ထိုင်းအပန်းခြေကျွန်းတွင် ရေယာဉ်တိုက်မှုဖြစ်၍ တိုးရစ်များ အပါအဝင် လူ ၃၀ ဒဏ်ရာရ

ထိုင်းအပန်းခြေကျွန်းတွင် ရေယာဉ်တိုက်မှုဖြစ်၍ တိုးရစ်များ အပါအဝင် လူ ၃၀ ဒဏ်ရာရ

ဘန်ကောက်၊ ဇွန် ၅ ။        ။ ထိုင်းနိုင်ငံ အရှေ့ဖက် ကိုဆမ်မက်အပန်းဖြေကျွန်းတွင် ဇွန် ၅ ရက် အစောပိုင်း၌ စပိဘုတ်တစ်စီးက အခြားသင်္ဘောတစ်စင်းအား ဝင်တိုက်၍ ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် လူပေါင်း ၃၀ ထိခိုက်ဒဏ်ရာရသည်။

ကိုဆမ်မက်အပန်းဖြေကျွန်းမှ စပိဘုတ်က ကမ္ဘာလှည့်ခရီးသွားများကို တင်ဆောင်ခုတ်မောင်းလာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကမ်းခြေနှင့် တစ်ကီလိုမီတာ အကွာတွင် နံနံ ၁ နာရီ ၄၀ ၌ စပိဘုတ်က ရေယာဉ်ကို ဝင်တိုက်ခြင်းဖြစ်သည်။ အဆိုပါရေယာဉ်မှာ ကုန်စည်ပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly