သြစတြေးလျမှာ ရေကြီးမှုကြောင့် လူ (၃) ဦး သေဆုံး

သြစတြေးလျမှာ ရေကြီးမှုကြောင့် လူ (၃) ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းမှာ မုန်တိုင်းတိုက်ခတ်ပြီး မြစ်ရေကြီးမှုနှင့် သစ်ပင်များလဲပြိုမှုများကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးကြောင်း ဘီဘီစီက ဖော်ပြထားပါတယ်။

သြစတြေးလျတောင်ပိုင်း၊ ဗစ်တိုးရီးယားနှင့် တက်စ်မန်နီးယားဒေသတွေမှာ မိုးနှင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက် ဖြစ်ပေါ်နေပါတယ်။  မုန်တိုင်းကြောင့် သြစတြေးလျတောင်ပိုင်းမှာ နေအိမ် (၈၆,၀၀၀) လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

ယခုအခါ ဆစ်ဒနီမြို့ရဲ့ Collaroy ကမ်းခြေမှာ တိုက်စား ပြိုကျမှု အန္တရာယ်ရှိနေတာကြောင့် နေအိမ်များမှ ရွေ့ပြောင်းစွန့်ခွာရန် နှိုးဆော်ထားပြီးဖြစ်ပါတယ်။

တနင်္လာနေ့က ကန်ဘာရာမြို့အနီး ကော့တာမြစ်အတွင်းမှ လူတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တက်စ်မန်နီးယားဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမှု တွေ့ကြုံနေရတာကြောင့် သြစတြေးလျနိုင်ငံရဲ့ ပြည်နယ်တွေမှာ ရေကြီးနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly