နေရှင်နယ်လိဂ်-၂ တွင် ဆောက်သမ်း၊ GFA ၊ ဒဂုံ၊ မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရ

နေရှင်နယ်လိဂ်-၂ တွင် ဆောက်သမ်း၊ GFA ၊ ဒဂုံ၊ မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရ
နေရှင်နယ်လိဂ်-၂ ပွဲစဉ် တစ်ပွဲ  (ဓာတ်ပုံ - သောကြာ)

ရန်ကုန်၊ ဇူလိုင် ၇။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ တွင် ဆောက်သမ်းအသင်း၊ GFA အသင်း၊ ဒဂုံအက်ဖ်စီ အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး မောရဝတီအသင်းနှင့် Horizon အသင်းတို့မှာ ရှုံးပွဲ ကြုံတွေ့ခဲ့သည်။

ပွဲစဉ် ၁၁ တွင် ဆောက်သမ်းအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ၃-၀ ဂိုး၊ GFA အသင်းက ဖုန်ဂန်အသင်းကို ၂-၀ ဂိုး၊ မြဝတီအသင်းက မောရဝတီအသင်းကို ၃-၂ ဂိုး၊ ငွေကြယ်ပွင့်အသင်းက Best United အသင်းကို ၃-၀ ဂိုး၊ ဒဂုံအက်ဖ်စီ အသင်းက Horizon အသင်းကို ၂-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်တွင် ကျင်းပခဲ့သော ပွဲစဉ် ၁၀ တွင် အနိုင်၊ အရှုံး ပြတ်သားသော ပွဲစဉ် သုံးပွဲသာ ရှိခဲ့သော်လည်း ပွဲစဉ် ၁၁ ၌မူ ပွဲစဉ် ငါးပွဲစလုံး အနိုင်၊ အရှုံး အဖြေပေါ်ခဲ့သည်။ ပွဲစဉ် ၁၁ ပွဲစီ ကစားပြီးချိန်တွင် ဆောက်သမ်းအသင်းက ကိုးပွဲနိုင်၊ နှစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး တွင် ဦးဆောင်နေပြီး ဒုတိယနေရာတွင် GFA အသင်းက ခုနစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၂၃ မှတ်ဖြင့် ရပ်တည်နေ သည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ ၊ ၅ နေရာများတွင် Horizon အသင်း၊ ဒဂုံအက်ဖ်စီအသင်းနှင့် မောရဝတီအသင်းတို့က ရမှတ် ၁၉ မှတ်စီဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

Best United အသင်းကို အနိုင်ရခဲ့သော ငွေကြယ်ပွင့်အသင်းသည် ၂၁၀၅ လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ၎င်းတို့အသင်း အတွက် ပထမဆုံး စတင်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

လိဂ်-၂ ပွဲစဉ် ၁၁ ရလဒ်များ
----------------------------
GFA   ၂-ဝ   ဖုန်ဂန်
ဆောက်သမ်း  ၃-ဝ   တက္ကသိုလ်လက်ရွေးစင်
မောရဝတီ   ၂-၃  မြဝတီ
ငွေကြယ်ပွင့်   ၃-ဝ  Best United
Horizon   ၁-၂   ဒဂုံအက်ဖ်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly