ဇူလိုင်၁မှ ၅ရက်အထိ ဆိုင်းနိုင်းစစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးဟု အီဂျစ်ထုတ်ပြန်

ဇူလိုင်၁မှ ၅ရက်အထိ ဆိုင်းနိုင်းစစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးဟု အီဂျစ်ထုတ်ပြန်

ကိုင်ရို၊ ဇူလိုင်၆ ။       ။ အီဂျစ်စစ်တပ်သည် ဇူလိုင်၁မှ ၅ အထိ ဆိုင်းနိုင်းဒေသရှိ စစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးကြောင်း စစ်တပ်က ဇူလိုင်၆ တွင်ထုတ်ပြန်ခဲ့သည်။

ယင်းသို့သုတ်သင်ခံရသူများတွင် လွန်ခဲ့သည့် သီတင်းပတ်က ကြီးမားသည့် တိုက်ခိုက် မှုပြုလုပ်ခဲ့သည့် အိုင်အက်စ်အုပ်စုမှ ဂျီဟတ်ဝါဒီများပါဝင်သည်။

၂၀၁၃ခုနှစ် ဇူလိုင်လက သမ္မတမိုဟာမက်မော်စီကို ထိုစဉ်က စစ်တပ်အကြီးအကဲ ယခုသမ္မတအက်ဘ်ဒဲလ်ဖာတာ အယ်လ်စီစီ က ဖြုတ်ချလိုက်ကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစ္စလာမစ်သောင်းကျန်းသူများကို တိုက်ခိုက်နေရသည်။

အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်းကျွန်းဆွယ်သို့ တပ်ဖွဲ့ဝင်အမြောက်အမြားနှင့် သံချပ်ကာယာဉ်များစွာစေလွှတ်ခဲ့ရသည်။ဇူလိုင် ၁က အိုင်အက်စ်မှ ဂျီဟတ်ဝါဒီများသည် ဆိုင်းနိုင်းမြောက်ပိုင်း ရှိတ်ခ်ဇူဝေးဒ်မြို့တွင် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်မှု များကြောင့် လူဒါဇင်များစွာသေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုများတွင် စစ်သား၂၁ဦးသေဆုံးခဲ့သည်။ သို့သော်လည်းမီဒီယာအချို့ကမူ သေဆုံးမှုမှာ ၂၁ဦးထက်ပိုသည် ဟု ဖော်ပြခဲ့သည်။

ဇူလိုင် ၆ ရက်နေ့ကမူ စစ်တပ်သည် ဇူလိုင် ၁မှ ၅ အထိ စစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု စစ်တပ်ပြောခွင့် ရပုဂ္ဂိုလ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

အလိုရှိနေသည့် စစ်သွေးကြွ ၄ ဦးနှင့် စစ်သွေးကြွဟု မသင်္ကာသူ ၂၉ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ဗုံး၁၆လုံးကိုလည်း ဖြုတ်သိမ်းနိုင်ခဲ့ပြီး စစ်သွေးကြွများပိုင်ဆိုင်သော ကား ၂၆ စီးနှင့် ဆိုင်ကယ် ၂၈ စီးကိုလည်း ဖျက်ဆီးခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။

ထို့အပြင် စစ်တပ်က ဖေ့စ်ဘွတ်ပေါ်တွင် သေနေသည့်စစ်သွေးကြွများ၏ ပုံများကိုလည်းတင်ခဲ့သည်။

ဇူလိုင် ၄က စီစီသည် ဆိုင်းနိုင်းမြောက်ပိုင်းသို့ ရုတ်တရက်သွားရောက်စစ်ဆေးခဲ့သည်။

၎င်းတို့၏ တိုက်ခိုက်မှုများမှာ မော်စီကို ဖြုတ်ချပြီးနောက်ပိုင်း အာဏာပိုင်များ၏ သွေးစွန်းသောဖိနှိပ်မှုကို လက်တုံ့ပြန်ခြင်းဖြစ် သည်ဟု ဂျီဟတ်ဝါဒီများက ဆိုသည်။ မော်စီဖြုတ်ချခံရပြီးနောက်ပိုင်း အနည်းဆုံး လူပေါင်း ၁,၄၀၀သေဆုံးခဲ့ပြီး ထောင်ပေါင်းများ စွာဖမ်းဆီးခံခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြုလုပ်သည့် တိုက်ခိုက်မှုအများစုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဆိုင်းနိုင်းပြည်နယ်(Sinai Province) ဟုခေါ်ဆိုသည့်အဖွဲ့က ပြောကြားခဲ့သည်။ ယခင်က အန်ဆာဘိတ်အယ်လ်မက္ကဒစ်ဟု ခေါ်ဆိုသော်လည်း လွန်ခဲ့သည့်နိုဝင်ဘာက အိုင်အက်စ်တို့အပေါ်သစ္စာခံပြီးနောက် အမည်ပြောင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly