ဂျာမနီရော့ခ်ဂီတပွဲတွင် မိုးကြိုးပစ်၍ လူပေါင်း ၅၁ ဦးဒဏ်ရာရ

ဂျာမနီရော့ခ်ဂီတပွဲတွင် မိုးကြိုးပစ်၍ လူပေါင်း ၅၁ ဦးဒဏ်ရာရ

ဘာလင်၊ ဇွန် ၄ ။         ။ ဂျာမနီနိုင်ငံအနောက်ပိုင်းတွင် ဇွန် ၄ ရက်က ကျင်းပသည့် ရော့ခ်ဂီတပွဲ၌ မိုးကြိုးပစ်၍ လူ ၅၁ ဦး ဒဏ်ရာရပြီး ရှစ်ဦး၏ အခြေအနေက စိုးရိမ်ရကြောင်း ရဲဌာနက ပြောသည်။

ရော့ခ်အဖွဲ့ Red Hot Chili Peppers အဖွဲ့အသားပေးဖျော်ဖြေသည့် Rock am Ring ဂီတာပွဲကို စီစဉ်ကြသူများက ဒေသစံတော်ချိန် ၀၀ နာရီ ၃၀ မိနစ်ခန့်က မိုးကြိုးပစ်ခြင်းဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်တွင်း ဗဟိုဥရောပတွင် မုန်တိုင်းများနှင့် မိုးသည်းထန်ခြင်းတို့ကြောင့် ဂျာမနီက အဆိုးဆုံးခံခဲ့ရကာ လူပေါင်း ၁၁ ဦးသေဆုံးသည်။

ယမန်နှစ်ကလည်း Rock am Ring ရော့ခ်ဂီတပွဲ၌ပင် မိုးကြိုးပစ်၍ လူ ၃၃ ဦး ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရသည်။

ကျင်းပလာခဲ့သည်မှာ ၃၁ နှစ်တိုင်ပြီးဖြစ်သည့် ယင်းရော့ခ်ဂီတပွဲစီစဉ်သူများက ယခုနှစ်ပွဲအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ရာသီဥတုကောင်းမွန်လာမည် ထင်ကြောင်းပြောသည်။

ဂျာမနီ အနောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဘောလုံးပွဲကို မိုးကြိုးပစ်၍ လူ ၃၅ ဦး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly