လက်ဝှေ့အကျော်အမော် မိုဟာမက်အလီ အသက် ရ၄ နှစ်၌ ကွယ်လွန်

လက်ဝှေ့အကျော်အမော် မိုဟာမက်အလီ အသက် ရ၄ နှစ်၌ ကွယ်လွန်

နယူးယောက်၊ ဇွန် ၄ ။           ။ အသက် ၇၄နှစ်အရွယ် လက်ဝှေ့အကျော်အမော် မိုဟာမက်အလီသည် ဒီကနေ့ ဇွန်လ (၄) ရက်တွင် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ Phoenix မြို့ ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဟဲဗီးဝိတ်ချန်ပီယံဟောင်း၊ ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမား မိုဟာမက်အလီက အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ် ဖိုးနစ်ဆေးရုံသို့ ဇွန် ၂ ရက်က တက်ရောက်ခဲ့ပြီး ယခုကွယ်လွန်ခြင်းဖြစ်သည်။

အဆုတ်ရောဂါခံစားရစဉ် ပါကင်ဆန်ရောဂါပါ ဖြစ်၍ ရောဂါသည်းခဲ့ခြင်းဖြစ်သည်။

မိုဟာမက်အလီ၏ အသုဘအခမ်းအနားကို ၎င်းမွေးရပ်မြေ ကင်တက်ကီရှိ လွိုက်စ်ဗီးမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly