ဗီယက်နမ်နိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ်များထံသို့ သွားရောက်ခဲ့တဲ့ ကေတီပယ်ရီ

ဗီယက်နမ်နိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ်များထံသို့ သွားရောက်ခဲ့တဲ့ ကေတီပယ်ရီ

ဟနွိုင်း၊ ဇွန် ၂ ။              ။ ကမ္ဘာကျော်အဆိုတော် တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ကလးများရန်ပုံငွေအဖွဲ့ ( UNICEF ) ၏ သံတမန်တစ်ဦးဖြစ်သူ ကေတီပယ်ရီသည် မကြာသေးမီက ဗီယက်နမ်နိုင်ငံ Ninh Thuan ပြည်နယ် သို့ သွားရောက်ကာ ပညာရေး၊ ရေ ၊ ရေဆိုးနုတ်စနစ် နှင့် တစ်ကိုယ်ရေးကျန်းမာရေး ကင်းမဲ့နေသော ကလေးငယ်များရှိသည့် မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

“သမီးဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း မြေးလေးယောက်ကို စောင့်ရှောက်နေတဲ့ အဘွားအိုနဲ့ တွေ့ဆုံရတဲ့အခါ အရမ်းကို ကြေကွဲဖွယ်ကောင်းပါတယ်။ သူတို့မိသားစုဟာ တောင်တွေရှိတဲ့   ဝေးလံ ခေါင်းပါးတဲ့ ရွာလေးတစ်ရွာမှာနေထိုင်ကြတယ်။ အသက်ငါးနှစ်အရွယ် Linh အမည်ရှိ မြေးမလေး ဟာ  အဟာရချို့တဲ့မှုကို အပြင်းအထန် ခံစားခဲ့ရတယ်။ယူနီဆက်ဖ်က သင်တန်းပေးထားတဲ့ အလုပ် သမားတစ်ဦးဟာ ဒီရွာကို ရောက်လာပြီး  Ling ကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေ အလုပ်ပေးခဲ့ဘူး ဆိုရင် သူမကို ဒီနေ့မှာ အသက်ရှင်လျက်တွေ့နိုင်မှာမဟုတ်ပါဘူး။ ” ဟု ကေတီပယ်ရီက ပြောကြားခဲ့သည်။

“Linh ဟာ နေ့တိုင်း ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ကလေးငယ်သန်းပေါင်းများစွာထဲက တစ်ယောက်ဖြစ်ပါတယ်။ဒါဟာ ကျွန်မတို့အားလုံး စိုးရိမ်နေတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ကေတီပယ်ရီက ပြောကြားခဲ့သည်။

ကေတီပယ်ရီနှင့် အပြန်အလှန်စကားပြောကြားခဲ့သော ကလေးငယ်များက  ၎င်းတို့မိဘများ၏ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် ဆရာဝန် နှင့် ဆရာ၊ ဆရာမများဖြစ်ချင်သည့် စိတ်ကူးအိပ်မက်များကို ပြောကြားခဲ့သည်။

“ကျွန်မ တွေ့ဆုံခဲ့တဲ့ ကလေးငယ်တွေအားလုံးမှာ မယုံကြည်နိုင်လောက်အောင် စိတ်ကူးအိပ် မက်တွေ ရှိကြတယ်။ ကျွန်မ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ကူညီပေးသွားမှာပါ” ဟု ကေတီပယ်ရီ က ပြောကြားခဲ့သည်။ ကေတီပယ်ရီသည်  Ninh Thuan ပြည်နယ်တွင်နေထိုင်နေရသူများကဲ့သို့သော ကလေးငယ် သန်းပေါင်းများစွာ ကြုံတွေ့နေရသည့် ပြဿနာများကို အဓိကထား လုပ်ဆောင်သွားရန် မျှော်လင့်ထားသည်။

ကေတီပယ်ရီသည်  ၂၀၁၃ ခုနှစ် ဒီဇင်ဘာက ယူနီဆက်ဖ် သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ယင်းနှစ်အစောပိုင်းက ၎င်း၏ပထမဆုံး ယူနက်ဆက်ဖ် မစ်ရှင်အဖြစ်  အာဖရိကတိုက်ရှိ မာဒါဂက်စ်ကာ နိုင်ငံသို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags