ကလေး ၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူ ဗြိတိန်နိုင်ငံသား ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျ

ကလေး ၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူ ဗြိတိန်နိုင်ငံသား ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျ

ဇွန် ၄ ။           ။ မလေးရှားနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ် ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့ပြီး ယင်းသို့ကျူးလွန်နေသည့် ဓါတ်ပုံများကို အွန်လိုင်းတွင် တင်ခဲ့သည့် ဗြိတိန်အမျိုးသားတစ်ဦး ဇွန်လ ၃ ရက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

ကလေးသူငယ်များကိုမှ ကာမကျူးလွန်လိုစိတ်ရှိသည့် ရစ်ချတ် ဟက်ကယ်လ်ဆိုသူ အသက် ၃၀ အရွယ် ဗြိတိန် အမျိုးသားသည် ကလေးသူငယ်များအပေါ် အဓမ္မပြု့ကျင့်ခဲ့ခြင်းအပါအဝင် လိင်စော်ကားမှု အကြိမ်ရေ ၇၁ ကြိမ်ထိ ကျူးလွန်ထားကြောင်း ဝန်ခံခဲ့သည်။ ၎င်းသည် မလေးရှားနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင် အသိုင်းအဝိုင်းနှင့် အတူ စေတနာ့ဝန်ထမ်းအလုပ်အကိုင်တစ်ခုကို လုပ်ကိုင်နေစဉ် ယခု ပြစ်မှုများကို ကျူးလွန်ထားခဲ့ခြင်းဖြစ်သည်။

ဟက်ကယ်လ်သည် ၎င်း ကလေးများကို လိင်စော်ကားမှုများ လုပ်ဆောင်ထားသည့် ဓါတ်ပုံများကို True Love Zone ဆိုသော ဝက်ဆိုဒ်တွင် တင်ထားခဲ့ပြီး ၎င်း၏ စော်ကားမှုခံရသော အငယ်ဆုံးကလေးငယ်တစ်ဦးဆိုလျင် အသက် ခြောက်လဝန်းကျင်ခန့်သာ ရှိသေးသည်ဟု သိရသည်။

" ကျွန်တော် ကြုံတွေ့ခဲ့ဖူးသမျှတော့ ဒီလူက ကလေးတွေအပေါ် ခုလိုမျိုး လိင်စိတ်ပြင်းပြတဲ့သူတစ်ဦး ဖြစ်ပါတယ်" ဟု ဗြိတိန် အမျိုးသား မှုခင်းအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မက်သရူးလောင်းက ပြောသည်။

ဟက်ကယ်လ်အား ဗြိတိန်ရဲများက နိုင်ငံတောင်ပိုင်းတွင် ၂၀၁၄ ဒီဇင်ဘာလက ဖမ်းမိခဲ့ခြင်းဖြစ်ကာ ယင်းအချိန်က ၎င်းမှာ အားလပ်ရက်အတွင်း မိဘများနှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံမှ   ပြန်လာချိန် လေဆိပ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းအား စစ်ဆေးရာတွင် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ထားသည့် ဓါတ်ပုံမြောက်မြားစွာ သိမ်းဆည်းထားသော ကွန်ပြူတာနှင့် ကင်မရာတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းဓါတ်ပုံများအရ ၎င်းသည် အဓမ္မပြုကျင့်မှုအပါအဝင် အမျိုးမျိုးသော လိင်စော်ကားမှုများကို ကျူးလွန်ထားသည်ကို တွေ့ရသည်။

စုံစမ်းရေးအရာရှိများက စစ်ဆေးခဲ့ရာတွင် ၎င်းမှာ မလေးရှားနိုင်ငံတွင် ရှိစဉ်က ကလေး ၂၂ ဦး နှင့် ကမ္ဘောဒီးယားမှ ကလေးငယ်တစ်ဦးတို့အပေါ် အထက်ပါကဲ့သို့ ကျူးလွန်ထားခဲ့သည်ကို   တွေ့ရှိခဲ့ရသည်။ ယင်းနောက် တရားရေးစုံစမ်းစစ်ဆေးမှုများ ကြာမြင့်နေခဲ့ပြီးမှ ယခုအချိန်တွင်မှ ၎င်းအား စီရင်ချက်ချမှတ်နိုင်ခဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly