ဝမ်ပေါင်က ဖြန့်ချိလိုက်တဲ့ ဗီဒီယိုအကြောင်း

ဝမ်ပေါင်က ဖြန့်ချိလိုက်တဲ့ ဗီဒီယိုအကြောင်း

ကုမ္ပဏီကဆောင်ရွက်လျက်ရှိသော ကော်ပိုရေးရှင်းများ၏ လူမှုတာဝန်သိလုပ်ငန်းများ (CSR) အကြောင်း အများ ပြည်သူသိရှိစေရန် မြန်မာဝမ်ပေါင်ကုမ္ပဏီက ဗွီဒီယိုခွေတခုကို ဧပြီလ ၂၃ ရက်နေ့ကဖြန့်ချိလိုက်သည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ China-I ၏ သတင်းထုတ်ပြန်ချက်အရ ယခု ဗွီဒီယို `အရုဏ်ဦး´ မှာ တခါမျှမပေါ်ပေါက်ဖူးသေးသော ထုတ်လုပ်မှုဖြစ်ပြီး မြန်မာ့သမိုင်း၏ သမိုင်းဝင်ကွေ့ချိုးတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။ ယင်းဗွီဒီယို၏ အတိုချုပ်ပြကွက်ကို ယူကျု ပေါ်တွင် မတ်လ ၃၁ ရက်နေ့ကတင်ထားခဲ့ရာ လာရောက်ကြည့်ရှုသူ ချက်ချင်းဆိုသလို နှစ်သိန်းခွဲမျှရှိခဲ့သည်။

ဒေသခံပြည်သူများဝိုင်းဝန်းကန့်ကွက်မှု ကြောင့် မြန်မာဝမ်ပေါင်ကုမ္ပဏီကဆောင်ရွက်လျက်ရှိသော လက်ပံတောင်းကြေးနီသတ္တုတွင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်က ရပ်ဆိုင်းထားခဲ့ရသည်။ သတ္တုတွင်းတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြောင်း မီဒီယာများတွင် အကျယ်အပြန့်ဖော်ပြခဲ့ကြသည်။ လက်ပံတောင်းဒေသခံများနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှာလည်း ပထဝီနိုင်ငံရေး မုန်တိုင်း၏အလယ်ဗဟိုတွင် ကျရောက်ခဲ့ကြသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် အခြေအနေမှာ အမြင့်ဆုံးသို့ရောက်ရှိကာ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ဆန္ဒပြ သူများနှင့်ကန့်ကွက်ဆန့်ကျင်သူများက သတ္တုတွင်းကို ရက်ပေါင်းများစွာပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ မြန်မာရဲတပ် ဖွဲ့က အဆိုပါအကြပ်အတည်းကို ဖြေရှင်းရန်ကြိုးပန်းရာမှ အကြမ်းဖက်မှုများဖြစ်ပွားကာ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင်တာခံခဲ့ရသည်။ သတ္တုတွင်း၏ ရှေ့အနာဂတ်မှာလည်း ပိတ်ရတော့မလိုဖြစ်သွားပြီး အဆုံးစွန်သော မရေမရာမှုနှင့်ကြုံခဲ့ရသည်။

သတ္တုတွင်းကိုဆက်လက်လုပ်ဆောင်ရန် ထောက်ခံတင်ပြသည့် စုံစမ်းရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် တာဝန်ပေးခံခဲ့ရသူမှာ ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍အခြားသူ မဖြစ်နိုင်။ အစီရင်ခံစာတွင်ဖော်ပြထားသော စည်းကမ်းချက်များကို လိုက်နာ၍ ဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီအတွက်တော့ သင်ခန်းစာကြီးကြီးရခဲ့သည်။ အစိုးရထံမှ တရားဝင်လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်မှာ ပြည်သူလူထုထောက်ခံမှုတည်းဟူသော လူမှုလိုင်စင်မဟုတ်ဆိုသည်ကို သိရှိနားလည်သွား ခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက မဇ္ဈိမအပတ်စဉ်စာစောင်ကို ဤသို့ပြောခဲ့သည်။ `၂၀၁၂ ခုနှစ် နိုဝင်ဘာလကတော့ ကျနော်တို့ ဝမ်ပေါင်လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် အဆိုးဝါးဆုံး အကြပ်အတည်းကာလကို ရောက်ခဲ့တာဘဲ။ အထူးသဖြင့် ဒေသခံရဲတပ်ဖွဲ့က သတ္တုတွင်းမှာဆန္ဒပြနေတဲ့ သူတွေကို ဖယ်ရှားအပြီးမှာပါ။ တည်ဆောက်ရေးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားခဲ့ရတယ်။ ဒေသခံလူထုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ သူတို့ဆီက လုပ်ငန်းဆောင်ရွက်ဖို့ လူမှုလိုင်စင်ရဖို့လိုတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါနဲ့ကျနော်တို့လည်း ကျနော်တို့ဒေသခံလူထုနဲ့ ရင်ဆိုင်နေရတဲ့ လူမှုအန္တရာယ်တွေလျော့ပါးသက် သာစေရေးအတွက် နိုင်ငံခြားသားပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ China-I ကို ချဉ်းကပ်အကူအညီတောင်းခဲ့ပါတယ်။ ဒီ China-I အဖွဲ့ရဲ့အကူအညီနဲ့ ဒေသတွင်းလူထုကြားရောက်ရှိရေး ထိရောက်တဲ့ ချဉ်းကပ်မှုတခု ပေါ်ထွက်လာခဲ့ပါတယ်။ ကျနော်တို့ကုမ္ပဏီရဲ့ဌာနပေါင်းစုံဖြစ်တဲ့ အင်ဂျင်နီယာဌာန၊ သတ္တုတွင်းဌာန၊ ထုတ်လုပ်ရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ကော်ပိုရိတ်လူမှုတာဝန်သိမှု ဌာနစတဲ့ ဌာနတွေက၀ ဝန်ထမ်းပေါင်းစုံကို China-I က ဆက်ဆံရေးကျွမ်းကျင်မှုသင်တန်းတွေ ပေးပါတယ်။ ပြီးတော့ ဒေသတွင်း လူထုထံအရောက်သွားပြီး စီမံကိန်းကြောင့် ထိခိုက်ခဲ့ရတဲ့ လူထုနဲ့တွေ့ဆုံစကားပြောတာတွေလုပ်ခဲ့ပါတယ်။ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို အသေ အချာနားထောင်ခဲ့ပါတယ်။

မြေယာဆုံးရှုံးပြီးအသက်မွေးမှုလုပ်ငန်းတွေ ပျောက်ကွယ်သွားတဲ့ စီမံကိန်းကြောင့် ထိခိုက်သွားခဲ့ရတဲ့လူထုအတွက် အဖြေရှာဖို့ကြိုးပမ်းရာမှာ China-I က ကျနော်တို့ကို အကူအညီပေးခဲ့ပါတယ်။ လူထုနဲ့ဆက်သွယ်ရေးမဟာဗျူဟာတွေ ကူညီချမှတ်ပေးခဲ့ပါတယ်။ ဒီဗွီဒီယိုကိုကြည့်ရင် ကျနော်တို့ ဘယ်လောက်တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာ တွေ့မြင်ရပါလိမ့်မယ်။ အထူးသဖြင့် ၂၀၁၄ ခုနှစ်ထဲမှာပါ။ ဒေသခံလူထုနဲ့တွေ့ဆုံဘို့ အိမ်တိုင်ယာရောက်သွားခဲ့ပါတယ်။ တအိမ်တက်ဆင်းသွားခဲ့ပါတယ်။ မြေယာဆုံးရှုံးသွားတဲ့ လူထုအတွက် `ကူညီထောက်ပံ့ရေးအစီအစဉ်´ တွေချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာဒီအစီအစဉ်ကြောင့် လူထု နဲ့ကျနော်တို့ဆက်ဆံရေးမှာ အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်။

China-I ၏ ဥက္ကဋ္ဌ မစ္စတာစမေးအယ်လ်ရှာဟတ် (Mr. Sameh El Shahat)  ကလည်း မဇ္ဈိမအပတ်စဉ်စာ စောင်ကိုဤသို့ပြောခဲ့သည်။ `အဲဒီအချိန်တုံးကမြန်မာဝမ်ပေါင်က ဒေသခံလူထုနဲ့ကျေနပ်လောက်အောင် မဆက်ဆံနိုင်ခဲ့ဘူး။ ဒီတော့အခြေအနေကမကောင်းဘူး ဒီတိုင်းရေရှည်သွားလို့လဲမရဘူးဆိုတာ သူတို့ သဘောပေါက်လာခဲ့တယ်။ ကုမ္ပဏီရဲ့သတ္တုထုတ်လုပ်ရေးလုပ်ငန်းတွေလည်း အဲဒီအချိန်က အကုန်နှောင့်နှေး သွားခဲ့ရတယ်။ ဒေသခံလူထုနဲ့ပတ်သက်တဲ့ပြဿနာကိုအဖြေရှာမှဖြစ်မဲ့အခြေအနေကိုရောက်ခဲ့တယ်။ ကုမ္ပဏီ က အနီးအနားပတ်ဝန်းကျင်ကကျေးရွာလူထုနဲ့ ဆက်ဆံရေးအသည်းအသန်ကောင်းနေချင်ခဲ့တယ်။ ပိုကျယ် ကျယ်ပြန့်ပြန့်ပြောရရင် မြန်မာလူထုနဲ့လည်းဆက်ဆံရေးကောင်းချင်တယ်။ ဒါနဲ့ကျနော်တို့ကလည်း ဝမ်ပေါင် ကုမ္ပဏီကို ခင်ဗျားတို့ ဗျူဟာတစုံလုံးချဖို့ လိုတဲ့အကြောင်းအကြံပေးခဲ့ပါတယ်။ ဒေသခံလူထုနဲ့အပြုသဘော ဆက်ဆံဖို့၊ ကြုံနေရတဲ့အန္တရာယ်တွေလျှော့ချနိုင်ဖို့ မဟာဗျူဟာတွေ ရှာဖွေချမှတ်ခဲ့ပါတယ်။ ကျနော်တို့ ဗျူဟာက သယံဇာတတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီတွေပဲဖြစ်ဖြစ်၊ နောင်အနာဂတ်မှာတွေ့လာရမယ့် ဘယ်ကုမ္ပဏီတွေနဲ့ပဲဖြစ်ဖြစ် ဒေသခံလူထုအကျိုးစီးပွားခံစားခွင့်ရရှိစေရေးကို ဖော်ဆောင်ပေးမယ့် ယန္တရားတရပ် ပေါ်ထွက်လာရေးဖြစ်ပါတယ်။ ဒေသခံလူထုပြောတာတွေကိုနားထောင်ပြီး ကုမ္ပဏီက ဘာတွေသိလာသလဲ၊ ဒေသခံလူထုနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အတူတကွလက်တွဲပြီး သူတို့အတွက်ရောမြန်မာနိုင်ငံအတွက်ရော အကျိုးရှိမယ့် ဘယ်လို အလုပ်တွေလုပ်မလဲဆိုတာကို ဒီအရုဏ်ဦး အစီအမံကရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကနေ `ကူညီ ထောက်ပံ့ရေးအစီအစဉ်´ ပေါ်ထွက်လာခဲ့ပြီး ကုမ္ပဏီကလုပ်ငန်းလုပ်ကိုင်နေတဲ့သက်တမ်းတလျှောက် ရွာသူ ရွာသားတွေကို ပုံမှန်ပေးကမ်းမှုနဲ့ မျှော်မှန်းနိုင်သောပေးကမ်းမှုတွေပေးဖို့ လုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မျိုးဟာ မြန်မာနိုင်ငံမှာပထမဆုံး ပေါ်ထွက်လာတဲ့အစီအစဉ်ပါ။ ဒါ့အပြင်ကုမ္ပဏီက မီးလင်းရေး၊ ရေသန့်ရရှိရေး၊ အလုပ် အကိုင်အခွင့်အလမ်းဖော်ထုတ်ပေးရေး၊ ကျွမ်းကျင်မှုသင်တန်းပေးရေး တို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ် ကိုင်ခဲ့ပါတယ်။´

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ယခုလိုပြောသည်။ `ဒေသခံလူထုနဲ့ဆက်ဆံရေးမှာ အလှည့်အ ပြောင်းတရပ် ပေါ်ပေါက်လာပါတယ်။ နှစ်ဘက်လုံးက အစွမ်းကုန်ကြိုးပန်းခဲ့ကြလို့၊ ဒေသခံလူထုနဲ့အကြိမ်ကြိမ် အကြေအလည် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့လို့ ဒီလိုရလဒ်ထွက်ပေါ်လာတာပါ။ သူတို့လည်း ကျနော်တို့အကြောင်းသိလာပြီး ကျနော်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒီဗွီဒီယိုမှာကြည့်ရင် စီမံကိန်းကြောင့် ထိခိုက်ခဲ့တဲ့ ကျေးရွာ ၃၅ ရွာက လယ်ယာမြေဆုံးရှုံးခဲ့ရတဲ့ ကျေးရွာသားတွေရဲ့ ၈၃% က ကျနော်တို့ရဲ့ `ကူညီ ထောက်ပံ့ရေးအစီအစဉ်´ ကို လက်ခံခဲ့ကြတယ်ဆိုတာ တွေ့ရမှာပါ။ ဒါဟာ စီမံကိန်းကြောင့်ထိခိုက်ခဲ့တဲ့ ကျေးရွာ သားအများစုကြီးက ကျနော်တို့ကမ်းလှမ်းခဲ့တဲ့ အစီအစဉ်ကိုလက်ခံခဲ့တယ် ထောက်ခံခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒီလိုလူထုဆီက လူမှုလိုင်စင်ရအောင်လုပ်ရတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ကျနော်တို့သူတို့ဆီက အများကြီးသင်ယူခဲ့ရတယ်၊ သင်ခန်းစာတွေအများကြီးရခဲ့တယ်။ ဒါတွေကိုအများကို မျှဝေပေးချင်ပါတယ်။ ဒီ သတ္တုတွင်းစီမံကိန်းကနေ ဒေသခံလူထုအတွက် လက်တွေ့အကျိုးခံစားခွင့်တွေပေါ်ထွက်လာမှာပါဆိုတာကို လည်း ကျနော်တို့သူတို့ကိုအပြင်းအထန်ကြိုးစားရှင်းပြခဲ့ပါတယ်။ ဒီဗွီဒီယိုကြည့်ရင် ကျနော်တို့စီမံကိန်းမှာလုပ် ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ ၉၀% ကျော်ဟာမြန်မာနိုင်ငံသားတွေဆိုတာတွေ့ရမှာပါ။ လုပ်သား ၂,၅၂၆ ဦးကို ဒေသခံလူထုထဲကခေါ်ယူခဲ့ပါတယ်။ ကျနော်တို့သတ္တုတွင်းလုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေပေးသွင်းနိုင် ဘို့ အသေးစားနဲ့အလတ်စားလုပ်ငန်းကိုင်ငန်းတွေလည်းထူထောင်ပေးခဲ့ပါတယ်။ ဒီလုပ်ငန်းကလဲဒီနေ့အထိ အလုပ်အကိုင် ၃၀၀ ကျော်ထွက်ပေါ်လာခဲ့ပါပြီ။´

ဒီအရာတွေအားလုံးက ဒေသကိုအကျိုးဖြစ်ထွန်းစေမှာပါ။ သတ္တု တွင်းရှိရာဒေသဟာ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး နဲ့သင်ကြားရေးဗဟိုဌာနကြီးဖြစ်လာမှာပါလို့ ကုမ္ပဏီကပြောပါတယ်။ `နယ်လှည့်ဆေးခန်းလို ကျန်းမာရေး စောင့်ရှောက်မှုဌာနကြီးတွေကျနော်တို့တည်ဆောက်ပေးခဲ့ပါတယ်။ ဒီဆေးခန်းတွေကကျေးရွာသားတွေဆီ အပတ်စဉ်အရောက်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးမှာပါ။ ဒေသအတွက်ဆေးရုံတရုံလဲ ဆောက်ပေးပြီးပါပြီ။ အရေးကြီးတဲ့လုပ်ငန်းတွေဖြစ်တဲ့ ကျေးရွာမီးလင်းရေးနဲ့လမ်းဖောက်လုပ်ရေးလုပ်ငန်း တွေမှာလည်း ကျနော်တို့ရင်းနှီးမြှုပ်နှံမှုတွေအမြောက်အမြားပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေအားလုံးက ဒေသ တွင်းမှာနောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ကျနော်တို့ကုမ္ပဏီဟာကောင်းတာ တွေကိုအားကြိုးမာန်တက်ဆောင်ရွက်နေတဲ့ကုမ္ပဏီဆိုတာ ဒေသခံလူထုကိုအလုပ်နဲ့သက်သေပြချင်ပါတယ်။´ ဟု သူကဆက်ပြောသည်။

“ဤဇာတ်လမ်းသည် အပြန်အလှန်လေးစားမှုကိုအခြေခံသော နှိမ့်ချရိုကျိုးစွာပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ စွမ်းအားဖြစ်ကာ မျှော်လင့်ချက်တရပ်လည်းဖြစ်သည်။ တရုတ်ကုမ္ပဏီနှင့် ဒေသခံလူထုကို သီးခြားစီချဉ်းကပ်ရိုက်ကူးခဲ့သည့် ဤဗွီဒီယိုဇာတ်လမ်းသည် ပဋိပက္ခဖြစ်ပွါးနေသော အုပ်စုကြီးနှစ်ခုပြေလည်သွားကာ လက်တွဲနိုင်လိုက်သည့်အခါ ဘာတွေဖြစ်ပေါ်လာသည်ဆိုတာ တစေ့တစောင်းပြသသည့် ဇာတ်လမ်းဖြစ်ပါသည်´ ဟု ဤဗွီဒီယို ရုပ်ရှင်အကြောင်းညွှန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly