နည်းပညာသစ်များအကြောင်းပြန်လည်မျှဝေမည့် Google I/O Extended Yangon 2016 ပွဲကျင်းပမည်

နည်းပညာသစ်များအကြောင်းပြန်လည်မျှဝေမည့် Google I/O Extended Yangon 2016 ပွဲကျင်းပမည်

ရန်ကုန်၊ ဇွန် ၆ ။           ။ နည်းပညာသစ်များ မျှဝေသောပွဲဖြစ်သည့် Google I/O Extended Yangon 2016 ကို ဇွန်လ ၁၂ရက်တွင် Phandeeyar innovation lab တွင် ကျင်းပသွားမည်ဖြစ်သည်။
Google i/o 2016 ၌ မိတ်ဆက်သွားသော နည်းပညာအသစ်တွေကို ပြည်တွင်း developer တွေအား ပြန်လည်ဝေမျှပေးလိုသည့် ရည်ရွယ်ချက်ဖြင့် အဆိုပါပွဲကို ကျင်းပခြင်းဖြစ်ပြီး နာမည်ကြီး Developer များကလည်း ပြန်လည်ဝေမျှမည့် ပြောင်းလဲသွားတဲ့နည်းပညာအသစ်တွေကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဆွေးနွေးနိုင်မည်ဖြစ်သည်။ ယင်းအပြင် codelab ဟု ခေါ်သော ကိုယ်တိုင် coding ပါဝင်ရေးသားရမည့် အစီအစဉ်များလည်း ပါဝင်သည်။
ယင်းပွဲသည် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဇွန် ၁၂ရက်တွင် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပွဲကို Google Developers Group (GDG) Yangonက ဦးစီးကျင်းပခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို  laptop နှင့်တကွ တက်ရောက်နိုင်ပြီး http://goo.gl/forms/FuwV2rSJHLX4seWl1 တွင် online registrationလုပ်ရန် လိုကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly