ကမ္ဘာ့ကျွန်ပြုစေခိုင်းမှုများ အညွန်းကိန်း၌ ထိုင်းက နံပါတ် ၂၀ တွင်ရှိ

ကမ္ဘာ့ကျွန်ပြုစေခိုင်းမှုများ အညွန်းကိန်း၌ ထိုင်းက နံပါတ် ၂၀ တွင်ရှိ

ဘန်ကောက်၊ ဇွန် ၂ ။               ။ ထိုင်းနိုင်ငံတွင် ငါးဖမ်းလုပ်ငန်းများ၌ အတင်းအကြပ်စေခိုင်းမှုများ၊ လိင်ခေါင်းပုံဖြတ်မှုများနှင့် ကလေးစစ်သားပြဿာနများက ခေါင်းခဲစရာဖြစ်သည်။

ထိုင်းနိုင်ငံ၏ ခေတ်သစ်ကျွန်ပြုမှုများဖြင့် ရင်ဆိုင်နေရဦးရေက ခန့်မှန်းခြေ ၄၂၅၅၀၀ နီးပါးရှိကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာကျွန်ပြုမှုအညွန်းကိန်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ အခြေအနေကို လေ့လာသုတေသနပြုမှုအရ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများတွင် ဖြစ်ပေါ်နေသော အတင်းအကျပ်စေခိုင်းမှုများ၊ စီးပွားဖြစ် လိင်ခေါင်းပုံဖြတ်မှုများနှင့် ကလေးစစ်သားပြဿနာများက တိုင်းပြည်လူဦးရေ၏ ၀ ဒဿမ ၆ ရာခိုင်နှုန်း ရှိနေသည်။

ကျွန်ပြုမှုအညွန်းကိန်းတွင် လူဦးရေ၏ အချိုးအစားအရ ထိုင်းနိုင်ငံသည် အီဂျစ်၊ အီရန်၊ တူရကီ၊ အယ်ဂျီးရီးယား၊ ယူဂန်ဒါ၊ ကမ်မရွန်း၊ မာလီနှင့် လက်ဘနွန်နိုင်ငံတို့နှင့် တစ်တန်းတည်း အဆင့် ၂၀ နေရာ၌ ရှိနေသည်။

အညွန်းကိန်းတွင် အဆိုးဆုံးနိုင်ငံအဖြစ် ခေတ်သစ်ကျေးကျွန်ဦးရေ အရေအတွက်က နိုင်ငံလူဦးရေ၏ ၄ ဒဿမ ၃၇ ရာခိုင်နှုန်းနီးပါးရှိသော မြောက်ကိုရီးယားနိုင်ငံဖြစ်သည်။

ထိုင်းငါးဖမ်းလုပ်ငန်းများတွင် မဟာမဲခေါင်ဒေသနိုင်ငံများမှ ယောက်ကျား၊ ကလေးနှင့် အမျိုးသမီးများကို ကျေးကျွန်ပြုစေခိုင်းလျက်ရှိကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာကျွန်ပြုမှုအညွန်းကိန်း၌ ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးဆိုင်ရာကျွန်ပြုမှုအညွန်းကိန်းကို နိုင်ငံပေါင်း ၁၆၇ နိုင်ငံအပေါ် လွှမ်းခြုံဖော်ပြထားခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ဘာသာစကားပေါင်း ၅၃ မျိုးဖြင့် တွေ့ဆုံမေးမြန်းမှုပေါင်း ၄၂၀၀၀ ထက်မနည်း ပါဝင်ကာ ၂၀၁၆ တစ်ကမ္ဘာလုံးဆိုင်ရာကျေးကျွန်ပြုမှုအညွန်းကိန်းကို တိုင်းတာသုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly