ရန်ကုန်၊ ဇွန် ၄ ။ ။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သလို အဆိုပါ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သမိုင်း မှာ မှတ် တမ်းတင်ပေးနိုင်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ပြန်လည်ဖော်ပြပေး လိုက်ရ ပါသည်။
မေး။ ။ တောင်တက် အားကစားကို ဘယ်အချိန်ကစပြီး ဝါသနာပါပြီး လုပ်ဖြစ်လဲ။
ဖြေ။ ။ကျွန်တော် ၂၀၀၃ ခုနှစ်မှာ မြန်မာတိုင်စ် သတင်းစာမှာ ဧဝရတ်တောင် နှစ်ငါး ဆယ်ပြည့် အထူး ဆောင်းပါးလေးပါတယ်။ အဲဒါကို ဖတ်ဖြစ်တယ်။ အဲဒီအချိန်မှာ ရှေ့ဆောင် ရုပ်ရှင်ရုံမှာ လျှိဝှက်သောနှင်း ကားကို နှစ်ခါကြည့်ဖြစ်တဲ့ အချိန်မှာ တောင်တက်အားကစားကို ဝါသနပါတယ် ဆိုတာသိလာတယ်။
မေး။ ။ တောင်တက်အားကစားကို ဝါသနာပါတာကို သိပြီးတော့ အကောင်ထည် ဖော်မှုကို ဘယ်အချိန် လောက်မှ စတင်ဖြစ်လဲ။
ဖြေ။ ။ တောင်တက်အသင်းနဲ့ ချိတ်ဆက်မိတာကတော့ ၂၀၀၅ မှာ ချိတ်ဆက်မိလာတာပါ။ အခုဆို ၁၁ နှစ်ရှိသွားပြီ။ တောင်တက်တာကိုပဲ တစ်စိုက်မတ်မတ် လုပ်လာတာပေါ့။ အခုဆိုအသက်က ၃၄ နှစ်ရှိသွား ပါပြီ။
မေး။ ။ မိသားစု အနေနဲ့ကကော ဒီတောင်တက်အားကစားအပေါ် အားပေးမှုတွေရှိလား။
ဖြေ။ ။ မိသားစုက နားလည်းမှုပေးတယ်။ အရင်တုန်းက လူပျိုတုန်းကတော့ အမေက အားပေး တယ်။ အ ခုတော့ အမျိုးသမီးကတော့ ခရီးသွားတော့လည်း နားလည်းပေးတယ်၊ ကိုယ်က ဒါပဲလုပ်တယ်။ ဝါသနာ ပါ တော့ တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်းမှု ပိုပေးလာတယ်။
မေး။ ။ အခုတစ်ကြိမ်နဲ့ပါဆိုရင် တောင်တက်ဖြစ်တာ ဘယ်နှစ်ကြိမ်မြောက် လောက်ဖြစ်မလဲ။
ဖြေ။ ။ ကျွန်တော် ၂၀၁၃ ခုနှစ်က မြန်မာနဲ့ အမေရိကန်ချစ်ကြည်ရေး ခရန်အော်စီ ခရီးစဉ်တက်ဖူးတယ်။ ၂၀၁၃ ဧပြီမှာ တရုတ်နိုင်ငံ ယူနန်မှာ ရှိတဲ့ တောင်ကို တက်ဖူးတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ဆို လေး ကြိမ်ရှိပြီ။ ပါဆင်နယ် အနေနဲ့ကတော့ များတယ်။ အကြိမ်ရေ ဘယ်လောက်မှန်းမသိဘူး။ ခါကာဘိုရာစီက ကျွန်တော်တို့ အသင်းအနေနဲ့ လေးကြိမ်မြောက်ပေါ့။၂၀၀၅ ထဲကဆိုတော့ အကြိမ်ရေ မသိတော့ဘူး။ ကချင် ပြည်နယ်က ရေခဲတောင်တွေ စစ်ကိုင်းတိုင်းမြောက်ပိုင်း ၊ ရှမ်းပြည်နယ်မှာရှိတဲ့ တောင်တွေလည်း တက်ခဲ့ဖူး တယ်။
မေး။ ။ အခုတစ်ကြိမ် ဧဝရတ် တောင်တက်တုန်းက အမှတ်ရစရာနဲ့ စိတ်အလှုပ် ရှားဆုံးအချိန် ရှိခဲ့ဖူး လား။
ဖြေ။ ။ တောင်အဆင်းမှာ အရမ်း ခက်တဲ့နေရာ၊ အဲဒီ နေရာက နာမည်လည်း ကြီးတယ်။ အဲဒီ နေရာမှာ နှစ်ခါပြုတ်ကျခဲ့တယ် ။ အန္တရာယ် အရမ်းများတယ်။ အဲဒီအချိန်က စိတ်တော်တော် လှုပ်ရှားတယ်။
မေး။ ။ အခုလို တောင်တက်တဲ့ အခါမျိုးမှာ အသက်အန္တရာယ်နဲ့ ဘယ်နှစ်ခါလောက်ရင်ဆိုင်ခဲ့ရဖူးလဲ။
ဖြေ။ ။ တောင်တက်အားကစားနည်းက ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ သတိရှိရမယ်။ တစ်ချက်မှား တာနဲ့ အသက်အန္တာရာယ်ရှိတယ်။ အသွားမတော်တော့ တစ်လှမ်းဆိုတာ စကားပုံလည်းရှိ တယ်လေ။ အမြဲ တမ်း သတိထားရတယ် ၊ ကျွန်တော်တို့ တောင်တက်ရင် အိပ်နေတဲ့ အချိန်တောင် ဘေးမှာရေခဲပြိုနေတဲ့ အချိန်တွေရှိခဲ့တယ်။ ဒါတွေကို တစ်ချိန်လုံးဂရုစိုက်နေရတယ်၊ သဘာဝတရားနဲ့ ယှဉ်ပြီး နေရတော့ အမြဲ နိုးကြား နေရတယ်။
မေး။ ။ အစ်ကို့လို တောင်တက်သမားတစ်ဦးအနေနဲ့ တောင်တက်နေရင်း ပြန်လှည့်ချင်ရလောက်အောင် စိတ်ဓာတ်ကျခဲ့ဖူးလား။
ဖြေ။ ။ တောင်တက်ရင်း တစ်အားပင်ပန်းလာချိန်မှာ အဲဒီလို့ စိတ်မျိုးဝင်ခဲ့ဖူးတယ်။ ငါတော့ ဒီလို လုပ်မိပြန် ပြီပေါ့ ။ ငါတော့ လုပ်မိပြန်ြ့ပီဆိုတဲ့ အတွေးဝင်မိတယ်။ အဲဒီအချိန်တွေကို အမြဲတမ်း ကျော်ဖြတ်ခဲ့ဖူးတယ်။ ငါ့ဘာသာ ရန်ကုန်မှာနေရင် ရရဲ့သားနဲ့ ဒီတောင်ကို တက်မိပြန်ပြီဆိုတဲ့ အတွေးမျိုးကို ဝင်မိတယ်ဗျ။ တောင် တက်ရင် အိပ်ရတာ စားရတာ အဆင်မပြေတာတွေ၊ စိတ်ဖိစီးမှု ရှိတဲ့ အချိန်တွေမှာ ဒီလို့အတွေးတွေ ဝင်လာမိတယ်။
မေး။ ။ တောင်တက်အားကစားနည်းနဲ့ ပတ်သက်ပြီး နောက်ပိုင်း တောင်တက်ကြမယ့်လူငယ်တွေကို ဘာ ပြောချင်လဲ။
ဖြေ။ ။ကျွန်တော်တို့ မြန်မာလူငယ်တွေက အခွင့်ရေးမရလို့သာပေါ့။ ကျွန်တော်နိုင်ငံမှာ အလုပ်ကိုင် အခွင့် အလန်း မဖန်းတီးပေးနိုင်တာနဲ့ လုပ်နိုင်ခွင့်မရှိလို့သာ မြန်မာလူငယ်တွေက လမ်းပေါ်မှာ လေလွှင့် နေခဲ့ရ တယ်။ တိုင်းပြည်မှာ အစိုးရပိုင်း ကသော်လည်းကောင်း၊ လူကြီးပိုင်က သော်လည်းကောင်း ဖြည့်ဆည်းပေးရင် မြန်မာလူငယ်တွေက ကမ္ဘာအဆင့်မှီတယ်။ တက်နိုင်တဲ့ အရည်အချင်းတွေရှိတယ်။ ဆိုတာကို မက်ဆေ့ ပေး ချင်တယ်။ လူငယ်တွေကို အခွင့်အရေးပေးစေချင်တယ်။ လူငယ်တွေ လေလွှင့် မှုးယစ်နေမယ့်အစား ဘယ် အားကစား မဆို တစ်ခုကို လိုက်စားရင်တန်းဖိုးရှိတာပါပဲ ……….။