တရုတ်ဟက်ကာများ ထိုင်ဝမ်အာဏာရပါတီဝက်ဘ်ဆိုက်ကို တိုက်ခိုက်

တရုတ်ဟက်ကာများ ထိုင်ဝမ်အာဏာရပါတီဝက်ဘ်ဆိုက်ကို တိုက်ခိုက်

ပေကျင်း၊ ဇွန် ၂ ။              ။ ဆိုက်ဘာတိုက်ခိုက်မှုများ ခြိမ်းခြောက်မှုများ မြင့်တက်လာနေသည့် ထိုင်ဝမ်၌ အာဏာရပါတီ ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ပြည်မမှ ဟက်ကာများ ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုက ဇွန် ၂ ရက် ပြောသည်။

တရုတ်နှင့် ထိုင်ဝမ်ကြားတွင် ဇန်နဝါရီလက တရုတ်လက်မခံသည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အနိုင်ရကာ ထိုင်အန်ဝန် သမ္မတဖြစ်ပြီး ပြီးခဲ့သည့်လက တာဝန်ယူချိန်မှစကာ ထိုင်ဝမ်က လွတ်လပ်ရေးကို တိုက်ပွဲဝင်လာနိုင်သည်ဟု တရုတ်၏ စိုးရိမ်ပူပန်မှုများနှင့်အတူ ဆက်ဆံရေးက တင်းမာမှုများ ကြီးမြင့်လာခဲ့သည်။

ပြည်တွင်းစစ်အပြီး ၁၉၄၉ တွင် နှစ်ဖက်ကွဲပြားသွားချိန်မှစကာ ထိုင်ဝမ်က ကိုယ်ပိုင်ရပ်တည်လာခဲ့သော်လည်း တရုတ်ဖက်က ၎င်းပိုင်နက်နယ်မြေအဖြစ် ပိုင်းဖြတ်ထားဆဲဖြစ်သည်။

ယခုအာဏာရပါတီဝက်ဘ်ဆိုက်ကို ဧပြီလအစောပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်သူများမှာ ဝက်ဘ်ဆိုက်တုပေါ်သို့သာ ရောက်သွားအောင် ဟက်ကာတိုက်ခိုက်ထားခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် Fire Eye ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ အသုံးပြုသွားသည့် နည်းလမ်းများကလည်း တရုတ်ဟက်ကာများ အသုံးပြုတတ်သည့် လက်စလက်နများဖြစ်ကြောင်းလည်း ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်နေ့တွင် ဝက်ဘ်ဆိုက်အား ပြန်၍ရယူနိုင်သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် ဝက်ဘ်ဆိုက်က အထိအခိုက်ထပ်ဖြစ်လာကြောင်း၊ ဆိုက်ကို စောင့်ကြည့်ဝင်ရောက်ထားခြင်း ခံထားရဖွယ်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"DPP ပါတီနဲ့ သက်ဆိုင်သည့် သတင်းအချက်အလက်တွေကို စုံစမ်းစုဆောင်ရန်အတွက် တရုတ်အခြေစိုက်ဆိုက်ဘာသူလျှိုများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း" FireEye ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly