အာရှတွင် မိခင်မှ ကလေး အိတ်ချ်အိုင်ဗီကူးစက်မှု ပပျောက်သည့် နိုင်ငံ ထိုင်းနိုင်ငံပထမဆုံးဖြစ်လာ

အာရှတွင် မိခင်မှ ကလေး အိတ်ချ်အိုင်ဗီကူးစက်မှု ပပျောက်သည့် နိုင်ငံ ထိုင်းနိုင်ငံပထမဆုံးဖြစ်လာ

ဘန်ကောက်၊ ဇွန် ၈ ။             ။ အိတ်ချ်အိုင်ဗီပိုး တိုက်ဖျက်ရာ၌ သမိုင်းမှတ်တိုင်တစ်ရပ်အနေဖြင့် အာရှတွင် မိခင်မှ ကလေး ရောဂါပိုးကူးစက်မှု ပပျောက်ကင်းစင်သည့် ပထမဆုံးနိုင်ငံသည် ထိုင်းနိုင်ငံဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇွန် ၈ ရက်တွင် ပြောသည်။

အာရှ၏ အိတ်ချ်အိုင်ဗီပိုး ကူးစက်ဖြစ်ပွားမှု အများဆုံးအနက် တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွက် ကောင်းမွန်သည့် အပြောင်းအလဲကို မျိုးဆက်သစ်များအတွက် ဖော်ဆောင်နိုင်သည့် မှတ်တိုင်တစ်ရပ်လည်းဖြစ်သည်။

WHO က ယခုကြေညာချက်ကို ထုတ်ပြန်ရာ၌ အိတ်ချ်အိုင်ဗီပိုးကို နှိမ်နှင်းနိုင်ကြောင်းကို ထိုင်းနိုင်ငံက သက်သေထူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

WHO ၏ မှတ်ကျောက်တင်ဖော်ပြခံရသည့် နိုင်ငံများတွင် မိခင်မှ ကလေး ရောဂါပိုးကူးစက်မှု ပပျောက်ခဲ့သည့် နိုင်ငံအဖြစ် ကျူဘားနိုင်ငံကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုထားသည်။

အိတ်ချ်အိုင်ဗီပိုးရှိ ကိုယ်ဝန်သည်များကို ထိုင်းနိုင်ငံသည် ပုံမှန် ဆေးစစ်ဆေးခြင်းနှင့် အခမဲ့ဆေးကုပေးခြင်းများ လုပ်ဆောင်ခြင်းဖြစ် ယင်းသို့ မှတ်တိုင်ကို စိုက်ထူလိုက်နိုင်ခြင်းဖြစ်ကြောင်း WHO က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly