ဂီဂီဟာဒစ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဇေယန်မာလစ်ခ်

ဂီဂီဟာဒစ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဇေယန်မာလစ်ခ်

နယူးယော့ခ်၊ ဇွန် ၃ ။               ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ခ်နှင့် ဂီဂီဟာဒစ်တို့ နှစ်ဦးသည် ခြောက်လ ကြာ တွဲပြီးနောက် ယခုအခါ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း  E! News တွင် ဖော်ပြထားသည်။

ဇေယန်မာလစ်ခ်နှင့် ဂီဂီဟာဒစ်တို့ နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စတင် တွဲခဲ့ကြ ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများကို အင်စတာဂရမ်တွင် တင်ခဲ့သည်။

ဇေယန်မာလစ်ခ်၏ ကိုယ်စားလှယ်သည် ယင်းသတင်းနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြား ခြင်း မရှိကြောင်းနှင့် မှတ်ချက်ပြုပြောကြားပေးရန် ဘေလ်ဘုတ်၏ မေတ္တာရပ်ခံချက်ကို ဟာဒစ်၏ ကိုယ်စားလှယ်သည်လည်း တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

ဇေယန်မာလစ်ခ်နှင့် ဂီဂီဟာဒစ်တို့ စုံတွဲသည် ပြီးခဲ့သည့်လက Met Gala ပွဲကို နှစ်ယောက်အ တူ တတ်ခဲ့ကြပြီး ချပ်ဝပ်တန်ဆာအဆောင်ယောင်များ ဆင်မြန်းထားသော ဝတ်စုံကို ဝတ်ဆင်ခဲ့ကြ သည်။ ဟာဒစ်သည် မာလစခ်၏ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်း “Pillow Talk” တေးဂီတ ဗီဒီယိုတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၎င်းတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူသော သတင်းများ ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း ဟာဒစ် သည် ကန်ဒဲလ်ဂျန်နာနှင့်အတူ ရိုက်ထားသော selfie ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့ကြောင်း နှင့် ဇေယန်သည် ယခုအချိန်ထိ လူမှုရေးမီဒီယာတွင် မည့်သည့်အကြောင်းအရာ ဓာတ်ပုံကိုမျှ တင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly