဏီက တာဝန်ခံဖြေရှင်းခဲ့ပြီး ပြေလည်မှုမရှိခဲ့၍ ယခုကဲ့သို့ ထပ်မံဖြေရှင်းကြခြင်းဖြစ်သည်။

သို့သော်လည်း ငါးဖမ်းလှေများ၏ ထုံးစံအရ လစာစနစ် မကျင့်သုံးဘဲ ငါးဖမ်းဆီးရရှိမှုတည်ပြီး လုပ်အားခရှင်း ပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ (၈)လတာအတွင်း ငါးဆရာနှင့် ရေရှုး (ရေငုပ်ကျွမ်းကျင်သူ) ၂ သုတ်ဖြစ် ခဲ့သည့် အတွက် လုပ်ခလစာရှင်းပေးသည့်အနေအထား အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်နိုင်သည်ဟု ဖြေရှင်းမှုတွင် ပါဝင်ခဲ့ သည့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးလှသန်းက ဆိုသည်။

ထူးထူးတိုးကုမ္ပဏီမန်နေဂျာနှင့်တာဝန်ခံဖြစ်သူတို့က လုပ်အားခ(၈)လစာအတွက် ယခင်ပြောဆိုခဲ့သည့် လစာ ငွေအစား နှစ်ဦးနှစ်ဖက်ပြေလည်နိုင်စေရန် လစာငွေ (၁၃) သိန်းအဖြစ် ညှိနှိုင်းပေးခဲ့သည့်အတွက် ရေလုပ်သား များအနေ ဖြင့် ကျေနပ်မှုရှိခဲ့ပြီး သဘောတူကြောင်း လက်မှတ်ထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly