အံ့အားသင့်ဖွယ်ရာအနိုင်ဂိုး သွင်းယူနိုင်၍ ပေယက် မယုံကြည်နိုင်အောင် ဖြစ်နေ

အံ့အားသင့်ဖွယ်ရာအနိုင်ဂိုး သွင်းယူနိုင်၍ ပေယက် မယုံကြည်နိုင်အောင် ဖြစ်နေ

ဇွန် ၁၁၊ ပြင်သစ် ။                ။ ပြင်သစ်အသင်းက ရိုမေးနီးယားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရို ၂၀၁၆ အဖွင့်ပွဲစဉ်တွင် နောက်ကျအနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပေယက်မှာ မယုံကြည်နိုင်အောင် ဖြစ်လျက်ရှိသည်။

ထိုပွဲစဉ်တွင် ပြင်သစ်အသင်းသည် တိုက်စစ်မှူး ဂီရော့ဒ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ရိုမေးနီးယားက ပင်နယ်တီဂိုးဖြင့် ပြန်လည်ချေပနိုင်ခဲ့သည်။ ပွဲပြီးဆုံးခါနီးအထိ ဂိုးထပ်မသွင်းနိုင်ကြသည့် အတွက် သရေကျတော့မည်ဟု ထင်မှတ်နေချိန်တွင် ပေယက်က လှပသည့်အဝေးကန်ချက်သွင်းဂိုးဖြင့် ပြင်သစ်ကို အနိုင်ရစေခဲ့ခြင်းဖြစ်သည်။

‘အိမ်ရှင်အသင်းဖြစ်လို့ ဒီအဖွင့်ပွဲစဉ်က တော်တော်ကို ဖိအားများပါတယ်။ ဒီလို လှပတဲ့သွင်းဂိုးသွင်းယူနိုင်ခဲ့လို့ မယုံကြည်နိုင်ပါဘူး။ ဒီပွဲမကစားခင်အချိန်က တစ်စုံတစ်ယောက်ကသာ ကျွန်တော် ဒီလိုဂိုးသွင်းနိုင်မယ်လို့ ပြောခဲ့မယ်ဆိုရင် ယုံကြည်နိုင်မှာ မဟုတ်ပါဘူး’ ဟု ပေယက်က ပြောဆိုခဲ့သည်။

ပေယက်သည် ထိုပွဲစဉ်တွင် ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို ဂီရော့ဒ်ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးခဲ့သည်။ ထို့အပြင် ဖြတ်တင်ဘော ၁၅ ကြိမ်နှင့် ဖန်တီးမှု ရှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly