လူထုက နားလည်ပေးတဲ့ကာလ အကြာကြီး မရနိုင်ဘူးလို့ ဆိုတဲ့ လူငယ်လွှတ်တော် ကိုယ်စားလှယ် နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

လူထုက နားလည်ပေးတဲ့ကာလ အကြာကြီး မရနိုင်ဘူးလို့ ဆိုတဲ့ လူငယ်လွှတ်တော် ကိုယ်စားလှယ် နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

ကျွန်တော်တို့နိုင်ငံမှာ လူငယ်နိုင်ငံရေးသမားတွေ အများကြီး လိုအပ်တယ်လို့ ထောက်ပြပြောဆို တာတွေ ရှိတယ်။ နောက်တစ်ခုက ဒီလူငယ်တွေကိုလည်း နေရာပေးရမယ်လို့ ပြောတယ်။ ဆိုတဲ့အခါ လူငယ်နိုင်ငံရေးသမားတစ်ယောက် ဒါမှမဟုတ် လွှတ်တော် အမတ်တစ်ယောက် အတွက် သူ့ရဲ့ နိုင်ငံရေး အရည်အချင်း သူလေ့လာသင့်တဲ့အရာတွေက ဘာတွေများဖြစ်မလဲ။ ယေဘု ယျပြောမယ် ဆိုရင်တော့ နိုင်ငံရေးပဲ လေ့လာရမယ်ဆိုတော့ တိတိပပ ပြောမယ်ဆို ဘာတွေများ ဖြစ်မလဲ။

အဓိကကတော့ စာဖတ်ဖို့ပါပဲ။ နောက်ပြီးတော့ လေ့လာဖို့ပေါ့။ လေ့လာတယ်ဆိုတဲ့နေရာမှာ လည်း စာအုပ်တွေလည်း ဖတ်ရမယ်။ အပြင်မှာလည်း လေ့လာဖို့လိုတယ်။ တချို့ကိစ္စတွေမှာ ကိုယ်တိုင်ဝင်တိုးဖို့ လိုတယ်။ ဝင်လုပ်ကြည့်ဖို့လိုတယ်။ စာတွေ့နဲ့ ကိုယ်တွေ့နဲ့ဟာ တချို့ဟာတွေမှာ ကွာဟတတ်တယ်။ စာလည်းဖတ်ပါ။ လေ့လည်း လေ့လာပါ။ အချို့ကိစ္စတွေမှာ ဝင်ပြီးတော့လည်း အလုပ်လုပ်စေချင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ခေတ်တုန်းကတော့ နိုင်ငံရေးသိပ္ပံတို့ International Relationship တို့ သူတို့တွေကို နိုင်ငံရေးနဲ့ သက်ဆိုင်တာ ဘာသာတွေကို သင်ကြားခွင့် မရခဲ့ဘူး။ မရခဲ့တော့ ကျွန်တော်တို့ရဲ့ ဆရာတွေက စာအုပ်တွေဖြစ်တယ်။ ကျွန်တော်တို့ရဲ့ဆရာတွေက ကျွန်တော်တို့ရဲ့ စီနီယာတွေဖြစ်တယ်။ ကျွန်တော်တို့ရဲ့ဆရာ ကျွန်တေ်ာတို့ရဲ့ ကျောင်းတော်ကြီးက ထောင်ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် အခုခေတ်တော့ နဲနဲလေး ပြောင်းလဲလာတဲ့ အနေအထားတစ် ခုမှာ ကျွန်တော်တို့နဲ့မတူတဲ့ အခွင့်အရေးတွေ လမ်းကြောင်းတွေ ပွင့်လာပါပြီ။ အဲဒီတော့ အခွင့်အရေး တွေ ပေါ်လာတယ်။ space တွေ ပွင့်လာတယ်။ အဲဒီတော့ လူငယ်တွေကို ဝင်ပြီးတော့ တိုးစေချင် တယ်။ အဲဒီတော့လေ့လာပါ။ စာဖတ်ပါ။ နောက်ပြီးတော့ ပေါ်လာတဲ့ space တွေကို ဝင်လုပ်ပါ။ ဟို Ready ဖြစ်မှ ဝင်လုပ်တာမျိုး မဟုတ်ပဲနဲ့ ကျွန်တော်တို့ တချို့ကိစ္စတွေမှာ စွန့်စားပြီးတော့ ဝင်လုပ်စေ ချင်တယ်။ အခုလည်း NLD က ပါတီပြန်လုပ်တဲ့အခါ လူငယ်တွေပဲ ပြန်ဖွဲ့စည်းမယ်ဆိုတဲ့ဟာမျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်။ တကယ် နိုင်ငံရေးကို စိတ်ပါဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ချိန်တစ်ခါတုန်းကတော့ လူတွေက နိုင်ငံရေးပါတီတွေဆိုရင် ကြောက်နေတယ်။ ပါတီနိုင်ငံရေဆို ကြောက်တယ်။ မလုပ်နဲ့ ထောင်ကျမယ်ပေါ့။ အခုကျတော့ အဲ့လိုမဟုတ်ပါဘူး။ ပါတီနိုင်ငံရေးဆိုတာ တိုင်းပြည်ကို ကြီးမားတဲ့ အပြောင်းအလဲလုပ်ဖို့ ပေါ်လစီအပိုင်းတွေ ပြောင်းလဲနိုင်ဖို့ ကြိုးစားထားတဲ့ ကိစ္စ။ အဲတော့ ဒီလိုမျိုး ပါတီနိုင်ငံရေးတွေ ပြန်လည်ဖွဲ့စည်းတဲ့အခါမှာလည်း လူငယ်တွေကို ကျွန်တော် တက်တက်ကြွကြွ ပါဝင်စေချင်တယ်။ နိုင်ငံရေးကို ကိုယ်တိုင်ကိုယ်ကျ စာလည်းဖတ်တာဖတ် အပြင်မှာလည်း လေ့လာ ကိုယ်ကိုယ်တိုင်လည်း ကျရာနေရာကနေ ပါဝင်ပြီးတော့ လှုပ်ရှားစေ ချင်တယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပေါ့နော် ၂၀၁၀ မတိုင်ခင်တုန်းကတော့ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂါတ် ဟာ တော်တော်ကို ဝေဝေဝါးဝါးလို့ ပြောလို့ရတဲ့ အခြေအနေပါ။ ကိုနေဘုန်းလတ်လည်း သိပါတယ်။ ဘလော့တွေဘာတွေ ရေးတဲ့အခါမှာ အင်မတန်မှ မလွတ်မလပ် ရေးခဲ့ရတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီးတော့မှ လုပ်ခဲ့ရတယ်။ ဆိုတဲ့အခါကျတော့ လာမယ့် ၂၀၁၀ ခုနှစ် အရပ်သား အစိုးရလို့ပဲ ပြောကြပါစို့။ ၂၀၁၀ မှ စပြီးတော့မှ အခုဆိုရင် အရပ်သားအစိုးရ သီးသန့်ဖြစ်လာပြီ။ လူငယ် တွေရဲ့ လုပ်ပိုင်ခွင့် ဘယ်လောက်ထိကို တိုးတက်လာပြီလဲ။ ဘယ်လောက်ထိ လွတ်လပ်လာပြီလဲ။ ဘယ်လောက်ထိ လေ့လာလို့ ရနေပြီလဲ။ ဘယ်လိုမြင်လဲ။

ကျွန်တော်ကတော့ ဘာနဲ့တိုင်းမလဲဆိုတာ မူတည်တယ်ပေါ့။ ကျွန်တော်တို့ အရင် အာဏာရှင် စနစ်နဲ့ တိုင်းတယ်ဆိုရင်တော့ သေချာတယ်။ ကျွန်တော်တို့မှာ space တွေ ပေါ်လာတယ်။ ပေါ်လာ ပေမယ့်လည်း ကျွန်တော်တို့မှာက ဘာဖြစ်လဲဆိုတော့ လူငယ်နဲ့ လူကြီးကြားမှာ ပြဿနာက ဘာလဲ ဆိုတော့ အဆိုးသံသရာပေါ့နော်။ လူကြီးတွေကလည်း စိတ်မချဘူး။ လူငယ်တွေကို ပေးလုပ်ရမှာ စိတ်မချဘူး။ တချို့နေရာတွေမှာ ဟိုတလောကတောင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေတာ ကြားလိုက်သေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အသက်ကို လျော့ဖို့လေ။ အခု သမ္မတအသက်တို့ ဝန်ကြီးအသက်တို့ကို အမှန်တိုင်းပြောမယ်ဆိုရင် ထပ်လျော့ချမယ်ဆိုရင် လျော့ချလို့ရတဲ့ အနေအ ထားမျိုး။ ဒါပေမယ့်လည်း ကျွန်တော်တို့က အဲ့ဒါတွေမှာကလည်း မြင့်နေတုန်းပဲ။ တကယ့် ပြင်ပမှာ ဆိုရင် အမှန်တိုင်းပြောမယ်ဆိုရင် တချို့ဟာတွေ အထူးသဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ Position တွေ လူငယ်တွေကိုပေးဖို့ လူကြီးတွေကလည်း စိတ်မချဘူးဆိုတာမျိုး ကျွန်တော် တစ်ခါတုန်းကတောင် ဖေ့ဘုတ်မှာ ရေးလိုက်ပါသေးတယ်။ လူငယ်တွေနေရာမရတာ လူငယ်တွေ အဆင်သင့်မဖြစ်သေးလို့ မဟုတ်ဘူး။ လူကြီးတွေ အဆင်သင့်မဖြစ်သေးလို့လို့ ရေးုလိုက်သေးတယ်။ အဲ့တုန်းကလည်း ကိုယ့်ဘာသာကိုယ် စိတ်တိုပြီး ရေးလိုက်တာပေါ့နော်။ တကယ်တမ်းကျတော့လည်း ဒါ အဆိုးသံ သရာပေါ့နော်။ ဟို စိတ်မချဘူး စိတ်မချဘူးဆိုပြီး လူငယ်တွေကို ပေးမလုပ်ရင် ပိုပြီးတော့ စိတ်မချရ ဖို့ပဲရှိတယ်။ ဘာမှ ဒီလူငယ်တွေရဲ့ အရည်အသွေးက တက်လာမှာမဟုတ်ဘူး။ အဲ့တော့ အရင်ထ က်စာရင်တော့ ကျွန်တော်တို့ လူငယ်တွေအတွက် ပိုပြီးတော့အခွင့်အလမ်းတွေ အခွင့်အရေးတွေ စပေ့တွေ ပေါ်လာပါတယ်။ ဒါပေမယ့်လဲ အဲ့ဒါတွေကို ထပ်ထပ်ပြီးတော့ ချဲ့ထွင်ဖို့ လိုသေးတယ်။ အဲ့လို ချဲ့ထွင်တဲ့နေရာမှာကလည်း ကျွန်တော်မြင်တာကတော့ အပြင်ကနေ ပြောနေမယ့်အစား အတွင်းထဲ ကနေ ဝင်ချဲ့ပေး ကိုယ်ကိုတိုင် ချဲ့ပေး။ လူငယ်တွေ လုပ်နိုင်တာတွေကို ပြရင်းပြရင်းနဲ့ တစ်ဖက်က လည်း ယုံကြည်မှုရလာမယ်။ အဲ့တော့ စိတ်မချဘူးဆိုတဲ့ အမြင်တွေ တဖြေးဖြေး လျော့လာပြီးတော့ နေရာကို အတွင်းထဲကနေ ဝင်ပြီးတော့ တွန်းချဲ့တဲ့ဟာမျိုးတွေ လူငယ်တွေကို အဲ့ဒါမျိုးတွေ လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

ခုနက အကိုပြောခဲ့တဲ့ မေးခွန်းကို ကျွန်တော် ပြန်ကောက်ရရင် ပထမကတော့ ဘလော့ဂါအနေ နဲ့ ရပ်တည်ခဲ့တယ်။ NGO အနေနဲ့ ရပ်တည်ခဲ့တယ်။ အဲတော့ နိုင်ငံရေးထဲ ရပ်တည်လာတဲ့ အခါကျတော့ ဘယ်လိုမျိုး ခံယူချက် ခုနက ခံယူချက်ကိုပဲ ကျွန်တော်ပြောထားတာ။ အဲတော့ ခံယူချက်အပြင် နောက်ထပ် ဘာတွေများ မျှော်မှန်းပြီးတော့ ဒီ နိုင်ငံရေးထဲ ဝင်ခဲ့တာလဲ။

ကျွန်တော်ရဲ့ Type ကလေ ကျွန်တော်က အဝေးကြီးကို သိပ်ပြီး ကြည့်လေ့ကြည့်ထမရှိဘူး။ တချို့တွေကတော့ ရှိကောင်းရှိမယ်။ ဟိုဟာဖြစ်ချင်လို့ ဒီဟာဖြစ်ချင်လို့ ကျွန်တော်ကတော့ မဟုတ် ဘူး။ ကျွန်တော်ရှေ့မှာ မြင်နေရတဲ့အနေအထားက ကျွန်တော် မကြိုက်ဘူးဗျာ။ အဲဒါတွေကို ပြောင်းပစ်ချင်တယ်။ ပြောင်းပစ်ချင်တဲ့နေရာမှာ ဘယ်လိုပုံစံတွေနဲ့ ပြောင်းမလဲဆိုတာ အခု အရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲထဲကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ပြီးတော့ ဒီလှုပ်ရှားတာ အပြောင်းအလဲကိုဝင်ပြီးတော့ အရွေ့တစ်ခုကို ဖန်တီးနိုင်မယ်လို့ အဲ့လိုယုံကြည်လို့ ကျွန်တော် ဝင်တွန်းတာ။ ကျွန်တော့မှာ အရမ်းမြင့်မားတဲ့ ဟိုဟာကြီးဖြစ်ချင်တယ်။ ဒီဟာကြီးဖြစ်ချင် တယ်ဆိုတာတော့ မရှိဘးူ။ ဒါကျွန်တော်ရဲ့ type ပေါ့ အဝေးကြီးကို မျှော်ပြီး တစ်ခုခုကို မျှော်ပြီး ကျွန်တော်လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်ဘာသာ ကျွန်တော် တိုင်းပြည်အတွက် လိုအပ်နေတဲ့ဟာ ကို ကျွန်တော်ရှိတဲ့အားနဲ့ ကျွန်တော် တတ်နိုင်သမျှ ဝင်တွန်းမယ်ဆိုတဲ့ စိတ်နဲ့ ဝင်တွန်းတဲ့နေရာမှာ လည်း ဒီနေရာလေးကနေ ဝင်တွန်းရင် ရွေ့မယ်လို့ ကျွန်တော် ယုံကြည်ပြီးတော့ ဒီနေရာမှာ ဝင်လုပ်ခဲ့ တာပါ။

နိုဝင်ဘာရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တော်တော်များများကတော့ NLD အပေါ်မှာ ပုံအောပြီး တော့ ပေးခဲ့ကြတယ်။ မျှော်လင့်ချက် ကြီးကြီးမားမားထားပြီးတော့ မဲပေးခဲ့ကြတယ်။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ပြောပေးနိုင်မယ့် သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ပေး နိုင်မယ့် သူတို့ရဲ့ ရင်ထဲကစကားတွေကို ပြောပြနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကော သူတို့ရဲ့ဆန္ဒတွေ ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်မှန်းလို့ရမလဲ။

ကျွန်တော် အမြဲပြောပါတယ်။ ကျွန်တော်တို့ ရွေးကောက်ခံလိုက်ရတဲ့ ကိုယ်စားလှယ်တွေအား လုံးရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက လူထုရဲ့ မျှော်လင့်ချက်ပဲ။ လူထုက မျှော်လင့်ချက် အင်မတန်ကြီး တယ်။ အဲ့လိုမျိုး ကြီးတဲ့အခါမှာ လူထုရဲ့ မျှော်လင့်ချက်တွေကို အမှီမလိုက်နိုင်မှာကို ကျွန်တော်တို့က စိုးရိမ်တယ်။ ဒါပေမယ့်လည်း အခုအနေအထားကို ကြည့်တဲ့အခါမှာ လူထုကလည်း တော်တော်လေး ကို နားလည်မှု ရှိပါတယ်။ အခုဆိုရင်လည်းဗျာ ကျွန်တော်တို့ ပါတီက NLD အစိုးရလက်ထက် ရောက်လာတဲ့အခါမှာ သိတဲ့အတိုင်းပဲ မီးတွေကလည်း အသကုန်ပျက်။ ဒီကြားထဲ အခြား မုန်တိုင်းက လည်း ဝင်လိုက်သေးတယ်။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တဲ့အခါမှာ ဝေဖန်မှုတွေလည်း ကျွန်တော်တို့ ကြားရပါတယ်။ ဒါပေမယ့် နားလည်တယ်ဆိုတဲ့ဟာတစ်ခုကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။ ဒါပေမယ့် အဲ့ဒီ လူထုက ချစ်တဲ့စိတ်နဲ့ နားလည်ပေးတဲ့ကာလကို အကြာကြီး မရနိုင်ဘူးခင်ဗျ။ အဲ့ဒါကြီးကို ဟိုဟာဖြစ်ပြီးတော့ ကျွန်တော်တို့ ငြိမ်နေလို့တော့ မရဘူး။ တကယ့် လူထုရဲ့ မျှော်လင့် ချက်ကြီးကို တဆင့်ချင်းစီ တဆင့်ချင်းစီ ကျွန်တော်တို့ ဖြည့်ဆည်းသွားဖို့တော့ လိုတယ်။

အဲ့နေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့က လိုချင်တာတွေအများကြီးထဲမှာ ကျွန်တေ်ာတို့က ဘယ်ဟာက အရေးကြီးလိုအပ်ဆုံးလဲ ဆိုတာကို ခွဲရတယ်။ ခွဲရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ပါပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ဒါ ပထမ ဦးစားပေးထဲမှာ ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့ ရဲ့ခေါင်းဆောင် ဒီဟာကို ပထမဦးစားပေးအနေနဲ့ လုပ်နေတယ်။ အဲ့တော့ တိုင်းပြည်မှာ လိုအပ်တဲ့အ ရာတွေက အကုန်လုံး အရေးကြီးတာတွေပဲ။ ဒါပေမယ့် အရေးကြီးတာချင်း အရေးကြီးတာချင်း ယှဉ်လိုက်တဲ့အခါမှာ နဲနဲလေး ပိုအရေးကြီးတဲ့ဟာက ဘာဖြစ်သွားလဲဆိုတော့ ပထမ ဦးစားပေးအနေနဲ့ ဖြစ်သွားတာမျိုးတွေ ဖြစ်သွားတာပေါ့။

အဲ့ဒါကြောင့်မို့လည်း တချို့ကိစ္စတွေ အချိန်စောင့်ဖို့ လိုမယ်ဆိုတာဟာမျိုးတွေ ပြည်သူတွေကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွန်တော် မေတ္တာရပ်ခံတာပါ။ ကျွန်တော့်အနေနဲ့ကတော့ တက်နိုင်သမျှ ပြည်သူ့လိုအပ်ချက်တွေကို တက်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းပေးဖို့ ကြိုးစားမှာပဲ။ ဒါပေမယ့် တချို့ကိစ္စလေးတွေမှာ ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အရာလေးတွေတော့ ရှိတယ်။

အဲ့တော့ ကျွန်တော် မေးခွန်လေး ပြန်ချုံ့ရလို့ရှိရင် သင်္ကန်းကျွန်းမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်အနေနဲ့ သင်္ကန်းကျွန်းရဲ့ မဲဆန္ဒရှင်တွေကို ဘာများ ပြောချင်သေးလဲ။ ဘာများ မက်ဆေ့ ပေးချင်သေးလဲ။

ကျွန်တော်တစ်ယောက်တည်း အလုပ်လုပ်လို့ မရဘူးခင်ဗျ။ အခုကျွန်တော် လွှတ်တော်ထဲမှာ မေးခွန်းအားလုံးပေါင်း ကျွန်တော် ကြယ်ပွင့်ပြမေးခွန်း ကျွန်တော် လေးခုမေးထားတယ်။ ကြယ်ပွင့်မ ပြမေးခွန်း နှစ်ခုမေးထားတယ်။ အဆိုတစ်ခု တင်သွင်းထားတယ်။ အဲ့ဒီ ကျွန်တော်မေးခွန်း အဆိုတွေ အားလုံးက ကျွန်တော် လူထုထဲဆင်းပြီးတော့ လူထုပြောခဲ့တဲ့ အချက်အလက်တွေပေါ်မှာပဲ ကျွန်တော် အခြေခံပြီး လုပ်ခဲ့တာ။ ကျွန်တော် ထင်ရာမြင်ရာတွေ ကျွန်တော် ဒီစားပွဲပေါ်မှာပဲ ထိုင်ပြီးတော့ ထွက်လာတဲ့ မေးခွန်းတွေမဟုတ်ဘူး။ အဆိုတွေမဟုတ်ဘူး။ အဲ့တော့ နောက်ပိုင်းလည်း လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က မေးခွန်းကောင်းကောင်းမေးနိုင်ဖို့ အဆိုကောင်းကောင်း တင်နိုင်ဖို့ အစိုးရကို ကောင်းကောင်း Check and Balance လုပ်နိုင်ဖို့ဆိုတဲ့နေရာမှာ လူထုရဲ့ ပူးပေါင်းဆောင် ရွက်မှု သိပ်ကိုအရေးကြီးတယ်။

နောက်တစ်ခု ကျွန်တော်ပြောရရင် လွှတ်တော်ကိုယ်စားလှယ်မကောင်း ပြည်သူ့ခေါင်းဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးတာ။ အဲ့တော့ ကျွန်တော်ကို တတ်နိုင်သမျှ ကျွန်တော် ကြိုးစားမယ်။ ကျွန်တော့်နောက်မှာ ပြည်သူမပါပဲနဲ့တော့ ကျွန်တော့ရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်မှာမဟုတ်ဘူး။ ကျွန်တော်ရဲ့ လုပ်ဆောင်မှုတွေက ပြောင်မြောက်မှာမဟုတ်ဘူး။ အဲ့တော့ ပြည်သူတွေက မဲပေးလိုက်ပြီ။ ကျွန်တော်တို့ ဒီအတိုင်းပဲ စောင့်ကြည့်လိုက်မယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ ကျွန်တော်တို့ ကြိုးစားနေတဲ့ ကြိုးစားဆောင်ရွက်မှုတွေ ထဲမှာ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်နဲ့အတူ NLD နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အရွေ့ ကြီးကို ဒါကြိးကို ပူးပေါင်းဆောင်ရွက်ကြပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။

ကျွန်တော်ရဲ့ အတွေ့အကြုံလေးကို တစ်ချက် ပြောပြချင်တယ်။ အကြောင်းက ဘာလဲဆိုတော့ ကိုနေဘုန်းလတ်တို့ မဲဆွယ်စည်းရုံးစဉ်အခါက ကျွန်တော်တို့ရပ်ကွက်ကိုလည်း ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Survey လေးကောက်သွားတယ်။ Application တစ်ခုနဲ့ ထင်ပါတယ်။ ကောက်တဲ့အခါမှာ ဘာတွေလိုအပ်ချက်တွေရှိလဲ ဘာတွေလိုအပ်လဲ ဘာတွေဖြစ်လဲဆိုတော့ ကျွန်တော်က ကျွန်တော်အိမ် ရှေ့နားက ရေမြောင်းကို ပြတယ်။ ခင်ဗျားတို့ကြည့် ဒီမှာအမှိုက်တွေရှိတယ်။ ပိုးလောက်လန်းတွေလည်း အများကြီးပဲ။ အဲ့တော့ မိုးရွာလို့ရှိရင် ပြဿနာရှိတယ်။ ကျွန်တော်နေတဲ့အခန်းကိုကြည့်ပါ အက်နေ တယ်။ စံချိန်စံညွှန်းမရှိတဲ့ အချက်တွေဖြစ်တယ်။ ပြီးတော့ ဘေးမှာလည်း ရေမြောင်းက အမှိုက်တွေ လည်း အများကြီးဖြစ်နေတယ်။ ဒါက ကျွန်တော်လည်း တစ်ယောက်တည်း မလုပ်နိုင်ဘူး။ ကျွန်တော် တတ်နိုင်သလောက်တော့ရှင်းတယ်။ ဒါပေမယ့် စည်ပင်ကနေပြီးတော့ တာဝန်ယူပြီးတော့ လုပ်ရမယ်။ အဲ့ဒီအခြေအနေများ ဘယ်လောက်ထိ အဲ့ကောက်သွားတဲ့ Survey တွေက ဘယ်လောက်ထိ Effective အဖြစ် လုပ်နေပြီလဲ။

ကောက်သွားတဲ့ စစ်တမ်းတွေမှာလည်း ဒါ တော်တော်များများ လေ့လာကြည်တဲ့အခါမှာ တော်တော်များများ စည်ပင်နဲ့ပတ်သက်နေတာ တွေ့ရတယ်ပေါ့နော်။ ကျွန်တော် ကောက်သွားတဲ့ စစ်တမ်းတွေလည်းရှိတယ်။ နောက်ပြီး လူထုတွေ့ဆုံပွဲတွေလည်း ဒီရက်ထဲမှာ ကျွန်တေ်ာတို့ လုပ်လိုက် သေးတယ်။ အဲ့နှစ်ခုအပေါ်မှာမူတည်ပြီးတော့ ခုနက မေးခွန်းတွေဖြစ်လာတယ်။ အဆိုတွေဖြစ်လာ တယ်။ နောက်တစ်ခုက မေးခွန်းတွေ အဆိုတွေတင်မကဘူး ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို အဲ့ဒီမှာ ပြတ်ပြတ်သားသား ကျွန်တော် သိသွားတယ်။ မိုးကလည်း ကျတော့မယ်။ အဲ့ဒီအခါမှာ ဒီကာ လ ရန်ကုန်တိုင်းလွှွတ်တော်ရဲ့ ဒုတိယအကြိမ် သက်တမ်း ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ကျွန်တော် ကောင်းကောင်အလုပ်လုပ်နိုင်ခဲ့တာက အဲ့ရှေ့မှာ ရှိခဲ့တဲ့ စစ်တမ်းရယ် နောက် လူထု တွေ့ဆုံပွဲရယ် အဲ့နှစ်ခု ကျွန်တော် လုပ်ထားလို့သာ ဒါတွေထွက်လာပြီးတော့ ဒီလိုအလုပ်လုပ်နိုင်တာ ပေါ့နော်။ ဒီနှစ်ခုသာ မလုပ်ထားဘူးဆိုရင် ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်း သိမှာမဟုတ်ဘူး။

အဲဒီတော့ နောက်ပိုင်းလည်း လူထုဆီက သဘောထား စစ်တမ်းကောက်ယူတာမျိုး ကိုယ်ကိုတိုင် လူထုကို သွားပြီးတော့ တွေ့တာမျိုး လူထုရဲ့ အကြံပြုချက်ကို လက်ခံတာမျိုး လူထုနဲ့ ကိုယ်စားလှယ် အကြားမှာ လမ်းကြောင်း အကျယ်ကြီး ဖွင့်ထားဖို့ လိုတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်က ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ ပြောတာပေ့ါခင်ဗျာ။ အစိုးရအနေနဲ့လည်း လူထုရဲ့ ဘယ်ကိစ္စပဲလုပ်လုပ် လူထုရဲ့ သဘောထားဆန္ဒကို ထည့်သွင်းစဉ်းစားပြီးတော့လုပ်စေချင်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ လည်း လူထုကို တိုက်ရိုက်မဆင်းချင်တောင်မှပဲ လူထုရဲ့ သဘောထားတွေကိုလည်း ထည့်သွင်းစဉ်း စားခြင်းအားဖြင့် လူထုရဲ့သဘောထားကို ထည့်သွင်းစဉ်းစားတဲ့သဘော သက်ရောက်သွားမယ်ပေါ့ နော်။ ကျွန်တော်ကတော့ အမြဲပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကြားနဲ့ လူထုရဲ့ကြားမှာ ဘာမှ မရှိပါဘူး။ ကျွန်တော်ဆီကို အချိန်မရွေး လာလို့ရတယ်။ အကြံပြုလို့ရတယ်။ ပြဿနာတွေရှိရင် တင်ပြလို့ရတယ်။ ကျွန်တော် အဲဒီ Data တွေကို စုပြီးတော့ တစ်ဖက်မှာ ဘာလုပ်မလဲဆိုတာကို ကျွန်တော်စဉ်းစားတဲ့အခါမှာ ဒီဒေတာတွေက ကျွန်တော်အတွက် အများကြီး တန်ဖိုးရှိတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အချိန်လေးလည်းလင့်လာပြီဆိုတော့ အခြား ဖြည့်ပြောချင် တာလေးများ ရှိရင် ပြောပေးပါဦးခင်ဗျ။

ကျွန်တော်တို့ ဒီငါးနှစ်သက်တမ်းမှာ တချို့ကိစ္စတွေက တစ်နှစ် နှစ်နှစ်ထဲမှာ အကောင်အထည် ပေါ်လာတာတွေ ရှိလာနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ လေးငါး ခြောက်နှစ်မှ ပေါ်လာတာတွေလည်း ရှိကောင်းရှိမယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်ကတော့ ပြည်သူလူထုကို အမြဲတမ်း စောင့်ကြည့် နေပေးပါ။ စောင့်ကြည်ပေးရုံမဟုတ်ပဲနဲ့ ကျွန်တော်တို့နဲ့ အတူတကွ ချိတ်ဆက်ပြီးတော့ လက်တွဲ အလုပ်လုပ်ပြီးတော့ ကျွန်တော်တို့ ဒီ အပြောင်းအလဲတစ်ခုကို အတူဝိုင်းပြီးတော့ တွန်းချင်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေကို ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင်ပါလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ကျွန်တော် တွေ့ဆုံ မေးမြန်းခဲ့သူကတော့ သင်္ကန်းကျွန်းမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ် ဖြစ်ပါတယ်ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly