ဘူဒိုဇာဟု နာမည်ပြောင်မှည့်ခေါ်သော အိုင်အက်စ်တို့၏ အာဏာပါးကွက်သားကို ဆီးရီးယားစစ်တပ်က ဖမ်းမိဟု ဆို

ဘူဒိုဇာဟု နာမည်ပြောင်မှည့်ခေါ်သော အိုင်အက်စ်တို့၏ အာဏာပါးကွက်သားကို ဆီးရီးယားစစ်တပ်က ဖမ်းမိဟု ဆို

ဇွန် ၄ ။             ။ အိုင်အက်စ်တို့၏ ဓါးစားခံများကို ခေါင်းဖြတ်သတ်ဖြတ်ပုံ ဗီဒီယိုများထဲတွင် အာဏာပါးကွက်သားတာဝန်ယူသူအဖြစ် နာမည်ကြီးနေသော အကြမ်းဖက်သမားကို ယခုအခါ ဆီးရီးယား စစ်တပ်က ဖမ်းမိခဲ့သည်ဟု အွန်လိုင်းတွင် တင်ထားသော ဗီဒီယိုများက ဖော်ပြနေသည်။

ဘူဒိုဇာဟု နာမည်ပြောင်ပေးထားသော အဆိုပါ အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားဖြစ်သူ ထရပ်ကားတစ်စီးပေါ်တွင် အပေါ်ပိုင်းဗလာကျင်းဖြင့် လဲလျောင်းနေပုံကို အွန်လိုင်း ဗီဒီယိုများတွင် မြင်တွေ့ရသည်။

မေလ ၂၉ ရက်က ယူကျူ့ပေါ်တွင် တင်ခဲ့သော ဗီဒီယိုတစ်ခုအရ ၎င်းမှာလက်နောက်ပြန် အတုပ်ခံထားရပြီး တစ်ချက်တစ်ချက်တွင် အော်ဟစ်နေပုံကို တွေ့ရသည်။ လူတစ်ချို့မှာလည်း ထရပ်ကားနားကပ်ကာ ၎င်းတို့၏ဖုန်းများဖြင့် ဓါတ်ပုံရိုက်ယူနေသည်များကိုလည်း မြင်တွေ့ရသည်။

အဆိုပါ ဖမ်းမိထားသူမှာ အိုင်အက်စ်တို့၏ အာဏာပါးကွက်သား အမှန်တကယ် ဟုတ်မှန်သည်လား သေချာမသိရှိရသေးသော်လည်း ယခင်က အိုင်အက်စ်တို့ ဓါးစာခံများကို   ခေါင်းဖြတ်သတ်ဖြတ်နေမှုများကို  အွန်လိုင်းပေါ်တွင်တင်ခဲ့စဉ်က တွေ့ရှိရသူနှင့် တူညီနေသည်။ ယင်း ဗီဒီယိုများထဲတွင် တွေ့ရသည်မှာ အနက်ရောင်အဝတ်အစားများဖြင့် မျက်နှာကို ဖုံးအုပ်ထားသူ အဖြစ်တွေ့ရတတ်သော်လည်း ခန္ဒာကိုယ် ပုံပန်းသဏ္ဍာန်မှာ ယခု ဖမ်းမိထားသူနှင့် တူညီနေသည်။

၎င်းသည် ခန့်မှန်းခြေအားဖြင့် ခန္ဒာကိုယ်အလေးချိန် ကီလို ၁၂၀ မှ ၁၅၀ အတွင်း ရှိမည်ဟု ယုံကြည်ရသည်။ ၎င်းသည် ဓါးစာခံများ၏ လည်ပင်းကို မလှီးမီ ဓါးကိုင်ဆောင်ကာ ဟန်ရေးပြသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly