အီရတ်တွင် အကြမ်းဖက်မှုများအတွက် လေ့ကျင့်ပေးရန် ကလေး ၁၀၀ ကျော်ကို အိုင်အက်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွား

အီရတ်တွင် အကြမ်းဖက်မှုများအတွက် လေ့ကျင့်ပေးရန် ကလေး ၁၀၀ ကျော်ကို အိုင်အက်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွား

အီရတ်နိုင်ငံ မိုဆူးလ်မြို့အတွင်း ခရိုင်နယ်မြေများမှ ကလေးငယ် ၁၁၁ ဦးကို အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ခိုင်းရန်အတွက် အိုင်အက်စ်တို့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အီရတ်ကာဒစ်စတန် ဒီမိုကရက်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်မာမူဇန်နီက အသက် ၁၀ နှင့် ၁၅နှစ် ကြား ကလေးအများ စု ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း၊ အိုင်အက်စ် သင်တန်းကျောင်းများသို့ ဝါဒမှိုင်းတိုက်ရန် ယင်းကလေးများကို ပို့ဆောင် လိုက်ကြောင်း ဇူလိုင် ၅ ရက်ကပြောခဲ့သည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

ကလေးများ အတင်းခေါ်ဆောင်ခြင်းကို ဆန့်ကျင်သည့်သူ ၇၈ ဦးကိုလည်း အိုင်အက်စ်တို့က ဖမ်းသွားကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ်ကို လွန်ခဲ့သည့် တစ်နှစ်က အိုင်အက်စ်တို့ သိမ်းပိုက်နိုင်ပြီးချိန်မှစကာ ပြန်ပေးဆွဲဖမ်းဆီး ခဲ့သည့် ကလေးပေါင်း ၁၄၂၀ ကျော်ရှိကြောင်း ကာ့ဒ်တာဝန်ရှိသူကပြောသည်။

ယင်းကလေးများကို စစ်သွေးကြွသင်တန်းများပေးပြီး အစွန်းရောက်တိုက်ခိုက်မှုများနှင့် ထောက်လှမ်းရေးလုပ်ငန်းများအတွက် အသုံးချကြကြောင်းလည်း သိရသည်။

ဒီယာလာပြည်နယ်နှင့် အယ်အန်ဘာပြည်နယ်တို့တွင်လည်း အိုင်အက်စ်တို့ ဖမ်းဆီးသွားသည့် ကလေးငယ်ပေါင်း ၅၀၀ ထက်မနည်းရှိကြောင်း အီရတ်လုံခြုံရေးတာဝန်ရှိသူများက ပြောခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly