ထိုင်ဝမ်တွင် ဖျော်ဖြေပွဲကျင်းပသွားမည့် BIGBANG အဖွဲ့

ထိုင်ဝမ်တွင် ဖျော်ဖြေပွဲကျင်းပသွားမည့် BIGBANG အဖွဲ့

ဆိုးလ်၊ ဇွန် ၆ ။            ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BIGBANG အဖွဲ့သည် ယခုနှစ်နှောင်းပိုင်းတွင် ထိုင်ဝမ်၌  “2016 BIGBANG MADE V.I.P TOUR IN TAIPEI & KAOHSIUNG” ဖျော်ဖြေပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း  EBCက ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုင်ဝမ်ရှိ Multipurpose Gymnasium ထိုင်ဝမ် အမျိုးသားအားကစား တက္ကသိုလ်၌ စက်တင် ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖျော်ဖြေပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ တိယမြောက် ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၁ ရက်တွင်  Kaohsiung အားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲသတင်းများကြောင်း  BIGBANG အဖွဲ့နှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေသော ထိုင်ဝမ်ရှိပရိတ်သတ်များက စိတ်လှုပ်ရှားနေကြသည်။ BIGBANG အဖွဲ့ဝင်များ စစ်မှုထမ်းတာဝန် မထမ်းဆောင်ခင် ထိုင်ဝမ်တွင် BIGBANG အဖွဲ့၏ နောက်ဆုံး ဖျော်ဖြေပွဲကို ပြုလုပ်နိုင်ကြောင်း EBC က ထုတ်ပြန်ပြောကြားထားခြင်းကြောင့် ထိုင်ဝမ်ပရိသတ်များ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသင့် သည်ဟု မီးမောင်းထိုးပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags