မြောက်ကိုရီးယားနှင့် မိတ်ဖက်ဆက်ဆံရေး အရေးကြီးကြောင်း တရုတ်သမ္မတပြော

မြောက်ကိုရီးယားနှင့် မိတ်ဖက်ဆက်ဆံရေး အရေးကြီးကြောင်း တရုတ်သမ္မတပြော

ပြုံယမ်း၊ ဇွန် ၂ ။           ။ တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိရောက်ရှိစဉ်အတွင်း မြောက်ကိုရီးယားနှင့် မိတ်ဖက်ဆက်ဆံရေးကို သမ္မတရှီကျင့်ဖျင်က အလေးအနက်ထားသည်ဟု ပြောကြားသည်။

အလုပ်သမားပါတီမှ ဒုတိယဥက္ကဌ ရီဆူယောင်က နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာဟန်ရှိသည်။

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးလုပ်ဆောင်ချက်များကြောင့် နှစ်နိုင်ငံဆက်ဆံရေးက အနည်းငယ်တင်းမာခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က နျူကလီးယားစီမံကိန်းကို ရပ်တန့်လိမ့်မည်မဟုတ်ဟု ပြောကြောင်း ရီက ဆိုသည်။

မြောက်ကိုရီးယား KCNA နိုင်ငံပိုင်သတင်းဌာနက နျူကလီးယားစီမံကိန်းလုပ်ငန်းစဉ်များနှင့်အတူ စီပွားရေးဖွံ့ဖြိုးမှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဟု ခေါင်းဆောင်ကင်ဂျုံးအွန်က သံန္ဒဌာန်ချထားကြောင်း ဖော်ပြသည်။

တရုတ်ဆင်ဟွာသတင်းက မြောက်ကိုရီးယား၏ နျူကလီးယားဆက်လုပ်ဆောင်မည်ဆိုသည်အပေါ် မည်သည်ထင်မြင်ချက်မှ တင်ပြခြင်းမရှိသော်လည်း ကင်ဂျုံးအွန်က တရုတ်နှင့် ပိုမိုအနီးကပ်ဆက်ဆံရေးကို တည်ဆောက်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly