မြိတ်မြို့ အောင်မင်္ဂလာစျေးရှိ စျေးဆိုင်ခုံ(၁၂)နေရာကိစ္စ မရိုးသားမှုရှိနိုင်သဖြင့် စျေးကော်မတီသစ်ပြန်လည်ရွေးချယ်မည်

မြိတ်မြို့ အောင်မင်္ဂလာစျေးရှိ စျေးဆိုင်ခုံ(၁၂)နေရာကိစ္စ မရိုးသားမှုရှိနိုင်သဖြင့် စျေးကော်မတီသစ်ပြန်လည်ရွေးချယ်မည်
 ဈေးကော်မတီသစ် ပြန်လည်ဖွဲ့စည်းရတော့မည့် အောင်မင်္ဂလာဈေးကိုတွေ့ရစဉ်( ဓာတ်ပုံ  ဇော်နီ)

  မြိတ်၊ ဇွန် ၄ ။             ။ မြိတ်မြို့၊ အောင်မင်္ဂလာဈေးရှိ ဈေးဆိုင်ခုံ(၁၂)နေရာကိစ္စ မရိုးသားမှုရှိနိုင်သဖြင့် ဈေးကော်မတီအသစ် ပြန်လည်ရွေး ချယ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 “ ဈေးကော်မတီအနေနဲ့ လုပ်ထုံးလုပ်နည်း လွဲမှားခဲ့တယ်။ သူတို့က ဒီ ဈေးဆိုင်ခုံ (၁၂)နေရာအတွက် အသိ မပေး ဘဲနဲ့လုပ်တယ်။ ဒါကြောင့် ပြဿနာဖြစ်ခဲ့ကြရတယ်။ ဒါပေမယ့် ဒီဈေးခုံနေရာအတွက် ငွေကြေး တစ်စုံ တစ်ရာရယူခဲ့ခြင်းမရှိ ဘူးလို့ သုံးသပ်ရပါတယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဈေးဆိုင်ခုံကိစ္စအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ က သုံးသပ်တင်ပြချက်များကို ပေးပို့ခဲ့ပြီး ဝန်ကြီးချုပ်အနေဖြင့် ဈေးကော်မတီ အသစ်ပြန်လည်ဖွဲ့ စည်းရန်သ ဘောတူခွင့်ပြုခဲ့သည့်အတွက် ပြန်လည်ရွေးချယ်ရန် ဇွန်လ (၅) ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည် ဟု ၎င်းက ဆိုသည်။

မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများအနေဖြင့် ဈေးကိစ္စနှင့်ပတ်သက်၍ မည်သည့်ငွေကြေးကိစ္စကိုမျှ ပတ် သက်မှု မရှိပဲ ဈေးကော်မတီကသာ စီမံခန့် ခွဲကြောင်း ၊ လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးဆိုင်ခုံ (၁၂) နေရာအ တွက် တိုင်တန်းထားသည့် ပျံကျဈေးသည် (၇)ဦး တွင် (၅) ဦးမှာ ဈေးဆိုင် အပိုင်များ ရှိပြီး၊ အခြားနှစ်ဦး အ နက် တစ်ဦးမှာ အောင်မင်္ဂလာဈေးအတွင်း ယခင်ကတည်းက ဈေးရောင်းချနေသူမ ဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီက ဝန်ကြီးချုပ်ထံ တင်ပြထားသည့် အချက်အလက်များ တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အဆိုပါ ဈေးဆိုင်ခုံ(၁၂)နေရာ၌ မည်သည့်ဈေးသည်မျှ ဈေးရောင်းချခွင့် မပြုတော့ဘဲ ဈေး အမှိုက်ကန်နှင့် ဈေးအိမ်သာ များ ပြုပြင်ပြီးမှ သာ ထပ်မံစဉ်းစားဆောင်ရွက်သွားမည်ဟု မြို့နယ် စည်ပင်သာ ယာမှ တာဝန်ရှိသူက ဆိုသည်။

ဈေးကော်မတီအဖွဲ့၏ လက်ရှိအခြေအနေဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပျံကျဈေးသည်(၇)ဦးအပြင် ၊ ဈေး ဆိုင်ခုံနေရာနှင့် ပတ်သက်မှုရှိသူများက ကျေနပ်ခြင်းမရှိဘဲ တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံသို့ အချက်အလက် အတိအကျဖြင့် တိုင်ကြားမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် (၄) နံနက် (၁၀) နာရီခန့်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေး ရွာ၊ အောင်ဇေယျဓမ္မရုံ၌ မီဒီယာများသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly