ဇင်ဘာဘွေနိုင်ငံက အမျိုးသားဥယျာဉ် ဆက်လက်လည်ပတ်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့ ဆင်များရောင်းချကာ ရန်ပုံငွေရှာ

ဇင်ဘာဘွေနိုင်ငံက အမျိုးသားဥယျာဉ် ဆက်လက်လည်ပတ်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့ ဆင်များရောင်းချကာ ရန်ပုံငွေရှာ

ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့မှ ဆင်ကောင်ရေ အနည်းဆုံး ၂၀ သည် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ထိုဆင်များကို ပြီးခဲ့သည့်နှစ်က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ကောင်ကို ဒေါ်လာ ၄၀၀၀၀ (ပေါင် ၂၆၀၀၀) ဝန်းကျင်ဖြင့်ရောင်းချ ခဲ့ခြင်းဖြစ်သည်။

ရောင်းချရငွေသည် ဟွန်ဂျီ အမျိုးသားဥယာဉ်လည်ပတ်ရေးအတွက်နှင့် ဆင်အုပ်စုများ များပြားလာခြင်းကို နည်းပါးသွားစေရန် အတွက်ဖြစ်ကြောင်း ဇင်ဘာဘွေတာဝန်ရှိသူများက ပြောသည်။

အာဖရိကတွင် ဆင်များသည် တရားမဝင်ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

ဆင်များဖမ်းဆီးခြင်းကို ဇင်ဘာဘွေတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ ZCTF က ဝေဖန်သည်။ ယခုရောင်းချသည့် ဆင်များမှာလည်း အသက် နှစ်နှစ်ခွဲမှ ငါးနှစ်အတွင်းရှိ ဆင်များဖြစ်၍ သားခွဲရန် မသင့်သေးသည့်အရွယ်များတွင် ရောင်းချခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ မှ ဥက္ကဌဖြစ်သူ ဂျွန်နီရိုဒရီဂူက ဖြည့်စွက်ပြောခဲ့သည်။

ရောင်းချသည့် ဆင်များမှာ တရုတ်တောင်ပိုင်းရှိ ချမ်းလုံ ဆာဖာရီဥယျာဉ်တွင် ထားရှိမည်ဖြစ်ကြောင်း ဥယျာဉ်၏ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly