ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရရောဟန်ချက်ညီညီ လုပ်နေပါတယ်၊ စားပွဲပေါ်ရောက်လာတာလေး လက်မှတ်ထိုးပေးရုံ လုပ်နေတာ မဟုတ်ပါဘူး ဆိုတဲ့ ချင်းဝန်ကြီးနဲ့ တွေ့ဆုံခြင်း

ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရရောဟန်ချက်ညီညီ လုပ်နေပါတယ်၊ စားပွဲပေါ်ရောက်လာတာလေး လက်မှတ်ထိုးပေးရုံ လုပ်နေတာ မဟုတ်ပါဘူး ဆိုတဲ့ ချင်းဝန်ကြီးနဲ့ တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ ဆင်းရဲမှုအနိမ့်ကျဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်၏ စည်ပင်သာယာရေး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မဇ္ဈိမ၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က သွားရောက်တွေ့ဆုံပြီး ဝန်ကြီးဌာနသုံးခုအတွက် ရက် ၁၀၀ စီမံကိန်းအတွင်း လုပ်ဆောင်မည့် အစီအမံများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်မည့် ကိစ္စများကို တွေ့ဆုံမေးမြန်းခဲ့သည်။

မဇ္ဈိမ ။  ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ဆင်းရဲနွမ်းပါးမှု တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၆ ရာခိုင်နှုန်းရှိတယ်။ ၁၅ ရာခိုင်နှုန်း လောက်ထိ လျော့ချဖို့ လုပ်မယ်လို့ ကြွေးကြော်ခဲ့တာတွေရှိတယ်။ အခု ချင်းပြည်နယ်တစ်ခုတည်း အတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင် ဝန်ကြီးပြောသလို 73% ရှိတယ်ဆိုရင် ဒီ ဝန်ကြီးတို့ အစိုးရလက်ထက်မှာကော ခုန ဝန်ကြီးပြောခဲ့တဲ့ Quality Control ခုနက ဝန်ကြီးပြောခဲ့တဲ့ အစီအမံတွေက ချင်းပြည်နယ် ၇၃ ရာခိုင်နှုန်းသော ဆင်းရဲနွမ်းပါးသူတွေအတွက် ဝန်ကြီးတို့ရဲ့ အစီအမံက ဘယ်လောက်ထိများ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းကို လျော့ချပေးနိုင်မယ်လို့ မျှော်မှန်းလို့ရမလဲ။

ဝန်ကြီး ။  ။ အဓိကတော့ ကျွန်တော်တို့ ဦးဆောင်မှု ကိစ္စတွေ အားလုံးသည် Pro-poor policy ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးမှု လျော့လျရေး ဒါမျိုး ခေါင်းစဉ် မတပ်ပါဘူး။ သို့သော် ချင်းပြည်နယ်မှာလုပ်တဲ့ ပေါ်လစီတွေသည် Pro-poor policy ဆင်းရဲတဲ့သူတွေဘဝ ရုန်းထွက်နိုင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ အဲ့တော့ အဓိက ကျွန်တော်တို့ Infrastructure ပိုင်း တည်ဆောက်တဲ့အပိုင်းပဲဖြစ်ဖြစ် အားလုံးသည် ဆင်းရဲနွမ်းပါးတဲ့ မိသားစု၊ ဝင်ငွေနည်းမိသားစု အားလုံးသည် ရုန်းထွက်နိုင်အောင် ဒါကိုပဲ ကျွန်တော်တို့ Target ထားတာဖြစ်ပါတယ်။ ဆိုတော့ ဥပမာအားဖြင့် ကျွန်တော် ခုနက တောက်လျှောက်ပြောတဲ့ကိစ္စ ကျွန်တော်တို့ ငါးနှစ်အတွင်းမှာ Quick Win ဖြစ်ချင်တာဖြစ်မယ်။ သို့သော် ကျွန်တော်တို့ ငါးနှစ်ပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ ပေးလိုက်တဲ့ အခြေခံကောင်းပေါ်မှာ လျှောက်သွားခြင်းအားဖြင့် ဒီ့ထက် အများကြီး တက်သွားနိုင်တဲ့ အနေအထားမျိုး မျှော်မှန်းတာဖြစ်တယ်။ ငါးနှစ်အတွင်း ချင်းပြည်နယ်တစ်ခုလုံး ပြောင်းလဲသွားဖို့မဟုတ်ဘူး။ တကယ့်အရေးကြီးတဲ့ ဘာမှမရှိတဲ့နေရာမှာ တခုခု အခွင့်အလမ်းကောင်းတွေ ကျွန်တော်တို့ ဖန်တီးပေးခဲ့မှာဖြစ်ပါတယ်။ အထူးသဖြင့်ဆိုပါစို့ ကျွန်တော်တို့ ချင်းပြည်နယ်ဆိုရင် Isolated (အထီးကျန်) မဖြစ်ဖို့ ဆိုလိုချင်တာက ချင်းပြည်နယ်က နှစ်ပေါင်းတော်တော်များများ ၂၀၁၀ ၂၀၁၁ ခုနှစ်လောက်က လူတွေတော်တော်များများ ပြောနေကြတယ်။ ပြောနေကြတာက လျစ်လျူရှုခံရတဲ့ ပြည်နယ်တစ်ခုလို့ ပြောနေတာတွေရှိတယ်။ ကျွန်တော်တို့က ဒီအနေအထားကနေ လျစ်လျူရှုခံရတဲ့တစ်ခုကို Isolated, Isolation ဖြစ်နေတဲ့ ပြည်နယ်တစ်ခုကနေပြီးတော့ ချင်းပြည်နယ် အရေးပါမှု Economically အရေးပါတဲ့  ဒီနေရာမှာ အရေးကြီးတဲ့အချက်က ဘာလဲဆိုရင် အခု ကျွန်တော်တို့ AEC (အာဆီယံစီးပွားရေးအသိုက်အဝန်း) ကို ဝင်ရောက်လာမယ်ဆိုတော့ ဒီထက်ပိုပြီးတော့ ကျယ်ပြန့်လာဖို့ရှိတယ်။ ဆိုတော့ အဲ့ဒီလိုနေရာမျိုးမှာ အရေးကြီးတဲ့အချက်က AEC နဲ့ အိန္ဒိယနဲ့ အိန္ဒိယမှာ Look East ပေါ်လစီရှိတယ်။ အရှေ့ဘက်ကို မျှော်ကြည့်တဲ့ မူဝါဒရှိတယ်။ ဆိုတော့ ဒီ Channel မှာ ချင်းပြည်နယ်က အရေးကြီးတဲ့ လမ်းဆုံမှာရှိတယ်။ ဒီနေရာမှာ Connectivity ရှိတယ်။ AEC နဲ့ အာဆီယံနဲ့ အိန္ဒိယနဲ့ Connectivity နောက်တစ်ခုကဘာလဲဆိုရင် ကုလတန်စီမံကိန်းပေါ့။ ဒီစစ်တွေမှာရှိတဲ့ ကုလတန်စီမံကိန်းသည် Pro-poor/ Pro-regional Development Plan ဖြစ်ဖို့ အများကြီး ပြောခဲ့တာရှိတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ ပြောခဲ့တာရှိတယ်။ ကျွန်တော်တို့ ဒီကုလတန်စီမံကိန်းကို မကန့်ကွက်ဘူး။ သို့သော် ဒီစီမံကိန်းသည် ဒေသတွင်း ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ထည့်သွင်းစဉ်းစားထားတဲ့ စီမံကိန်းဖြစ်ဖို့ ဆိုတော့ ဒီဟာတွေကို ကျွန်တော်တို့ အများကြီး စဉ်းစားတယ်။ ချင်းပြည်နယ်သည် No more Isolated ဧရိယာမဖြစ်ဖို့ နောက်ပြီး ကျွန်တော်တို့ Border Trade (နယ်စပ်ကုန်သွယ်ရေး)တွေ ဖွင့်ဖို့ရှိပါတယ်။ စနစစ်တကျ။ ဆိုတော့ တစ်ဖက်ကလည်း Eco-tourism လို့ပြောတဲ့ မီးခိုးတိတ်စီးပွားရေးကို ကျွန်တော်တို့ မြင့်တင်ဖို့ ကြိုးစားတယ်။ အဲ့တော့ ချင်းပြည်နယ်သည် Eco-tourism လုပ်ငန်းအတွက် တကယ့်ကို လုပ်နိုင်တဲ့ လတ်လတ်ဆတ်ဆတ် လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့မှာ ရိဒ် (ရေကန်) ရှိတယ်။ ကျွန်တော်တို့မှာ Eco-tourism အရ Community Base ဒါတွေကို လုပ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်။ ဆိုတော့ ချင်းပြည်နယ်သည် No More Isolated မဖြစ်ဖို့ ဒါတွေကို ဆောင်ရွက်တာဖြစ်တယ်။ ဘာဖြစ်လို့ Isolated ဖြစ်သလဲဆိုရင် connectivity (ဆက်သွယ်ရေးကဏ္ဍ)က သိပ်ခက်တယ်။ အလွယ်တကူ သွားလို့မရဘူး။ မနေ့ကတောင်မှ ဝန်ကြီးချုပ်က ပြောခဲ့တယ် ကျွန်တော်တို့ ဟားခါးကနေ ပလက်ဝကို လာတာထက် ရန်ကုန်ကလူက အမေရိကန် သွားတာ ပိုမြန်တယ်လို့ ပြောတယ်။ ဆိုတော့ ပြောချင်တာက ချင်းပြည်နယ်ထဲမှာရှိတဲ့ connectivity က အင်မတန်မှ နည်းပါးတဲ့အတွက်ကြောင့် ဆက်သွယ်ရေးလမ်းကြောင်းက ဆက်သွယ်နိုင်မှုက အင်မတန်နည်းပါးတဲ့အတွက်ကြောင့် Isolation ဖြစ်တယ်။ ချင်းတောင်ကသူက မြေပြန့်ကို လာချင်တယ်။ ချင်းတောင်ကိုအပို့ခံရတဲ့ ဝန်ထမ်းတွေက မဲဇာပို့ခံရသလို သူတို့ ခံစားရတယ်။ ဒီအခြေအနေက Infrastructure Development Plan ဒါကို ကျွန်တော်တို့ Control လုပ်သွားနိုင်တယ်ဆိုလို့ရှိရင် ချင်းပြည်နယ်က Isolated  မဖြစ်တော့ဘူး။ ချင်းပြည်နယ်သည် လူနေကျဲပါးတယ်။ တချိန်တည်းမှာပဲ စီးပွားရေး ရင်းနှီးမြှုပ်နံှမှုအပိုင်းကို Attract (ဆွဲဆောင်)လုပ်နိုင်တဲ့ အပိုင်းဖြစ်တယ်။ ကျွန်တော်တို့လည်း ဘာလုပ်နေလဲဆိုရင် အခု Attract လုပ်နိုင်တဲ့အပိုင်းကို ရှာနေတာဖြစ်တယ်။ ဒါတွေဟာ ချင်းပြည်နယ်မှာရှိတဲ့ ချင်းပြည်သူလူထုက လူဦးရေ ငါးသိန်းပဲရှိတယ်။ သိပ်မများဘူး။ ဒီမများတဲ့အတွက်ကြောင့် ကျွန်တော်တို့ ချင်းပြည်နယ်မှာ နည်းနည်း ရင်းနှီးမြှုပ်နှံတာက ရန်ကုန်မှာ ၁၀ % တက်လာတယ်။ ချင်းပြည်နယ်မှာ ၁၀% တက်လာတယ်။ ကွာဟမှုက နည်းတာမဟုတ်ဘူး။ အဲ့ဒါကို ကျွန်တော်တို့က ပြင်နေတာဖြစ်တယ်။ အခု ကျွန်တော်တို့ပြင်နေတာသည် Quick Win မဟုတ်ဘူး။ အခုရေတွင်းတူး အခုရေကြည်သောက်မယ့် ဟာမျိုးမဟုတ်ဘူး။ အရင်တုန်းက အဲ့လိုလုပ်ခဲ့တယ်။ အခု ကျွန်တော်တို့ လုပ်နေတာသည် Dimension တစ်ခုလုံးပြောင်းပြီးတော့ ချင်းပြည်နယ်က Isolated မဖြစ်ဘူး။ အကုန်လုံး connectivity ဖြစ်နိုင်တဲ့ အနေအထားတစ်ခုကို စဉ်းစားပြီးတော့ သွားနေတာဖြစ်တယ်။ ဆိုတော့ တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေးလမ်းကြောင်းပဲဖြစ်ဖြစ် အိန္ဒိယနဲ့ အာဆီယံလမ်းကြောင်းပဲဖြစ်ဖြစ် ကုလားတန်ဘက်ကနေ ကာလကတ္တားပဲဖြစ်ဖြစ် ဒီအနေအထားမှာ လမ်းဆုံမှာရှိတဲ့အတွက်ကြောင့်မို့ သူ့ရဲ့အရေးပါမှု ကျွန်တော်တို့ကို ပြတယ်။ အဲ့အတွက် ကျွန်တော်တို့ နေ့ချင်းညချင်း မဖြစ်နိုင်ဘူး။ Human Capacity ကို တင်ရမယ်။ ချင်းကို ကျွန်တော်တို့ Regional (ဒေသ)မှာ Attract လုပ်နိုင်တဲ့ အပိုင်းဖြစ်ရမယ်။ ဆိုတော့ အဲ့ဒီအတွက်ကြောင့်မို့ နိုင်ငံတကာမှာရှိတဲ့ ချင်းပညာရှင်များဖြစ်ဖြစ် ပြည်တွင်းမှာရှိတဲ့ ချင်းပညာရှင်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ချင်းပြည်နယ်အစိုးရလို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ဝန်ကြီးချုပ်ကလည်း မကြာခဏပြောပါတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုရင် ဆိုလိုချင်တာက ခုနကပြောသလို ၇၃ %ကို လျော့မယ်ဆိုလိုရှိရင် သန်းကောင်စာရင်းအရတော့ ၇၁% ကို လျော့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရနဲ့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ သူတွေပဲ လုပ်လို့မရဘူး။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ချင်းပြည်နယ် ပြင်ပ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူတွေ၊ နိုင်ငံတကာမှာရှိနေတဲ့ ချင်းလူမျိုးအားလုံးက ဝိုင်းပြီးတော့ပါမှ လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ လမ်းဖွင့်ပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ သွားမယ့် ဥစ္စာသည် Quick Win ဆိုတာထက် Strategic Change ကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ အဲ့ဒါတွေ ဖြစ်လာမယ်ဆိုရင် ခုနကပြောတဲ့ ၇၃ ပဲဖြစ်ဖြစ် ၇၁ ပဲဖြစ်ဖြစ် ဒီထက် ကျသွားမယ်။ ဆိုတော့ ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှု လျော့လျရေးဆိုပြီး လူပိန်းကြိုက် (Slogan _ဆောင်ပုဒ်)တွေနဲ့ မပြောဘူး။ ဒါပေမယ့် လူပိန်းတွေ ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမယ့် အနာခံပြီး လုပ်ရမယ့်ကိစ္စ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ပေးတဲ့ ကိစ္စ ဒါက ပြောရမယ်ဆိုရင် ချင်းပြည်နယ်ရဲ့ ခုနကပြောတဲ့ အနေအထားမျိုးဖြစ်လာအောင် ဆောင်ရွက်တဲ့ကိစ္စက တကယ့်ကို Theoretically Practice လုပ်ရတဲ့ အနေအထားဖြစ်ပါတယ်။

အင်တာဗျုး ဗွီဒီယိုဖိုင်အားကြည့်ရန်-https://www.facebook.com/MizzimaDaily/videos/1192180764150160/

မဇ္ဈိမ ။  ။ ဝန်ကြီး တာဝန်ယူထားတဲ့ အထဲထဲမှာ စက်မှုကဏ္ဍလည်း ပါတယ်ဆိုတော့ ခုနက ဝန်ကြီးပြောခဲ့ပါတယ်။ လျှပ်စစ်ကလည်း ရာခိုင်နှုန်း နည်းနည်းပဲ ရတဲ့အခါကျတော့ ဒီ စက်မှုနဲ့ ပတ်သက်ပြီး ဒီစက်မှုနဲ့ လျှပ်စစ်ကလည်း ဆက်စပ်နေတဲ့အခါကျတော့ လျှပ်စစ်မရဘူးဆိုရင် ဒီစက်မှုက ဘယ်လိုလုပ်မလဲ။ ဝန်ကြီးတာဝန်ယူထားတဲ့ စက်မှုကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းပြပါဦခင်ဗျာ။

ဝန်ကြီး ။  ။ ဟုတ်ကဲ့။ တကယ့်တကယ်တော့ ကျွန်တော့်ကို တာဝန်ပေးထားတဲ့ တာဝန်က ကြီးပါတယ်။ စက်မှုကိစ္စပိုင်းနဲ့ လျှပ်စစ်ကိစ္စပိုင်း ချင်းပြည်နယ်အတွက်ဆိုရင် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးရတဲ့ အကြောင်းထဲမှာ ဒီဟာက အဓိကပါ။  အဲ့တော့ ကျွန်တော် အဓိကတာဝန်ယူဆောင်ရွက်တဲ့အထဲမှာ လျှပ်စစ်နဲ့ စက်မှုကို တာဝန်ယူရတဲ့အခါမှာ ချင်းပြည်နယ်ရဲ့ Sustainable Development (ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှု)ကို ဦးတည်ပြီးတော့ Change ကို လိုက်လုပ်ရမှာဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာ ကျွန်တော် အစောက တင်ပြခဲ့သလိုပဲ ချင်းပြည်နယ်မှာ 15% ဆိုတာ မီး အလင်းတွက်ဖြစ်ပါတယ်။ ချက်တာက 1% ဆိုတော့ ကျွန်တော်တို့မှာ ပြင်ရမယ့် ကိစ္စတွေရှိတယ်။ အခြား စက်မှုလုပ်ငန်းအတွက် ပြင်ရမယ့်ကိစ္စတွေရှိတယ်။ အထူးသဖြင့် စက်မှုဇုန်မှာ လုပ်မယ်ဆိုရင်တောင်မှပဲ ကျွန်တော်တို့မှာ လျှပ်စစ်ဓာတ်အားက လုံလုံလောက်လောက်ရှိဖို့လိုပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်လုပ်ဆောင်တဲ့နေရာမှာ နံပါတ်တစ်က မဟာဓာတ်အားလိုင်းကနေတစ်ဆင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိဖို့ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ချင်းပြည်နယ်အတွင်းမှာ ရေအားလျှပ်စစ် ဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ ရေအားလျှပ်စစ် ဖော်ထုတ်တဲ့နေရာမှာလည်း အထူးသဖြင့် ကျွန်တော ်တို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိတဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် စီမံကိန်းတွေကို ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က မဏိပူရ်လျှပ်စစ် စီမံကိန်းကြီးလိုမျိုးကို အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ချင်းပြည်နယ်အတွက် လျှပ်စစ်ဓာတ်အားက လုံလုံလောက်လောက် ရနိုင်မှာဖြစ်ပါတယ်။ အဲ့တော့ တစ်ဖက်ကလည်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ ကျွန်တော်တို့ အကြီးစားစက်မှုလုပ်ငန်းတွေ ဆိုတာမျိုးထက် အသေးစားနဲ့ အလက်စားကနေ စရမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ချင်းပြည်နယ်မှာ အသေးစားစက်မှုလုပ်ငန်းနဲ့ အလတ်စားစက်မှုလုပ်ငန်းက အင်မတန်မှ နည်းပါးပါတယ်။ ကျွန်တော်တို့ ၆၀၀ လောက် အရေအတွက်ရှိတဲ့အထဲမှာ အသေးစားက ၅၀၀ ကျော်လောက်ရှိတယ်။ အကြီးစားလို့ ပြောမယ့်ဟာက ငါးခုလောက်ပဲရှိတယ်။ အဲ့ဒါကလည်း ရေသန့်စက်တို့ သစ်ခွဲစက်တို့ပဲ ဖြစ်တယ်။ ဆိုတော့ တကယ့်ကိုပဲ ပတ်ဝန်းကျင် Green Growth  ဖြစ်နိုင်တဲ့ စက်မှုလုပ်ငန်းတွေက ကျွန်တော်တို့မှာ မရှိသလောက်ဖြစ်တယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ဘာတွေ့လဲဆိုတော့ နံပါတ်တစ် စနိုင်တဲ့နေရာက Eco-tourism ဖြစ်တယ်။ Eco-tourism လို့ ပြောရင် တစ်ဖက်က Road Connectivity, Electricity ချိတ်ဆက်နေတယ်။ ဒါတွေကို ကျွန်တော်တို့ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ပြောပါတယ်။ နိုင်ငံတော်အကြီးအကဲများကိုလည်း ပြောပါတယ်။ ချင်းပြည်နယ်သည် ဒီ ဆင်းရဲနွမ်းပါးမှုနှုန်းကို လျော့ချမယ်ဆိုရင် ဒါပေးဖို့လိုတယ်။ ဒါတွေမလုပ်ပေးဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲ့ဒီအတွက် ဒါတွေကျွန်တော်တို့ လုပ်ဖို့လိုတယ်။ ဒါတွေလုပ်ပေးပါ။ ဒါတွေလုပ်ပေးမယ်ဆိုရင် နောက်ထပ် ကျွန်တော်တို့ လုပ်လို့ရတဲ့ဟာတွေကို လုပ်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါတွေမလုပ်ရင်တော့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ အဲ့ဒီအတွက် ကျွန်တော်တို့ဘက်က SME ဖိုရမ် ခေါ်တာဖြစ်ပါတယ်။ SME ဖိုရမ်ကိုလည်း ကျွန်တော်တို့ ရုံးချုပ် စက်မှုဝန်ကြီးဌာနက လာပါမယ်။ ပညာရှင်တွေ လာပါမယ်။ စီပွားရေးကော်မတီက ပညာရှင်တွေ လာပါမယ်။ ကျွန်တော်တို့ အကုန်လုံးပေါင်းပြီးတော့ ချင်းပြည်နယ်မှာ ဘယ်လိုစလုပ်နိုင်တယ်။ Practical နော်။ Theory မဟုတ်ဘူး။ သဘောတရားမဟုတ်ဘူး။ လက်ရှိရှိနေတဲ့အနေအထား အခင်းအကျင်း မြေပြင်အနေအထား ပြီးတော့ ထပ်ပေါင်းပေးဖို့လိုတဲ့ Infransture ပိုင်း။ ပြီးတော့မှ ဘယ်လိုမျိုးစီးပွားရေးလုပ်ငန်းက ဘယ်လိုမျိုး စလုပ်လို့ရတယ် ဘယ်ဟာကို ကိုင်တွယ်လို့ရမလဲ။ အသေးစိတ် ပြင်မှာဖြစ်ပါတယ်။ ဆိုတော့ ဒီလိုပြင်တဲ့နေရာမှာ အရေးကြီးတာက SME တွေလည်း ခုရေတွင်းတူး ခုရေကြည်သောက်လို့ ဘယ်လိုမှ မရဘူး။ သူ့မှာလည်း ပြင်ရမယ့်အချိန်ရှိတယ်။ ဆိုတော့ SME ဘက်ကလည်း သူ့ဘက်က သူပြင်လို့ရတဲ့အပိုင်း သူပြင်မယ်။ ဆိုတော့ တစ်ဖက်က လျှပ်စစ်ပိုင်း၊ Infrastructure ပိုင်း ပြင်မယ်။ ပြင်တဲ့ဥစ္စာသည် တစ်နေရာမှာ ဆုံမှတ်ရှိတယ်။ ဆိုတော့ အဲ့ဟာကို ကျွန်တော်တို့ ဝန်ကြီးအဖွဲ့တွေအားလုံး ချင်းပြည်နယ် အစိုးရအဖွဲ့တွေအားလုံး ကျွန်တော်တို့အားလုံးမှာ တူညီတဲ့စိတ်ဆန္ဒတစ်ခုက အဲ့ဒါပဲ။ ကျွန်တော်တို့တွေအားလုံး ဝန်ကြီးဌာနတွေအားလုံး ဆောင်ရွက်တဲ့ လုပ်ငန်းတွေအားလုံးသည် သီးသန့်မဟုတ်ဘူး။ လုပ်နေကျအလုပ်တွေကိုပဲ ဝိုင်းလုပ်နေကြတာမဟုတ်ဘူး။ ကိုယ့်စာပွဲပေါ်မှာတင် တစ်နေ့တစ်နေ့ တက်လာတဲ့ဟာတွေကို လက်မှတ်ထိုး။ လမ်းညွှန်မှုခံယူပါသည်ဆိုပြီးတော့ မှတ်ချက်ပေးတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ကြီးဌာနတွေအားလုံး သွားနေတဲ့ ဥစ္စာသည် တစ်နေရာမှာ စုဆုံတဲ့ စနစ်ကိုသွားနေတာ ဖြစ်ပါတယ်။ အဲ့ဒါသည် ချင်းပြည်နယ်ရဲ့ Strategic and Development ကို ဦးတည်မယ့်ဟာပေါ့လေ။ အဲ့ဒီ့အတွက် လောလောဆယ် အချိန်ကာလအပိုင်းအခြားမှာ Completely (ပြည့်စုံစွာ) ကျွန်တော် မပြောသေးတာက ဒီဖိုရမ်ထွက်လာတဲ့အခါမှာ အကုန်လုံး ပညာရှင်တွေ Continues Discuss လုပ်သွားရမယ်။ ဆိုတော့ အဓိက အရေးကြီးတဲ့အပိုင်းက နှစ်ပိုင်းရှိတယ်ပေါ့နော်။ တစ်ပိုင်းကတော့ နိစ္စဒူဝ Regular လုပ်ရတဲ့ အပိုင်းတွေရှိမယ်။ နောက်ပြီးတော့ ခုနက ကျွန်တော်တို့ပြောတဲ့ အချကတွေ အထူးစပါယ်ရှယ် အာရုံစိုက်ပြီး လုပ်ရမယ့်အပိုင်းတွေရှိတယ်။ ဆိုတော့ ခုနက မေးခွန်းကို လိုတိုရှင်းဖြေရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ပြင်ရမယ့်ကိစ္စတွေ အများကြီးရှိမယ် ဆိုတာ မှန်တယ်။ တက်ဖက်ကလည်း ကျွန်တော်တို့ကို နိုင်ငံတော်ဘက်က လုပ်ပေးရမယ့်ကိစ္စတွေရှိတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရ မလုပ်နိုင်တဲ့ကိစ္စတွေ၊ လုပ်လို့မရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ အခု ကျွန်တော်တို့ပြောနေတာက ဟုတ်ပီ ကျွန်တေ်ာတို့ ဒါလုပ်ချင်တယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါလုပ်ချင်တယ်။ ဒါလုပ်ဖို့အတွက် ပြည်ထောင်စု အစိုးရအနေနဲ့ ဘာတာဝန်ယူမှဖြစ်မယ်။ အဲ့တော့ ပြည်ထောင်စုက ဒါတာဝန်မယူပေးဘဲနဲ့ ဒီအပိုင်း ဒီအပိုင်းကို ပြည်ထောင်စုဘက်က တာဝန်မယူပေးဘဲနဲ့ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဘာမှ လုပ်လို့မရဘူး။ ဒါကို ကျွန်တော်တို့အနေနဲ့ ပြောတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ပြည်နယ်အပိုင်းကော ပြည်ထောင်စုအပိုင်းကော ဟန်ချက်ညီညီ သွားနိုင်ဖို့ပေါ့နော်။ ဟန်ချက်ညီအောင် သွားနေဖို့ဆိုတာက NLD အစိုးရသည် ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အဆင့်မှာရော ကျွန်တော်တို့အားလုံး မိသားစုလို ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မဖြစ်နိုင်စရာ အခြေအနေ တော်တော်နည်းပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ သော်လည်းကောင်း၊ ချင်းပြည်နယ်အစိုးရအနေနဲ့သော်လည်းကောင်း၊ ရိုးရိုးသားသား၊ ယုံယုံကြည်ကြည် ရှိနေတဲ့ကိစ္စက ကျွန်တော်တို့ ဒီ ငါးနှစ်အတွင်းမှာ ချင်းပြည်နယ်အတွက် လိုအပ်တဲ့ Strategic and Sustainable Development (စနစ်ကျပြီး ရေရှည်တည်တံ့ခိုင်မြဲတမ်းဖွံ့ဖြိုးမှု)အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ ကျွန်တော်တို့ ချမှတ်ပေးနိုင်မယ်။ ကျွန်တော်တို့ Development Moment တစ်ခုကို တင်ပေးနိုင်မယ်ဆိုတာဖြစ်တယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ ဒီ ကျွန်တော်တို့ မြန်မာတစ်နိုင်ငလုံးကို ပြန်ကြည့်ရင် တချို့နေရာတွေမှာ ရေကြီးတဲ့ ပြဿနာတွေရှိတယ်။ တချို့နေရာတွေမှာတော့ မုန်တိုင်းတိုက်တဲ့ ရခိုင်မှာဆိုလို့ရှိရင် မုန်တိုင်း ပြဿနာ ရှိတယ်ပေါ့နော်။ ချင်းပြည်နယ်မှာတော့ မြေပြိုတဲ့ ပြဿနာရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီကိစ္စတွေကိုကော ဝန်ကြီးတို့အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားသလဲ။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့နော်။

ဝန်ကြီး။  ။ တကယ့်တကယ်တော့ ချင်းပြည်နယ်မှာ သဘာဝဘေးအန္တရာယ်ကျတယ် ရေကြီးတယ် မြေပြိုတယ်ဆိုတာက လွန်ခဲ့တဲ နှစ်မတိုင်ခင်က ပလက်ဝမြို့မှာ ကုလတန်မြစ် ရှိတဲ့အတွက်ကြောင့်မို့ ရခိုင်နဲ့ နီးတဲ့အတွက်ကြောင့်မို့ မုန်တိုင်းတိုက်တယ် ကြားဖူးတယ်ပေါ့။ သို့သော်လည်းပဲ ချင်းပြည်နယ်တစ်ခုလုံးအနေနဲ့ ရေကြီးတယ် မြေပြိုတယ်ဆိုတာကတော့ မနှစ်ကမှ ကိုမန်(မုန်တိုင်း)ရဲ့ ရိုက်ခက်မှုကနေစတယ်ဆိုတာ စတွေ့တယ်။ ဆိုတော့ အဲ့ဒီ့နေရာမှာ ဒီနှစ်ထပ်ဖြစ်တဲ့အခါမှာ ဒီနှစ် ကျွန်တော်တို့ ဖလမ်းတို့၊ ဟားခါးတို့မှာ မြေပြိုတဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ရွန်နူး(ဆိုင်ကလုန်းမုန်တိုင်း) လာတဲ့အခါမှာ ကျွန်တော်တို့ တော်တော်များများ စိတ်ပူတဲ့ကိစ္စက တောင်ပိုင်းဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ရုံးမှာ ကျွန်တော်ရယ် လူမှုဝန်ကြီးရယ် ဝန်ကြီးနှစ်ဦးက အချိန်ပြည့်ထိုင်ပြီး အချိန်နဲ့ တပြေးညီ ကွပ်ကဲတယ်။ အခုကျွန်တော်တို့ တကယ့်တကယ် ရလဒ်အနေနဲ့ ကြည့်မယ်ဆိုရင် ချင်းပြည်နယ်အနေနဲ့ မြေပြိုတဲ့ကိစ္စဖြစ်ပေမယ့် လူသေတဲ့ကိစ္စမရှိဘူး။ ကျွန်တော်တို့ဘက်က စီမံကွပ်ကဲတဲ့နေရာမှာ အချိန်နဲ့တပြေးညီ လိုအပ်တဲ့သဘောမျိုး ကွပ်ကဲနိုင်တဲ့ Manage လုပ်နိုင်တဲ့ (စီမံခန့်ခွဲနိုင်တဲ့) အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ရွန်နူး မုန်တိုင်းဖြစ်တဲ့အခါမှာ ချင်းပြည်နယ် ပြည်နယ်အစိုးရအနေနဲ့ ချင်းပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုအနေနဲ့ ဒါကို ပြန်ထိုင်ပြီးတော့ ပြန်သုံးသပ်တယ်။ သုံးသပ်တဲ့အခါမှာ တွေ့တာက ကျွန်တော်တို့ စိုးရိမ်တာက တောင်ပိုင်းမှာဖြစ်တယ်။ ဒါပေမယ့် တကယ့်တကယ်ဖြစ်တာက ဟားခါးမှာ မြေပြိုတယ်။ မြေပြိုတဲ့အခါမှာ ကျွန်တော် သွားကြည့်တဲ့ အခါမှာလည်း ဘာကြောင့်ဖြစ်သလဲဆိုရင် ဒါ Human made ပေါ့ လူလုပ်လို့။ ဆိုပါစို့ မြေထိန်းနံရံ ပြိုကျတယ်။ ဘာလို့ပြိုကျလဲဆိုရင် Construction နဲ့ဆိုင်တယ်။ Quality နဲ့ ဆိုင်တယ်။ အိမ်တွေကပြိုတယ်။ ဟားခါးမှာပြိုတယ်။ ဘာလို့ပြိုလဲ အဲ့တော့ ခွင့်ပြုချက်မရှိဘဲနဲ့ မြေကြီး ထိုးတယ်ခင်ဗျာ။ ထိုးတော့ မြေကြီး မြေသားမနိုင်ရင် မြေကြီး ပြိုကျတယ်။ အခု ကျွန်တော်တို့ ဖြစ်တဲ့ ဟားခါးမှာ မြေပြိုတဲ့ကိစ္စ ဖလမ်းမှာ မြေပြိုတဲ့ကိစ္စက ကျွန်တော်တို့အနေနဲ့က  ကာကွယ်နိုင်တဲ့ သဘာဝဘေးလို့ အဲ့လိုမျိုး ကျွန်တော် တွေးကြည့်တယ်။ အဲ့တော့ ဘာဖြစ်လို့ အဲ့လိုမျိုး တွေးကြည့်လဲဆိုရင် ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်တဲ့အခါမှာ ဒီနေ့ပြိုတယ်။ နောက်နေ့ ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်တဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ မြေထိန်းနံရံပြိုတဲ့ကိစ္စမှာ Construction ညံ့လို့ဖြစ်တယ်။ နောက်ပြီးတော့ ဟားခါးမှာ အိမ်ပြိုတယ်ဆိုတဲ့ ကိစ္စကလည်း ဒါက တူးထုတ်ပြီးတော့မှ တူးရမယ့် ပမာဏထက် လွန်လွန်ကဲကဲ တူးထုတ်ထားတဲ့ကိစ္စ နောက်ပြီးတော့ ကားလမ်းပြိုတဲ့ကိစ္စကလည်း ချင်းတောင်ရဲ့ မြေကြီးနဲ့ ကားလမ်းတူးတဲ့အခါမှာ ပြောမယ်ဆိုရင် ချင်းမှာတူးတဲ့လမ်းက တောင်ပေါ်လမ်းဖြစ်တယ်။ ချင်တောင်မှာတူးတဲ့ Construction နည်းလမ်းက ပြည်မမှာသုံးတဲ့ နည်းလမ်းကိုပဲ သုံးထားတယ်။ မရဘူး။ အဲတော့ အဲ့ဒီအတွက်ကြောင့်မို့ ပြိုတယ်။ အဲ့တော့ ဒါတွေ အားလုံးကြည့်တဲ့အခါမှာ ချင်းတောင်မှာဖြစ်တဲ့ မြေပြိုတဲ့ကိစ္စသည် ကာကွယ်လို့ရတဲ့ သဘာဝဘေးဖြစ်တယ်။ ကျွန်တော်တို့ မှားခဲ့တာက အပင်တွေခုတ်ခဲ့တယ်။ ကျွန်တော်တို့ မြို့ပြအဆောက်အုံတွေ ဆောက်ခဲ့တယ်။ လမ်းတွေများလွန်းတယ်။ ဆိုတော့ ဒီနောက်ပိုင်းမှာ စက်ကြီးတွေဝင်လာပြီးတော့ ဒီစက်ကြီးမောင်းပြီးတော့ လမ်းဖောက်တဲ့လူတွေ တော်တော်များများက ဒီဘက်က မီဇိုရမ်ဘက်က လာမောင်းတဲ့သူတွေ ရှိတယ်။ တချို့က ပြည်မက လာမောင်းတဲ့သူတွေရှိတယ်။ ဆိုတော့ သူတို့ရဲ့ အတွေ့အကြုံက မြေသားကောင်းတဲ့နေရာမှာ မောင်းတဲ့ တူးတဲ့အတွေ့အကြုံ ဒါတွေပဲ ရှိတယ်။ ဆိုတော့ ချင်းပြည်နယ်လို သက်နုကျောက် သက်တမ်းနုတဲ့ကျောက် အဲဒီမှာ မြေသားဖုံးတဲ့ကျောက် ပြောမယ်ဆိုရင် ဒီ အရေပြားပိုင်းနဲ့ ကြည့်မယ်ဆိုရင် မာတဲ့အပိုင်းသည် ဒီအရေပြားပိုင်းပဲရှိတယ်။ အရေပြားကို တူးထုတ်လိုက်ရင် အောက်မှာ မာတဲ့အပိုင်းက မပါတော့ဘူး။ ဒီလိုမျိုးဖြစ်တဲ့အပိုင်းမှာ အဲ့တာနဲ့ စီလျော်တဲ့အပိုင်းသည် တည်ဆောက်ရေးလုပ်ငန်း တူးဖော်ရေးလုပ်ငန်း ဒါတွေကို ကျွန်တော်တို့က ဒေသနဲ့ကိုက်ညီတဲ့ နည်းလမ်းမသုံးဖြစ်ဘူး။ ဆိုတော့ အဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဘာကို ထည့်စဉ်းစားသလဲဆိုရင် ချင်းပြည်နယ်မှာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်များ အနည်းနဲ့အများ Human made လူတွေကြောင့်ဖြစ်တဲ့ ပတ်ဝန်းကျင်ကို မထိန်းသိမ်းနိုင်လို့ Construction အပိုင်းမှာ ကျွန်တော်တို့ ပြည့်ပြည့်ဝဝ ဒေသနဲ့ကိုက်ညီတဲ့ အရေအသွေး ကျွန်တော်တို့ မသုံးနိုင်လို့ ဖြစ်သလား ဖြစ်နိုင်တယ်လို့ ယူဆချက်ရှိတယ်။ ဒီကိစ္စကို ပြင်ရမယ့်ကိစ္စက နည်းတာမဟုတ်ဘူး။ ချင်းပြည်နယ်မှာ ဖြစ်တဲ့ဟာသည် တကယ့် နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခဲ့တဲ့ ဟာ ဒီအရှိန်သည် ဆက်ပါဦးမှာပဲ။ ဒီနှစ်လည်းပဲ နောက်ထပ်မိုးကြီးရင် ကျွန်တော်တို့က မှန်တိုင်းတိုက်စရာမလိုဘူး ကျွန်တော်တို့က တစိမ့်စိမ့်နဲ့ မိုးရွားနေရင် မြေက ထပ်ပြိုဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပေါ်က အရေပြားပိုင်းကို ဖယ်ထုတ်လိုက်တာနဲ့ ဒီမာတဲ့အပိုင်းက အိကျသွားပြီးတော့ အထဲကအသားက အရည်ပျော်ပြီးတော့ ပြိုလာမယ်။ ဆိုတော့ အဲလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ဟာ သဘာဝဘေးကို ခံစားရနိုင်ချေရှိတယ်။ တချို့ကတော့ ပြောတာပေါ့ တချို့နေရာမှာ အပင်လိုက်ကြီး ပြုတ်ကျတာမျိုး မြေမတူးဘဲနဲ့ အချပ်လိုက်ကြီး ပြုတ်ကျတာမျိုး ရှိတယ်ပြောတယ်။ သို့သော် အနည်းနဲ့အများ ကျွန်တော်တို့သည် စဉ်းစားတဲ့အခါမှာ ချင်းတောင်မှာဖြစ်တဲ့ သဘာဝဘေးအန္တရယ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ညံ့တဲ့အတွက်ကြောင့် မထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့တဲ့အခါမှာ ကျွန်တော်တို့ ပြန်ပြင်ဆင်ရမယ့်ကိစ္စက နံပါတ်တစ်က ချင်းပြည်နယ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှာ အထူးသဖြင့် ခုနကျွန်တော်ပြောတဲ့ မြို့ပြဖွံ့ဖြိုးမှု အဲ့ဒီနေရာမှာ ကျွန်တော်တို့ စစဉ်းစားမယ်။ စစဉ်းစားတဲ့ကိစ္စက သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဒါကို တုန့်ပြန်နိုင်တဲ့ မြို့တွေဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်ရမယ်။ အဲ့ဒီနေရာမှာ အိမ်နေရာချထားတာကအစ နောက်ဆုံး လမ်းဖောက်တာကအစ ချင်းတောင်မှာဆိုရင် အားရင် လမ်းပဲဖောက်တယ်။ အဲ့တော့ မြေသားမမှန်ဘူး ပြုတ်ကျတယ်။ ချင်းတောင်မှာ အိမ်ဆောက်ရင် ကမ်းပါးရံမှာပဲဆောက်တယ်။ တူးပြီးတော့ဆောက်ကြတယ်။ ဇီဝဇိုးငှက်အသိုက်ဆောက်သလို ဆောက်ကြတယ်။ အဲ့ဒီအခါကျတော့ ကျွန်တော်တို့ ဆောက်တဲ့မြို့တွေ ဟားခါးမြို့ဆိုရင် အခုအိမ်ခြေတစ်ထောင်လောက် ရှိတဲ့နေရာက အကုန်လုံးရွေ့ရမယ်။ အိမ်ခြေတစ်ထောင်လောက်ကို ရွေ့ရတာဖြစ်တယ်။ အဲ့လို အိမ်ခြေတစ်ထောင်လောက် ရွေ့ရတဲ့ကိစ္စက ရပ်ကွက်နှစ်ခုစာလောက်ကို ကျွန်တော်တို့ ရွေ့ရတာဖြစ်တယ်။ ဆိုတော့ ဟားခါးလည်းထိမယ်။ အဲ့တော့ ဖလမ်းကလည်း လွတ်မလား။ မဟုတ်ဘူး။ လက်ရှိ ဖလမ်းကလည်း လက်ရှိနေရာမှာ မြေကလည်း ရွေ့လာတယ်ဆိုတော့ ဖလမ်းကို မြို့သစ်အနေနဲ့ ဒီဘက်ကို တိုးချဲ့ဖို့ ဆောင်ရွက်နေရတာဖြစ်တယ်။ ဆိုတော့ ချင်းပြည်နယ်မှာရှိတဲ့ ဟားခါးတို့၊ ဖလမ်းတို့၊ မတူပီလည်း ထိုနည်းလည်းကောင်းပဲ မတူပီမှာလည်း ကျွန်တော်တို့ ဒေသခံ ပထဝီပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ ထောက်ပြတဲ့ကိစ္စက အပင်တွေကို မထိန်းနိုင်လို့ရှိရင် မတော်တဆ မတူပီက ပျက်ကျသွားနိုင်တယ်ဆိုတဲ့ ဟာမျိုးတွေရှိတယ်။ ဆိုတော့ အဲ့ဒီအခါမှာ ချင်ပြည်နယ်က မြို့တွေက သဘာဝဘေးခံနိုင်ရည်မရှိတဲ့ကိစ္စတွေရှိတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဒီ ငါးနှစ်မှာ အခြေခံကောင်းတွေ ချဖို့အတွက်ဆိုတာ အဲ့ဒါပဲ။ ပျက်လာတာက ခေတ်အဆက်ဆက်က အခု ကျွန်တော်တို့ ရလာတဲ့အခါမှာ နေ့ချင်းညချင်း ဘယ်လိုမှ ဒါကြီးကို မထိန်းနိုင်ဘူး။ ဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ လုပ်တဲ့အခါမှာ ငါးနှစ်မှာ ဒါတွေ အခြေခံသွားနိုင်မယ်ဆိုရင်။ ပြန်ကုစားမယ်ဆိုရင် အရှိန်က နောက်ငါးနှစ်ကို ပြန်သွားမယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly