ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ မသဥ္ဖာရွှန်းလဲ့ရီ

08 June 2016
ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ မသဥ္ဖာရွှန်းလဲ့ရီ

လူငယ်တစ်ယောက် လုပ်ကိုင်နိုင်တဲ့ ခွန်အာတွေ၊ စွမ်းရည်တွေကို မှန်ကန်တဲ့ဘက်မှာ အသုံးချနိုင်ခဲ့ရင် နိုင်ငံရဲ့အနာဂတ်ဟာလည်း လှပလာမှာပါ။ ဒီလိုအနာဂတ်မ်ျိုးရရှိဖို့အတွက် လူငယ်တွေအချင်းချင်း စုစည်းလုပ်ဆောင်နိုင်အောင် ဦးဆောင်ကြိုးပမ်းနေကြတဲ့အထဲမှာ “မသဉ္ဇာရွှန်းလဲ့ရည်” လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ နိုင်ငံတကာ တက်သစ်စလူငယ်ခေါင်းဆောင်ဆု ရရှိထားသူဖြစ်ပါတယ်။ သူ့ဘ၀ ငယ်စဉ်ကတည်းက သူဘယ်လိုအလုပ်တွေလုပ်ခဲ့ရတယ် ဘယ်လိုအတွေ့အကြုံနဲ့ စခဲ့ရတယ်ဆိုတာနဲ့ သူ့ဖြတ်သန်းမှု သူ့လုပ်ဆောင်ချက်များ၊ သူ့ ခံယူချက် အစရှိတာတွေကို  သူက အခုလို ရှင်းပြသွားပါတယ်။

“ ကျမက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မွေးဖွားခဲ့တယ်။ မိဘတွေက ဝန်ထမ်းတွေဖြစ်လို့ ငယ်စဉ်က နယ်အစုံကိုပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။ ငယ်စဉ်တုန်းက ဝန်ထမ်းမိသားစုဖြစ်တာမို့ ကိုယ့်တနိုင်တပိုင် စီးပွားရေးလေးတွေ လုပ်တာရှိတယ်။ အဲဒီမှာလည်း ဝင်ကူပေးရတယ်။ အသက် ဆယ့်နှစ် ဆယ့်သုံး အရွယ်ကတည်းက အိမ်စီးပွားရေးကို ဦးဆောင်ပြီးလုပ်ရသလိုရှိခဲ့တယ်။ အသေးလေးပါပဲ ဥပမာဆိုရရင် အဖွားရဲ့ဆိုင်၊ ပြီးတော့ အိမ်မှာစတိုးဆိုင်ဖွင့်တာ ဝင်ကူပေးခဲ့ရတယ်။ သုံးတန်းအရွယ်ကတည်းက အိမ်ကထုတ်တဲ့ လက်မှုပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့ မြို့ထဲမှာ လိုက်စပ်ရတယ်။ တကယ်တော့ သုံးတန်းအရွယ်ကလေးတစ်ယောက်က ဒီလိုလုပ်ခဲ့ရတာ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် ဒါပေမယ့် တကယ်လုပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဆယ်တန်းပြီးကတည်းက ပညာရေးတက္ကသိုလ် တက်ခဲ့တယ်။ ဘီအီဒီကို ၂၀၀၇ ခုနှစ်ကစတက်ပြီး ၂၀၁၃ ခုနှစ်မှာ ဘီအီဒီဘွဲ့ရရှိခဲ့ပါတယ်။ ရွှန်းလဲ့က မိသားစုမှာ အကြီးဆုံးသားသမီးဖြစ်တော့ လူကြီးပုံသဏ္ဍာန်မ်ျိုးနေထိုင်တာမျိုးကို သဘောကျတယ်။ ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ လုံး၀ အမှားအမှန်ကိုသိထား စဉ်းစားဝေဖန် သုံးသပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တယ်၊ တချိန်တည်းမှာပဲ လူငယ်ရဲ့ ဝိသေသလက္ခဏာတွေဖြစ်တဲ့ ဖြတ်လတ်တယ် တက်ကြွတယ်၊ နောက် အန္တရယ်တွေဘာတွေဖြစ်လာရင် စွန့်စားတတ်တာမ်ျိုး၊ သတ္တိရှိတာမျိုး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီးတော့ အမှားကိုမကြောက်ပဲနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ဆက်တက်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တယ်။

နောက် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တယ်၊ ပြီးတော့ ကိုယ်ပိုင်ထောင်ထားတဲ့ လူငယ်ကွန်ရက်မှာပဲ ညှိနှိုင်းရေးမှူးတာဝန်တွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ လူငယ်ဖိုရမ်တွေနဲ့ လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့ရပိုင်ခွင့်တွေကို ဥပဒေရေးရာအနေနဲ့ လုပ်ဆောင်လို့ရအောင် လူငယ်ရေးရာမူဝါဒတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာ ရှိပါတယ်။ ပြီးတော့ ပါဝင်နေတဲ့ My Friend Campaign ဆိုတာ ရှိပါတယ်။ ဒါကတော့ မတူကွဲပြားမှုတွေကြားက မိတ်ဆွေသူငယ်ချင်းဖြစ်ဖို့ အဓိကပံ့ပိုးမြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ ဒါကလည်း ၂၀၁၅ ခုကတည်းက လုပ်နေတာဖြစ်ပြီး ဆက်လုပ်သွားမှာဖြစ်ပါတယ်။

နောက်တစ်ခုက ရွှန်းလဲ့ရဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မီတီမှာ အဓိက ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ၊ ရပ်ကွက် အုပ်ချုပ်ရေးဥပဒေ   ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်နဲ့ ချိတ်ဆက်လုပ်ဆောင်သွားဖို့ရှိပါတယ်။

တကယ့်တကယ် လိုအပ်နေတာကတော့ ကျွမ်းကျင်ရာလုပ်ဆောင်နေတဲ့လူငယ်တွေကို ပြန်ချိတ်ပေးတဲ့ Position ကို အဓိကယူဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။   

ဒီဆုက ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေ ပဋိပက္ခအလွန် ဒီမိုကရေစီအကူးအပြောင်းကာလမှာရှိတဲ့နိုင်ငံတွေ၊ နောက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူငယ်တွေကို အဓိကကြည့်တယ်။ အဲဒီလူငယ်တွေ ကောင်းတဲ့ အပြောင်းအလဲဘက်ကို သွားနေတဲ့လူငယ်တွေ၊ အဓိကအားဖြင့်တော့ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်နေသော မတူညီတဲ့ လူငယ်တွေရဲ့ တီထွင်မှုအယူအဆရှိတဲ့လူငယ်တွေကို ကြည့်ပါတယ်။ အဲဒီဖိုရမ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်တယ်၊ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြားမှာရှိတဲ့လူငယ်တွေကို ရွေးချယ်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်သံရုံးတွေကို သတင်းအချက်အလက် ဖြန့်ဝေလိုက်ပြီးတော့ အမေရိကန်သံရုံးတွေကတဆင့် နာမည်စာရင်း တင်သွင်းရတယ်။ အယောက် ၄၀ ကျော်ရှိပါတယ်။ အဲဒီအထဲကမှ ၁၀ ဦးကို ရွေးထုတ်တယ်။ အဲဒီအထဲကမှ မြန်မာနိုင်ငံအနေနဲ့ ရွှန်းလဲ့ရဲ့လုပ်ဆောင်မှုတွေကို သူတို့သဘောကျတယ်။ အဓိကက အစွန်းရောက်ဝါဒလို့ပြောတဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေအပေါ်မှာ လူငယ်တွေအနေနဲ့ ဘယ်လိုအကောင်းဘက်ကနေသွားမလဲဆိုတာ လုပ်ဆောင်နေတာတွေရှိတယ်၊ ငြိမ်းချမ်းရေးဆိုင်ရာ ပါဝင်လုပ်ဆောင်နေတာတွေ ရှိတယ်၊ နောက် လူငယ်တွေရဲ့အသံတွေ စုစည်းပြီးတော့ တကဲ့ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေမှာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်တောတွေကို အခြေခံပြီးမှ ဒီဆုကို ပေးဖို့ဆုံးဖြတ်ခဲ့တာပဲလို့ မြင်ပါတယ်။

တွေ့ခဲ့တာကတော့ သူနဲ့ကိုယ်မသာ သူမသာ နိုင်ငံတွေကလူတွေ တွေ့ခဲ့ရတယ်ဆိုတော့ အဲဒီလူငယ်တွေက ဘာတွေလုပ်နေသလဲဆိုတာမြည်းစမ်းလို့ရတယ် သူတို့ နိုင်ငံမှာလည်း အခက်အခဲတွေရှိတယ်၊ ရွေးချယ်ခံရတဲ့လူငယ်တွေကိုယ်က ထူုးခြားစွာပဲ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြတယ်။ မတူညီတဲ့ ခေါင်းဆောင်မှုပုံစံတွေ ရှိကြတယ်။

စိတ်ဖိစီးလာပြီဆိုရင်တော့ တရားထိုင်ဖြစ်တယ်။ ဘာပဲလုပ်လုပ် စေတနာမေတ္တာရှေ့ထားပြီးတော့လုပ်တယ်၊ ကိုယ်လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ကိုယ့်ဖါသာကိုယ် ဆုံးဖြတ်တယ်၊ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly